M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Lara Grice

Body Cam (2020) 5.2
Body Cam (2020) Unicode ဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . .ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီးပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါတယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦးတည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲအကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာက တိတ်တဆိတ်မတရားမှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ IMDb Rating 5.2ပေမယ့် . အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးမို့လို့ ကြည့်ပါလို့ ...
5.2
IMDB: 5.2/10 1213 votes
movie

Body Cam (2020)

Web-dl 1080p
Logan (2017) 8.1
Logan (2017) Unicode X-men ရုပ်ရှင်တွေထဲက Wolverine သို့မဟုတ် Logan မင်းသားရဲ့ နောက်ဆုံးဇာတ်ကား လာပါပြီ။ ဒီကားဟာ IMDb 8.5 ထိရရှိထားတဲ့ စူပါဟီးရိုးရုပ်ရှင်ပါ။ ပထမဆုံး Hugh Jackman ရဲ့ R-rated x-men ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းနည်းနည်း ပြောပြပါ့မယ်။ ၂၀၂၉ ခုနှစ်ကာလ၊ mutant ဆိုတာ မျိုးတုန်းသွားပြီလို့ လူတွေ ယုံကြည်လာကြတဲ့ ကာလ၊ ဘယ်သူမှ သူတို့ကို စကားထဲထည့်မပြောကြတော့တဲ့ကာလ။ Logan ဟာ အသက်ကြီးရင့်နေပါပြီ၊ ပြဿနာအားလုံးနဲ့ ဝေးအောင်နေပြီး အသက်ရှင်နေထိုင်ဖို့အတွက်ပဲ ရုန်းကန်နေရတဲ့သူ၊ သေမယ့်နေ့ကို မြန်မြန်ရောက်ချင်နေတဲ့သူတစ်ယောက်ပါ။ စွမ်းအားတွေကို မထိန်းသိမ်းနိုင်တော့တဲ့၊ အသက်အရွယ်အလွန်အိုမင်းနေပြီ နောင်တတွေနဲ့ ပြည့်နေတဲ့ ပရော်ဖက်ဆာ X ကိုလည်း Logan ကပဲ စောင့်ရှောက်ထားရပါတယ်။ ဒီလိုနဲ့ သူတို့ဘဝထဲကို ငယ်ရွယ်တဲ့ ကလေးမလေး လော်ရာဟာ ပြဿနာတွေသယ်ယူပြီး ရောက်ရှိလာခဲ့တဲ့ ...
8.1
IMDB: 8.1/10 601987 votes
movie

Logan (2017)

Blu-ray 1080p
The Whole Truth (2016) 6.2
The Whole Truth (2016) အမေရိကန် အမျိုးသမီးဒါရိုက်တာ Courtney hunt ရိုက်ကူးထားပြီး ဟောလိဝုဒ်နဲ့ဆိုလျှင် အလွန် နည်းကျဉ်းသောစရိတ်နဲ့ ရိုက်ကူးထားလေ၏ မြန်မာတို့အကြိုက် မင်းသားကြီး Keanu Reevesခေါင်းဆောင် ပါဝင်ထားပြီး box office မှာ ထုတ်လုပ်မှု စရိတ်ထက် များစွာ သာသော ငွေကြေးပမာနကိုလဲ ရရှိခဲ့ပါသည်တစ်ကားလုံး တရားရုံး ဆက်တင်နဲ့ အိမ်အခန်း အနည်းကျဉ်း သာ အသုံးပြုထားပြီး သရုပ်ဆောင်မှု ဒါရိုက်တာရဲ့ စွမ်းရည်ပြသထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် မှာ နာမည်ကျော် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ လေ၏ နာမည်ကြီး ရှေ့နေတစ်ယောက်က သူ၏ သူငယ်ချင်းသတ်ခံရသောအမှုကို လူသတ်သမား အသတ်ခံရသူ၏ သားဘက်မှ အမှုလိုက်ပေးသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ လူသတ်သမား ထောင်ကျ မလား လွတ်သွားမလားဆိုတာကိုတော့ …………… Credit - Review
6.2
IMDB: 6.2/10 19,025 votes
movie

The Whole Truth (2016)

2016
Blu-ray 1080p
American Animals (2018) 7.0
American Animals (2018) ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာကအတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ်ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ်IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူးအကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်ကတကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ်ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာသန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါသူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေကသူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲအတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်ကပြန်ပြောပြထားပါတယ်….ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှမကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံး (ဇာတ်လမ်းအညွှန်း Thit ...
7.0
IMDB: 7.0/10 25,986 votes
movie

American Animals (2018)

2018
Blu-ray 1080p