M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Ian Gabriel Dumdum

Bohemian Rhapsody (2018) 8.1
Bohemian Rhapsody (2018) Unicode လန်ဒန်မြို့ရဲ့ အထင်ကရအသံသွင်းစတူဒီယိုတခုမှာ ပီယာနိုအကြီးကြီးတလုံးနဲ့အတူ အလုပ်ရှုပ်နေသူက Freddie Mercury ။ သူက ဒီပီယာနိုအကြီးကြီးကို သိပ်သဘောကျတာ။ Bechstein တံဆိပ် Grand Piano ကြီးပေါ်မှာ စာရွက်အတိုအပိုင်းအစလေးတွေ အများကြီးပွစာကြဲနေတယ်။ Freddie တယောက် ပီယာနိုကိုနည်းနည်းတီးလိုက်၊ သီချင်းစာသားတချို့ချရေးလိုက်ပေါ့။ ခက်တာက သူရေးနေတဲ့ သီချင်းက အပိုင်းပိုင်းပြတ်နေတာ။ အဲဒီကို control room ထဲမှာရှိတဲ့ Queen ဝိုင်းသားတွေက စိတ်ရှည်လက်ရှည်ထိုင်ကြည့်နေတာ။ ဘာမှ ဝင်မပြောဘူး။ တခုပဲသိချင်တာ သီချင်းသံစဉ်တွေက ဘာလို့အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေလဲဆိုတာကို သူတို့သိပ်သိချင်တယ်။ Freddie ကြီးရေးနေတဲ့သီချင်းနာမည်က Bohemian Rhapsody တဲ့။ သီချင်းကိုစလယ်ဆုံးဖန်တီးသူက Freddie Mercury ပါပဲ။ သူ့အတွက်ဒီသီချင်းက အရမ်းအရေးကြီးတယ်။ ဒါကြောင့် ခါတိုင်းသီချင်းရေးသလိုမဟုတ်ပဲ ဘယ်သူ့မှ မတိုင်ပင်ပဲ ကိုယ့်ဖာသာရေးတယ်။ သူ့အတွက်အရမ်း ကိုယ်ရေးကိုယ်တာဆန်လွန်းလို့။ ဒီသီချင်းဖွဲ့စည်းပုံကိုက အတော်လေးဆန်းကျယ်တယ်။ သီချင်းက ၆ မိနစ်လောက်ရှည်ပေမယ့် သံပြိုင်အပိုဒ်မပါဘူး။ အင်ထရို၊ ...
8.1
IMDB: 8.1/10 271,569 votes
movie

Bohemian Rhapsody (2018)

2018
Blu-ray 1080p