M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Ian Matthews

Flashback (2021) 5.9
Flashback (2021) Unicode ဒီဇာတ်လမ်းကိုတော့ Maze Runners ဇာတ်ကားတွေနဲ့ လူသိများတဲ့မင်းသား ဒိုင်လန် အို ဘရိုင်ယန်က သရုပ်ဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သာမန်ဝန်ထမ်းလေးတစ်ယောက်ကအထက်တန်းကျောင်းက သူငယ်ချင်းကောင်မလေးတစ်ယောက်ကို သတိရပြီး ပြန်သွားရှာကြည့်မိတာလေးပါပဲ။ ဒီဇာတ်လမ်းလေး ပြချင်တဲ့ သဘောတရားလေးကလဲ ရိုးရှင်းပါတယ်။အရှိတရားဆိုတဲ့အကြော်င်းလေးပေါ့။ကျွန်တော်တို့တွေ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုဖြစ်တည်နေလဲဆိုတာကိုယ့်ကိုယ်ကိုယ့် သိဖို့ ခံစားကောက်ချက်ချရတဲ့ အာရုံလေးတွေရှိတယ်ပေါ့ဗျာ။ဥပမာ အမြင်တွေ၊ အကြားတွေ၊ ပုံစံတွေ၊ အရောင်တွေ၊ ပတ်ဝန်းကျင်က အချက်အလက်အားလုံးတွေပေါ့။အဲဒီအချက်အလက်အားလုံးကို အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အချိန်ဆိုတာလေးနဲ့ ချိတ်ဆက်ပြီး ကောက်ချက်ချလိုက်တာဗျာ။ဥပမာ ကျွန်တော်က အခု ညဘက် ၁၀ နာရီ ခွဲမှာ ဒီအညွှန်းကို ထိုင်ပြီး ရေးနေတယ်ပေါ့။ဒါကို ကျွန်တော်ခံစားမိပြီး သိနိုင်တယ်ဗျာ။ ဒါပေမယ့် နောက်တစ်နာရီနေရင် ကျွန်တော်အိပ်ရာထဲကိုရောက်နေတာကိုပဲ ခံစားသိတော့မယ်။အခု စာထိုင်ရေးနေတာက မှတ်ဉာဏ်အဖြစ် ကျန်နေနိုင်ပေမယ့် လက်ရှိအချိန်အဖြစ် မခံစားနိုင်တောဘူး။လက်ရှိအချိန်ဆိုတာ ပြောင်းလဲသွားခဲ့ပြီ။ အတိတ်အချိန်အဖြစ် စက္ကန့်တိုင်းပြောင်းလဲသွားနေတယ်။ဘာလို့လဲ? ကျွန်တော်တို့က အချိန်နဲ့အချက်အလက်အားလုံးကို မျဥး်ဖြောင့်အတိုင်းပဲ ရှုမြင်ခံစားနိုင်လို့ပေါ့။ဒါကြောင့် ခင်ဗျားဟာ ၂၀၂၁ ကို ...
5.9
IMDB: 5.9/10 1130 votes
movie

Flashback (2021)

Blu-ray 1080p