M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

Morgan Freeman

The Dark Knight Rises (2012) 8.4
The Dark Knight Rises (2012) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ ...
8.4
IMDB: 8.4/10 1,395,935 votes
movie

The Dark Knight Rises (2012)

2012
Blu-ray 1080p
Batman Begins (2005)
Batman Begins (2005) June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ ...
IMDB: /10 votes
movie

Batman Begins (2005)

Blu-ray 1080p
Wanted (2008) 6.7
Wanted (2008) ၀ီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့  သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့ မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့ မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ ရဲ့ အတူနေချစ်သူက သူ့ အပေါ်သစ္စာမရှိပဲ သူရဲ့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့  ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့ အတူ သူ့ ချစ်သူအတွက် သန္ဓေတားဆေးပါ ၀ယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ … ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ ဆုံခဲ့တယ် ဖော့(စ်) က ၀ီစလေရဲ့ ဖခင် ကို သူမ သိကြောင်း ယမန် နေ့ ညက သူ့ အဖေ အသတ်ခံရကြောင်းနဲ့  ...
6.7
IMDB: 6.7/10 340,231 votes
movie

Wanted (2008)

2008
Blu-ray 1080p
The Sum of All Fears (2002) 6.4
The Sum of All Fears (2002) ဒီကားမှာပါဝင်သရုပ်ဆောင်ထားတာက Ben Affleck, Morgan FreeYman, တို့ဆိုပေမယ့် imdb အနေအထားအရအားမရချင်သလိုဖြစ်မိတော့ စိတ်မပါသလိုကြည့်မိတယ်….သို့သော် ကျွန်တော့် အထင်အနဲ့အမြင် ဟာ ၁၀ မိနစ်တောင်မခံပါဘူး ..ကားက စကထဲက စိတ်ဝင်စားစရာတွေဆွဲခေါ်သွားတယ်….ဒီကားထဲမှာ morgan freeman က စီအိုင်အေဒါရိုက်တာ…Ben Affleck က သမိုင်းပညာရှင်….တစ်နေ့ ရုရှားသမ္မတ ရုတ်တရက်ဆုံးသွားတော့ သမ္မတသစ်တက်လာတယ်….အမေရိကန်သမ္မတက ရုရှားသမ္မတသစ်တက်တယ်ဆိုတော့ သမ္မတသစ်ရဲ့အခြေအနေကို သိလိုတယ်…ဒါကြောင့် စီအိုင်အေဒါရိုက်တာကရုရှားကိုသွားတယ် …သွားတဲ့နေရာမှာ ရုရှားခရီးစဉ်အဆင်ပြေစေဖို့ နောက်တက်မယ့် ရုရှာ သမ္မတအကြောင်းရေးသားတာမှန်နေတဲ့ စာရေးဆရာ Ben Affleckကိုခေါ်သွားတယ်..…သူတို့ခရီးစဉ်ကပြန်လာပြီး သိပ်မကြာဘူး အမေရိကန်မှာ မမျှော်လင့်ဘဲ နျူကလီးယားဗုံး တစ်လုံးမြို့တစ်မြို့မှာပေါက်သွားတယ်…...ကိုင်းဆက်ပြောရင် spoilerဖြစ်သွားမို့စိုးလို့ ခံစားကြည့်လိုက်ပါဦးလို့…သေချာတယ်ခင်ဗျားတို့ ဒီကားကြည့်ပြီးရင် IMDb…6.4ကို နည်းလိုက်တာလို့ရေရွတ်မိမှာသေချာတယ်… Credit Review
6.4
IMDB: 6.4/10 97,070 votes
movie

The Sum of All Fears (2002)

2002
Blu-ray 1080p
The Lego Movie (2014) 7.8
The Lego Movie (2014) သာမန်ဆောက်လုပ်ရေးလုပ်သားလေး အန်းမက်ဟာပုံမှန်သမားရိုးကျအတိုင်းနေထိုင်တတ်သူဖြစ်ပြီးညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကိုအတိအကျလိုက်နာတတ်သူ စာအုပ်ကြီးသမားဖြစ်ပါတယ်…တစ်နေ့မှာတော့ သူဟာ ကမ္ဘာကြီးကိုကယ်တင်ပေးနိုင်မယ့် ပစ္စည်းအပိုင်းအစတစ်ခုကိုမတော်တဆရှာဖွေတွေ့ရှိမိရာမှ ဒဏ္ဍာရီလာသူရဲကောင်းအဖြစ်မှားယွင်းယုံကြည်ခြင်းခံရပါတော့တယ်…ဒါပေမယ့်သူဟာ ဘာကိုမှမတီထွင်တတ်သူဖြစ်တဲ့အတွက်သူဦးဆောင်ရမယ့်သူရဲကောင်းအမျိုးမျိုး Batman,Superman တို့ကြားမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်…အဲ့ဒီလိုအခြေအနေကြားထဲမှ အန်းမက်ဟာ ဘယ်နည်းဘယ်ပုံနဲ့ အားလုံးကိုဦးဆောင်နိုင်မယ်ဆိုတာတွေကမ္ဘာကြီးကိုကယ်တင်နိုင်မယ်ဆိုတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ…ချစ်စရာAnimationတွေ နဲ့ဒီmovieလေးဟာ ကိုယ်တွေရဲ့နေ့စဉ်လူနေမှုဘဝကိုထင်ဟပ်နေပြီးလူတိုင်းဟာ အသီးသီးထူးခြားကြပြီးသူရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းမီးမောင်းထိုးပြထားပါတယ်… Credit Review
7.8
IMDB: 7.8/10 304,932 votes
movie

The Lego Movie (2014)

2014
Blu-ray 1080p
RED (2010) 7.1
RED (2010) ဒီတစ်ခါတော့ အက်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ကိုရင်ထဲထိစေမယ့် Red ဆိုတဲ့ အက်ရှင်ရိုမက်တစ်ဇာတ်ကြမ်းကားလေးနဲ့မိတ်ဆက်ပေးပါရစေ Red ဆိုတာကတော့ Retire: Extremely Dangerous ရဲ့အတိုကောက်ပါ အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာပါ အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားလေးရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဘယ်လိုပါဝင်ထားကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဒီထဲမှာ သူတို့ကိုသတ်ဖို့ အမိန့်ပေးခံထားရလို့အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် ရင်ဖိုဖွယ်ရာ တိုက်ခန်းခိုက်ခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာသူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမာလား သူတို့ရော အသက်အန္တရာယ်လွတ်သွားရဲ့လား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာကြည့်ရှုအားပေးကြပါလို့ Credit Review
7.1
IMDB: 7.1/10 271,498 votes
movie

RED (2010)

2010
Blu-ray 1080p
War of the Worlds (2005) 6.5
War of the Worlds (2005) တစ်​ကားဆိုတစ်​ကား ​ငွေ​ကြေးအရ​အောင်​မြင်​ရုံအတွက်​သာမကပဲ အနုပညာလက်​ရာတန်​ဖိုးအ​နေနဲ့ပါ ​ပြောစမှတ်​တွင်​ကျန်​​အောင်​ ရိုက်​ကူး​လေ့ရှိတဲ့ ဒါရိုက်​တာကြီး စတီ​ဖင်​စပီးဘာ့ဂ်ျ​ရဲ့ ဆု​ပေါင်းများစွာရရှိထားတဲ့ဇာတ်​ကား​လေးပါ။ Ray ဆိုတဲ့ သာမန်​ crane operator ​လေးတစ်​​ယောက်​။ ဇနီးနဲ့ကွာရှင်းထားပြီး သမီးတစ်​​ယောက်​ သားတစ်​​ယောက်​နဲ့ ​နေရတဲ့လက်​လုပ်​လက်​စားသမား​လေးတစ်​​ယောက်​ရဲ့ ဘဝဟာ ကမ္ဘာကြီးကိုအုပ်​စိုးချုပ်​ကိုင်​မယ့်​ ဂြိုဟ်​သား​တွေရန်​က​နေလွတ်​​အောင်​ ​ပြေးရင်းနဲ့ပဲ သူ့ရဲ့ သတ္တိနဲ့ ကြံရည်​ဖန်​ရည်​​ကြောင့်​ပဲ သူရဲ​ကောင်းတစ်​ဦးအဖြစ်​ ​ရောက်​ရှိခဲ့ပုံပါ။ လမ်းမ​တွေထက်​မှာ ဂြိုဟ်​သား​တွေရဲ့ tripod ​တွေရန်​က သားသမီး​တွေရဲ့ အသက်​​ဘေးကိုကာကွယ်​ဖို့ ​ပြေးလွှားရပုံ​တွေ၊ လက်​နက်​ဆန်း​တွေနဲ့ ကြမ်းတမ်းလှတဲ့ တိုက်​ပွဲ​တွေကြားက မိဘ​မေတ္တာနဲ့ လူသား​တွေရဲ့ ရုန်းကန်​လှုပ်​ရှားမှု​တွေကို မြင်​​တွေ့ခံစားကြရမှာပါ။ မင်းသားက Tom Cruise ၊ မင်းသမီးက Dakota Fanning ဆို​တော့ သရုပ်​​ဆောင်​​ပိုင်းအရ​ရော ရိုက်​ချက်​​တွေအယူအဆ​တွေပိုင်းမှာ​ရော ​ပြောစရာမလို​အောင်​ ​ကောင်းမွန်တဲ့ဇာတ်​ကားဖြစ်​ပါတယ်​။ ၂၀၀၅ ခုနှစ်​မှာ ​အောင်​မြင်​မှု​တွေ တပုံကြီးနဲ့ မသိသူမရှိခဲ့တဲ့ ဇာတ်​ကား​လေးကို ပြန်​ကြည့်​ချင်​သူ​တွေအတွက်​​ရော ...
6.5
IMDB: 6.5/10 382,990 votes
movie

War of the Worlds (2005)

2005
Blu-ray 1080p
The Nutcracker and the Four Realms (2018) 5.5
The Nutcracker and the Four Realms (2018) ကလက်​ယာဆိုတဲ့ မိန်းကလေးတစ်​ယောက်​အတွက်​ သူ့အမေမဆုံးခင်​ကတည်းက သူ့အတွက်​ပြင်​ဆင်​ထားခဲ့တဲ့ လက်​လုပ်​ဥပုံသဏ္ဌာန်​ သေတ္တာလေးကို အဖေ့ဆီကနေ ခရစ်​စမတ်​လက်​ဆောင်​အနေနဲ့ရခဲ့တယ်​...ဒါပေမယ့်​ သူမဖွင့်​တတ်​ခဲ့ဘူး...ဒီလိုနဲ့ ခရစ်​စမတ်​ကပွဲရောက်​သွားတော့ သူ့နာမည်​တပ်​ထားတဲ့ကြိုလေးတစ်​ချောင်းနောက်​လိုက်​ရင်း ဖွင့်​ဖို့သော့ရှာတွေ့သွားခဲ့တယ်​... ကံမကောင်းစွာနဲ့ပဲ သော့ကို ကြွက်​ကလေးတစ်​ကောင်​ကကိုက်​ချီပြေးသွားလို့ ကြွက်​နောက်​လိုက်​ရင်းနဲ့ စတုတ္ထတိုင်းပြည်​ထဲရောက်​သွားတဲ့အခါ.......စတုတ္ထတိုင်းပြည်​ထဲဘယ်​လိုဆက်​ဖြစ်​ကြမလဲဆိုတာChristmasလက်ဆောင် ရှာတဲ့ကြိုးတန်းလေးနောက်လိုက်ရင်း Claraတစ်ယောက် ထူးဆန်းလှပပြီး Land of Snowflakes, Land of Flowers, Land of Sweetsနဲ့ Land of Amusements(Forth Realm) တွေနဲ့ ပေါင်းစပ် ထားတဲ့ တိုင်းပြည်ကြီးကို မထင်မှတ်ပဲ ရောက်သွားတဲ့အခါ...ဒီLandတွေထဲမှာ Mother Gingerကြီးအုပ်စိုးနေတဲ့ Forth Realmနဲ့ အခြားLandတွေကြား အတိုက်အခိုက်တွေ ဖြစ်နေတဲ့ အခြေအနေတွေကနေ ရပ်တန့်အဆင်ပြေသွားအောင် လုပ်ဆောင်ပေးဖို့ Claraအပေါ် တာဝန်ကျလာခဲ့တဲ့အခါ....ဘာ​တွေဆက်​ဖြစ်​ကြမလဲ ဆိုတာဇာတ်​ကား​လေးထဲမှာ ဆက်​လက်​အား​ပေးကြပါခင်​ဗျာ.. အတူကြည့်မယ့် ဘော်ဘော်တွေကိုလည်း Mention ပေးပြီး Share ပေးကြပါဦး.... Reviewed By ...
5.5
IMDB: 5.5/10 12,915 votes
movie

The Nutcracker and the Four Realms (2018)

2018
Blu-ray 1080p