M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Nutthasit Kotimanuswanich

M-Sub Movie Channel
Homestay (2018) 7.7
Homestay (2018) Unicode ဒီတစ်ခါမှာတော့ 2018ထွက်ထိုင်းကားထဲက best movie listထဲမှာ ပါတဲ့Homestayဆိုတဲ့ ထိုင်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် Ratingလည်းကောင်းပြီး ဆုတွေလည်း အများကြီးရထားတဲ့ကားလေးပါ ထွက်ဖို့လည်းမတရားစောင့်လိုက်ရပါတယ် အခုခေတ်မှာဆို ဆယ်ကျော်သက်အရွယ်တွေက စိတ်ကျရောဂါဖြစ်လွယ်ကြပါတယ် ..ဥပမာပြောရရင် ၁၆နှစ် ၁၇နှစ်အရွယ်လောက်ပေါ့ မိသားစုကြောင့်လည်းဖြစ်နိုင်တယ် တခြားသောကိစ္စတွေကြောင့်လည်းဖြစ်နိုင်တယ် တစ်ခါတစ်လေကျ ကိုယ့်ကိုဘယ်သူမှ မချစ်ဘူးလို့ ထင်ပြီး စိတ်ပျက်အားငယ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ် တစ်ခုခုကြောင့်စိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ်သတ်သေချင်လောက်တဲ့အထိခံစားနေရရင်တော့ Homestayကိုကြည့်လိုက်ပါ သင့်ကိုဘယ်သူမှ မချစ်ဘူးလို့ ထင်နေတာကိုရပ်လိုက်ပါ ပြဿနာက စိတ်ဓာတ်ကျဖို့ မဟုတ်ဘူး ဖြေရှင်းရမှာပါ ငါဘာလို့ စိတ်ဓာတ်ကျနေတာလဲ ငါ့ကိုစိတ်ညစ်စေတာဘယ်သူတွေလဲ အဲ့လိုကစတွေးပါ ညီမတို့တွေက လောကကြီးထဲမှာ ခဏတာလာရောက်နေထိုင်ကြတဲ့သူတွေပဲမလား ခဏတာလာရောက်ရတဲ့အချိန်လေးမှာ ဘာလို့စိတ်ညစ်စိတ်ဓာတ်ကျနေမှာလဲနော် ဒီကားထဲမှာလည်း ဒီလိုပါပဲ Minဆိုတဲ့ကောင်လေးက ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ် ဒါပေမဲ့ သူဘာလို့သတ်သေခဲ့လဲဆိုတာ ဘယ်သူမှမသိကြဘူး အဲ့အချိန်မှာ Minကိုယ်ထဲကိုတခြားဝိညာဉ်ကိုထည့်ပြီး Minဘာလို့ ကိုယ့်ကိုကိုယ်သတ်သေလဲဆိုတဲ့ အကြောင်းအရင်းကို ရှာခိုင်းတယ် အချိန်က ရက်၁၀၀.. Minသေတဲ့အကြောင်းကို သူသိရင် ဒီခန္ဓာကိုယ်ကိုသူပိုင်ပြီ သူမသိရင်တော့ သူ့ဝိညာဉ်ကနောက်ထပ်တစ်ဖန်တောင် ပြန်မမွေးဖွားနိုင်ဘူးတဲ့လေ ဒါဟာဆုမဟုတ်တဲ့ ပြစ်ဒဏ်များလား Minသေရာကပြန်ရှင်လာပြီလို့ တစ်မိသားစုလုံးကထင်ခဲ့ကြတယ် အရင်ကဒူးရင်းသီးမစားနိုင်တဲ့Min ခုတော့ ဒူးရင်းသီးတွေစားနိုင်လာပြီ Minကိုယ်ထဲ ဝိညာဉ်ကတော့ Minဘာလို့သတ်သေခဲ့လဲ အဖြေရှာနေဆဲပဲ နောက်ဆုံးမှာ Minnကို သတ်သေချင်လောက်တဲ့အထိဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ Min မိသားစုလား ?Minအရမ်းချစ်ရတဲ့ ...
7.7
IMDB: 7.7/10 575 votes
movie

Homestay (2018)

2018
Web-dl 1080p
Friend Zone (2019) 7.6
Friend Zone (2019) သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းက friend zoneထဲထည့်ထားခံနေရလား??... ခု Friend zone ကားကတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ် မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ ဒီဇာတ်ကားထဲမှာတော့ အခုလွှင့်နေတဲ့ လေလွင့်ရွက်ကြွေထဲက မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်အလေးအဖြစ်နဲ့ မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်တောင်ထားပါတယ် Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလား ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲ အဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zoneကနေ ရုန်းထွက်နိုင်မလား ဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကို ငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေ ပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ် သင်လည်း friend zoneထဲထည့်ခံထားရသူဆို ချစ်ရတဲ့crush လေးကို ဒီကားပြပြီး ကိုယ့်အချစ်တွေမြင်လာအောင်ပြလိုက်တော့နော်.. Credit Review
7.6
IMDB: 7.6/10 590 votes
movie

Friend Zone (2019)

2019
Web-dl 1080p