M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Jeon Kuk-hwan

M-Sub Movie Channel
Silenced (2011) 8.1
Silenced (2011) မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချို့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။ . ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့်ဒါဟာ တကယ့်အဖြစ်အပျက်ကိုရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကိုဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။. ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ဆွံအနားမကြားကျောင်းတစ်ကျောင်းကအဖြစ်ကို အခြေခံထားတာဖြစ်တယ်။၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာအမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။Gwangju က ဆိုးလ်မြို့နဲ့ ...
8.1
IMDB: 8.1/10 8,352 votes
movie

Silenced (2011)

2011
Blu-ray 720p
Dark Figure of Crime (2018) 6.6
Dark Figure of Crime (2018) Dark Figure of Crime ဆိုတာ မှုခင်းဆိုင်ရာ ဝေါဟာရတစ်ရပ်ဖြစ်ပြီး တရားခံမပေါ်တဲ့အမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ Serial Killer တစ်ယောက်နဲ့ ရဲစုံထောက်တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအားပြိုင်မှုကို ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း ပုံဖော်တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ Criminal Thriller ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားလို့ သေချာပေါက်ပြောရဲပါတယ်။ ဇာတ်ကောင်တွေနဲ့အတူ စီးမျောလိုက်ပါခံစားရင်း အမှန်တရားက မျက်စိရှေ့တည့်တည့်မှာ ရှိနေတာတောင် သက်သေပြခွင့်မရတဲ့ အဖြစ်အပျက်တွေ၊ Serial Killer တစ်ယောက်ရဲ့ စိတ်နေသဘောထား အပြုအမူတွေ၊ တရားဥပဒေစိုးမိုးရေးရဲ့ ယိုပေါက်ဟာပေါက်တွေကို စုတ်တသပ်သပ် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ မူးယစ်ရဲဌာနက စုံထောက်ကင်ဟျောင်မင်းဟာ ဆေးသမားတစ်ယောက်ရဲ့ အကူအညီနဲ့ ကန်တေးအိုဆိုသူကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ့ကန်တေးအိုက အပိုင်းပိုင်းခုတ်ဖြတ်ထားတဲ့ အလောင်းတစ်လောင်းကို သူကိုယ်တိုင်မြုပ်ခဲ့ရကြောင်း၊ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်တုန်းက သူများခိုင်းလို့ လုပ်ခဲ့ရတာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက် စကားပြောလို့မပြီးခင် လူသတ်မှုစုံစမ်းရေးဌာနက ရဲတွေရောက်လာပြီး ...
6.6
IMDB: 6.6/10 615 votes
movie

Dark Figure of Crime (2018)

2018
HD-Rip 1080p
I Saw the Devil (2010) 7.8
I Saw the Devil (2010) ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min‑sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့ Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ IMDb Rating(7.8/10) နဲ့ Rotten Tomatoes (80%) တောင်ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့....  Special Agent တယောက် – လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် – ချစ်သူရဲ့ အဖေ က ရဲအရာရှိ – သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ …. ငါ ဘာလုပ်ပေးရ ပေးရ – Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး – မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှ လူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆိုတာ – အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ– – – – – – တစ်ခုတော့ရှိတယ်.. Family Show မရပါဘူးခင်ဗျ.. သွေးသံရဲရဲတွေ ၊ စိတ်ခြောက်ခြားစရာအခန်းတွေ ...
7.8
IMDB: 7.8/10 91,667 votes
movie

I Saw the Devil (2010)

2010
Blu-ray 1080p