M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Kim Jong-su

M-Sub Movie Channel
Dark Figure of Crime (2018) 6.6
Dark Figure of Crime (2018) Dark Figure of Crime ဆိုတာ မှုခင်းဆိုင်ရာ ဝေါဟာရတစ်ရပ်ဖြစ်ပြီး တရားခံမပေါ်တဲ့အမှုတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ Serial Killer တစ်ယောက်နဲ့ ရဲစုံထောက်တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအားပြိုင်မှုကို ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း ပုံဖော်တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ Criminal Thriller ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားလို့ သေချာပေါက်ပြောရဲပါတယ်။ ဇာတ်ကောင်တွေနဲ့အတူ စီးမျောလိုက်ပါခံစားရင်း အမှန်တရားက မျက်စိရှေ့တည့်တည့်မှာ ရှိနေတာတောင် သက်သေပြခွင့်မရတဲ့ အဖြစ်အပျက်တွေ၊ Serial Killer တစ်ယောက်ရဲ့ စိတ်နေသဘောထား အပြုအမူတွေ၊ တရားဥပဒေစိုးမိုးရေးရဲ့ ယိုပေါက်ဟာပေါက်တွေကို စုတ်တသပ်သပ် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ မူးယစ်ရဲဌာနက စုံထောက်ကင်ဟျောင်မင်းဟာ ဆေးသမားတစ်ယောက်ရဲ့ အကူအညီနဲ့ ကန်တေးအိုဆိုသူကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ့ကန်တေးအိုက အပိုင်းပိုင်းခုတ်ဖြတ်ထားတဲ့ အလောင်းတစ်လောင်းကို သူကိုယ်တိုင်မြုပ်ခဲ့ရကြောင်း၊ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်တုန်းက သူများခိုင်းလို့ လုပ်ခဲ့ရတာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက် စကားပြောလို့မပြီးခင် လူသတ်မှုစုံစမ်းရေးဌာနက ရဲတွေရောက်လာပြီး ...
6.6
IMDB: 6.6/10 615 votes
movie

Dark Figure of Crime (2018)

2018
HD-Rip 1080p
The Drug King (2018) 5.7
The Drug King (2018) လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်….. ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….. ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး…..အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်… သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား …ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ… ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား…အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ… ကိုင်း ခံစားကြည့်လိုက်ပါဦး…. မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့  ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ… ဇာတ်လမ်းအညွှန်း  SCRN ပဲဖြစ်ပါတယ်…
5.7
IMDB: 5.7/10 89 votes
movie

The Drug King (2018)

2018
HD-Rip 1080p
1987: When the Day Comes (2017) 7.8
1987: When the Day Comes (2017) 2017ကထွက်ရှိထားပြီး IMDb 8.2/10 , My dramalist 9.1/10ထိရရှိထားတဲ့ တော်လှန်ရေးအကြောင်းရိုက်ပြထားတဲ့Movie ကောင်းလေးပါ 1987 When the days come ဆိုတဲ့ဇာတ်ကားဟာတောင်ကိုရီးယားနိုင်ငံရဲ့ 1987 ခုနှစ်ရဲ့ တိုက်ရိုက် ရွေးကောက်ပွဲမတိုင်ခင် စစ်အာဏာရှင်အုပ်ချူပ်ရေးကို မလိုလားကြသူများရှိနေပြီး……… အဲ့မလိုလားတဲ့ကျောင်းသားအဖွဲ့တွေအပါအဝင် နိုင်ငံအတွင်းမှာတခြားလျှို့ဝက်အဖွဲ့အစည်းတွေပေါ်ပေါက်လာပါတယ် အာဏာရှင်အုပ်ချုပ်ရေးကိုမကျေနပ်လို့ကျောင်းသားတွေဆန္ဒပြကြရာမှာ ဆိုးလ်တက္ကသိုလ်ကျောင်းသား တစ်ဦးကို ရဲဘက်က စစ်ဆေးမေးမြန်းခဲ့ရာ လက်လွန်သေဆုံးသွားခဲ့ပါတယ်ဒါပေမယ့်အစိုးရဘက်ကနလုံးရပ်ခြင်းကြောင့်သေဆုံးခြင်းဖြစ်တယ်လို့ ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ် ဒါပေမယ့်အဲ့သေဆုံးမှုကို သတင်းထောင်တွေနဲ့ အစိုးရရှေ့နေတွေ ပူးပေါင်းဖော်ထုတ်ကြပုံများကို အကျယ်တပြန့်ရိုက်ကူးထားသလို ……….အမိန့်အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြတဲ့ ရဲဝန်ထမ်းတွေရဲ့ အဆုံးသတ်ကိုလည်း ရိုက်ကူးထားပြီး ကြည့်ရူသင့်တဲ့ဇတ်လမ်းကောင်းတစ်ပုဒ်ပါ ခင်ဗျာ…..ကျောင်းသားတွေရဲ့စစ်မှန်တဲ့စုပေါင်းချီတက်ဆန္ဒပြကြမူတွေလည်းထည့်သွင်းရိုက်ကူးထားပြီး ….. မျှတတဲ့ ဥပဒေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရမချင်း ဆက်လက်တိုက်ပွဲဝင်သွားကြမှာဖြစ်ကြောင်းလည်း ရိုက်ကူးထားပုံကကြည့်ရူ့သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါခင်ဗျာ Credit Review
7.8
IMDB: 7.8/10 1,865 votes
movie

1987: When the Day Comes (2017)

2017
Blu-ray 1080p