M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Eve Hewson

Bridge of Spies (2015) 7.6
Bridge of Spies (2015) ဒုတိယကမ္ဘာစစ်အပြီး အချိန် ဆိုဗီယက်ပြည်ထောင်စုအင်အားကောင်းနေချိန် ဂျာမနီမှာ အုပ်ချုပ်မှုကိစ္စရှုပ်ထွေးနေချိန် အရှေ့ဂျာမနီ အနောက်ဂျာမနီခွဲခြားပြီး ဘာလင်တံတိုင်းကြီးဆောက်နေချိန် အမေရိကန်တို့ရဲ့ သြဇာကြီးမားနေတဲ့ဆိုဗီယက်အပေါ်စိုးရိမ်မှုကြီးထွားနေချိန် စစ်အေးကာလအရှိန်မြင့်တက်နေဆုံးအချိန် အမေရိကန်ပြည်သူတွေစိတ်ထဲ ဆိုဗီယက်ကအမေရိကန်ကိုအနုမြူဗုံးကျဲမယ်လို့ အထင်ရောက်နေတဲ့အချိန် သမရိုးကျစစ်မှ ဘက်ပေါင်းစုံစစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်နေတဲ့အချိန်ဒီလိုအမှားအယွင်းမခံနိုင်တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံ၂ခုရဲ့ အင်အားချိန်ခွင်မျှနေတဲ့အချိန်မှာဆိုဗီယက်တို့ရဲ့ နျူးကလီးယားစွမ်းအင်တွေကိုထောက်လှမ်းဖို့အမေရိကန်တို့ရဲ့နောက်ဆုံးပေါ် ယူ၂ လေယဉ်တွေက ဆိုဗီယက်ပိုက်နက် ပေ ၇၀၀၀၀ အထက်က ထောက်လှမ်းဖို့စေလွှတ်ခဲ့တယ်ပေ ၇၀၀၀၀ ဆိုတဲ့အမြင့်ပေကအဲဒီ့ခေတ်အခါက လေယဉ်မှူးတွေတောင်မယုံလောက်အောင်ပျံနိုင်တဲ့အမြင့်ပေထူးခြားတာက ဒီစစ်ဆင်ရေးကိုဦးဆောင်တာက စီအိုင်အေဖြစ်ပြီးတော့ စစ်တပ်က သတင်းစစ်ဆင်ရေးအတွက်အချက်အလက်တွေစုဆောင်းပေးရတဲ့စစ်ဆင်ရေးမျိုး ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်လေတပ်ဗိုလ်ပါဝါတယောက်လဲပါဝင်ခဲ့တယ် မိဘဆွေမျိုးချစ်သူမပြောနဲ့စစ်ဆင်ရေးခန်းကထွက်တာနဲ့ဒီသတင်းကို အကောင်အထည်ဖော်ဖို့ပဲအာရုံထားခိုင်းပြီး အထူးလျှို့ဝှက်ထားခဲ့တယ် ဒါတင်မကဘူး ဒီစစ်ဆင်ရေးမှာပါတဲ့လူတွေက အဖမ်းခံခွင့်မရှိဘူး လေယဉ်ကိုဆိုဗီယက်တွေမိသွားခွင့်မရှိဘူး မိသွားခဲ့ရင်တောင်ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ထောင့်စေ့အောင်စီစဉ်ခဲ့တယ်ကံမကောင်းစွာနဲ့ပဲ ဗိုလ်ပါဝါရဲ့လေယဉ်ဟာပစ်ချခံရပြီးအဖမ်းခံခဲ့ရတယ်……..သတင်းစစ် စစ်အေးကာလဖြစ်တဲ့အလျောက် ဆိုဗီယက်တို့ကလဲ အမေရိကန်ထဲကိုသူလျှိုတွေကိုကေဂျီဘီအဖွဲ့အုပ်ချုပ်မှုအောက်ကနေပြီးတန်ပြန်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ် ဒီနေရာမှာဗိုလ်မှူးကြီး ရူးဒေါ့ဖ်အေဗယ်လဲအပါအ၀င်ပေါ့ရူးဒေါ့ဖ်အေဗယ်လဲ အမေရိကန်တန်ပြန်ထောက်လှမ်းရေးလက်ထဲကိုရောက်သွားတဲ့အခါ……ဗိုလ်ပါဝါလေယဉ်ပျက်ကျခဲ့တာကိုအမေရိကန်တို့အနေနဲ့ နာဆာက မိုးလေ၀သတိုင်းတာတဲ့လေယဉ်ပျောက်ဆုံးသွားပြီဆိုပြီးသတင်းဖြန့်ခဲ့သလို ဆိုဗီယက်တို့ကလဲ ပါဝါ့ကိုအခမ်းအနားထုတ်ပြီးသူလျှိုဖမ်းမိကြောင်းကြေငြာခဲ့တယ်တဆက်ထဲမှာပဲ ဆိုဗီယက်သြဇာကြီးထွားနေတဲ့ အရှေ့ဂျာမနီကိုအမေရိကန်တို့ကအသိအမှတ်မပြုခဲ့သလို အမေရိကန်နိုင်ငံသားမည်သူမဆိုလက်ထဲလမ်းပြမြေပုံကိုင်မိရင်တောင် သူလျှိုလို့ဖမ်းဆီးခံနေရတဲ့အရှေ့ဂျာမနီမှာ အမေရိကန်ကျောင်းသားတယောက်ပရိုင်ရာဟာသူလျှိုမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်…… ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ ပြစ်မှုအတွေ့အကြုံကောင်းရှိတဲ့အာမခံရှေ့နေတယောက်က အမေရိကန်တနိုင်ငံလုံး ကန့်ကွက်နေတဲ့ကြားက သူလျှိုအတွက်လျောက်လဲချက်တင်ဖို့တာဝန်ပေးခြင်းခံရတယ် သူ့မိသားစုဟာဒီလုပ်ရပ်အတွက် ချောင်းမြောင်းလုပ်ကြံခံရပေမယ့်အသက်အန္တရာယ်တစုံတခုမကျရောက်ခဲ့ဘူး ရဲတွေကအစဒီလုပ်ကြံမှုကိုမျှတတယ်လို့မပြောယုံတမယ် ကန့်ကွက်နေတဲ့ကြားက ...
7.6
IMDB: 7.6/10 263,766 votes
movie

Bridge of Spies (2015)

2015
Blu-ray 1080p
Papillon (2017) 7.1
Papillon (2017) Papillon (2017) သည် IMDb 7/10 Rotten Tomatoes 53% Metacritic 52% Google users 92% ဒါရိုက်တာ Michael Noer ရိုက်ကူးထား၍ Aaron Guzikowski, Henri Charrière တို့က "Papillon" and "Banco" စာအုပ်တွေကို မှီငြိမ်း၍ ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Charlie Hunnam, Damijan Oklopdzic, Christopher Fairbank တို့ ပါဝင်သရုပ်ဆောင်ထားသော Crime , Drama , Mystery ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… လူသတ်မှုတစ်ခုတွင် မှားယွင်းအဖမ်းခံရကာ တစ်သက်တစ်ကျွန်းအပို့ခံရတဲ့အခါ ပိုက်ဆံပေါသော သူ့လို တစ်သက်တစ်ကျွန်းပို့ခံရတဲ့သူနဲ့ မိတ်ဆွေဖွဲ့ကာ ဆိုးဝါးလွန်းတဲ့ ကျွန်းကနေ ဘယ်လို လွန်မြောက်အောင် ကြိုးစားမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…. Credit - ...
7.1
IMDB: 7.1/10 27,536 votes
movie

Papillon (2017)

2017
Blu-ray 1080p
Robin Hood (2018) 5.3
Robin Hood (2018) ပရိတ်သတ်ကြီးဒီတစ်ခါမှာတော့ ၂၀၁၈ ကမှထွက်ရှိထားတဲ့ Robin Hood ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးတော့မယ်နော်။ Robin Hood ဆိုတာနဲ့ငယ်ငယ်ကနားထောင်ခဲ့ရတဲ့ပုံပြင်လေးကိုပြေးမြင်ပါလိမ့်မယ်။ဒါပေမယ့် ဒီကားလေးကတော့ကြားဖူးခဲ့တဲ့ပုံပြင်တွေနဲ့တော့ အနည်းငယ်ကွာဟနေပါတယ် ။ ဒီကားလေးဟာ ရော်ဘင်ဟုဒ် ဆိုတာထက်စာရင် သူ့ငယ်ဘဝ ကစပြီးကြုံတွေ့ရတဲ့အတွေ့အကြုံတွေရဲ့ အကြောင်းကိုပြသထားတယ်လို့ခံစားမိပါတယ် ။ သူ့ဆရာဖြစ်သူဂျွန် နဲ့တွေ့ဆုံပြီး ဘာတွေဘယ်လိုသင်ကြားခဲ့ရတယ် ။ တောပုန်းမဖြစ်လာခင်မှာ ဘာတွေဘယ်လိုဖြစ်ခဲ့တယ် ။ သူဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဇာတ်လမ်းရိုက်ကွက်ပေါင်းဆုံ ဖန်တီးမှုပေါင်းဆုံနဲ့တင်ဆက်ထားကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ သူ့ရဲ့ကိုယ်ကျိုးစွန့်လုပ်ရပ်တွေကိုဆက်လက် ကြည့်ရှုပြီး အပန်းဖြေလိုက်ကြပါဦးနော်
5.3
IMDB: 5.3/10 19,731 votes
movie

Robin Hood (2018)

2018
Blu-ray 1080p