M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Michael Rispoli

Cherry (2021) 6.6
Cherry (2021) Unicode Marvel ရဲ့လက်ရှိ Spider-Man မင်းသားငယ်အဖြစ် လူသိများတဲ့ Tom Holland ရဲ့ စူပါဟီးရိုးမဟုတ်တဲ့ ဒရမ်မာဇာတ်လမ်းသစ်လေးပါ။ အမြဲတမ်း လူငယ်ဆန်ဆန်အရွှမ်းဖောက်တဲ့ ဇာတ်ကောင်တွေနဲ့ တွေ့ရများခဲ့တဲ့ တွမ်ကို ဒီတစ်ခါမှာတော့ (အရင်ထက်စာရင် နည်းနည်း) လူကြီးဆန်ဆန် တည်တည်တံ့တံ့တွေ့ရမှာပါ။ အဲဒါတောင် ဒရမ်မာချိုးတဲ့ ဇာတ်၀င်ခန်းတွေထဲမှာ ဟာသဆန်ဆန်ဇာတ်၀င်ခန်းတွေလည်း ဖောက်ထားပါသေးတယ်။ စစ်ပြန်လူငယ်တစ်ဦးဖြစ်တဲ့ Cherry ဟာ စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ ကြောက်မက်ဖွယ်အတွေ့အကြုံတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုကို ခံစားနေရသူပါ။ သူနဲ့ သူ့ချစ်သူ Emily ဟာ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကို အံတုရင်ဆိုင်ဖို့ကြိုးစားရင် လမ်းမှားရောက်ခဲ့ကြပါတယ်။ အဲဒါကတော့ သူတို့နှစ်ဦးလုံး မူးယစ်ဆေးရဲ့သားကောင်တွေအဖြစ် ရုန်းမထွက်နိုင်အောင် ငြိတွယ်သွားကြပါတယ်။ ဆေးရဖို့အတွက် ပိုက်ဆံရှာဖို့နည်းလမ်းရှာရင်း Cherry တစ်ယောက် ဘဏ်တွေမှာ ဓားပြလိုက်တိုက်တဲ့အထိ ဆိုးရွားလာခဲ့ပါတယ်။ သူတို့နှစ်ဦး မူးယစ်နွံထဲကနေ ရုန်းထွက် နိုင်ပါ့မလား။ နောက်ဆုံး သူတို့ရဲ့ကံကြမ္မာဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို အချစ်၊ အလွမ်း၊ ဟာသ၊ ဒရမ်မာနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပါ။ အရင်က တွမ်ရဲ့ ပေါ့ပေါ့ပါးပါးသရုပ်ဆောင်ပုံကိုသာ ...
6.6
IMDB: 6.6/10 9532 votes
movie

Cherry (2021)

Web-dl 1080p
Pain & Gain (2013) 6.4
Pain & Gain (2013) Unicode ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)သည်သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်။ သူသည်သည့်ထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်၊ သူသည် do-er တစ်ယောက်ဖြစ်သည်ဟု သူ့ဘာသာသူခံယူထားသည်။ သည်တွင်သူ့ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်ပေးနေရသော နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲရန်။ သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder, Adrien Doorbal (Anthony Mackie)၊ ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ဆွဲသွင်းနိုင်ခဲ့သည်။ သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ လိုအပ်သည်ကိုရအောင်ယူနိုင်ခဲ့ပါသည်။ သို့သော်မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ၊ အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အမှောင်မိုက်ဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြတော့သည်။ ဤကားတွင် Dwayne Johnson ကိုအူကြောင်ကြောင်ဇာတ်ရုပ်အဖြစ်အသက်သွင်းထားသည်မှာ ဟာသမြောက်ပါသည်။ ကျန်သောဇာတ်ကောင်စရိုက်နှစ်မျိုးကလည်းသူ့ဟာနှင့်သူတော့ အူကြတာပါပဲ။ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိကြသောကြောင့်လည်း ခါးသီးသောအကျိုးဆက်ကိုသူတို့ခံစားကြရခြင်းဖြစ်သည်။ တွေးကြည့်လျှင် ကရုဏာသက်စရာဖြစ်သော်လည်း Director Michael Bay ကတော့ထေ့ချင်ပြုံးချင်စရာဖြစ်အောင်သာ ရိုက်ပြထားသည်။ တင်ပြပုံကလည်းသူ့အရင်ဇာတ်ကားများနှင့်ကွဲပြားသည်။ ...
6.4
IMDB: 6.4/10 199859 votes
movie

Pain & Gain (2013)

Blu-ray 1080p