M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Paul Young

Wolfwalkers (2020) 8.1
Wolfwalkers (2020) Unicode ၁၆၅၀ ခုနှစ်၊ အိုင်ယာလန်မှာ အင်္ဂလိပ်တွေ နယ်မြေချဲ့လာတဲ့အချိန်တုန်းက အင်္ဂလန်လူမျိုးဖြစ်တဲ့ ရော်ဘင်နဲ့ သူ့အဖေ အမဲလိုက်မုဆိုးကြီးက အိုင်ယာလန်ကို ပြောင်းလာကြတယ် အဲ့ဒီမြို့က မြို့ပြင်မှာရှိတဲ့တောအုပ်ထဲမှာ ဝံပုလွေတွေ အများကြီးရှိတဲ့အတွက် မြို့ရဲ့အုပ်ချုပ်ရေးမှူးက ဘယ်ကလေးမှ မြို့ပြင်မထွက်ရဘူးလို့ စည်းကမ်းတင်းကျပ်ထားတယ် ပြီးတော့ ရော်ဘင့်ရဲ့အဖေကို မြို့ပြင်မှာရှိတဲ့တောအုပ်ထဲမှာ ဝံပုလွေတွေနှိမ်နှင်းပေးဖို့ တာဝန်ပေးခဲ့တယ် ရော်ဘင်က အိမ်မှုကိစ္စတွေလုပ်ဖို့ထက် အပြင်လောကမှာ စွန့်စားခန်းတွေ ရှာဖွေချင်တဲ့ မိန်းကလေးငယ်လေးပါ ဒါပေမယ့် သူ့အဖေက ရော်ဘင့်ကို အဲ့ဒီဒေသက အခြားကလေးတွေလိုပဲ အိမ်မှာပဲနေပြီး အိမ်မှုကိစ္စကိုပဲ စိတ်ဝင်စားဖို့ တွန်းအားပေးခဲ့တယ် တစ်နေ့မှာတော့ ရောဘင်က သူ့အဖေမသိအောင် စစ်သားတွေစောင့်ကြပ်ထားတဲ့ကြားက မြို့ပြင်ကို ခိုးထွက်လာပြီး သူ့အဖေ အမဲလိုက်သွားတဲ့နောက်ကို ခိုးလိုက်တဲ့တယ် အဲ့ဒီအချိန်မှာပဲ မြို့ကလူတွေပါးစပ်ဖျားမှာ ဒဏ္ဍာရီလိုမျိုးပြောနေကြတဲ့ ဝံပုလွေလူသား ကောင်မလေး တစ်ယောက်နဲ့ဆုံခဲ့ပြီး သူငယ်ချင်းဖြစ်သွားခဲ့တယ် ဒါပေမယ့် ရော်ဘင် မြို့ပြင်ခိုးထွက်တာကို သူ့အဖေသိသွားတဲ့အခါမှာတော့ အရင်ကထက် စည်းကမ်းတွေ ပိုတင်းကျပ်လာခဲ့တယ် နောက်ပြီး အုပ်ချုပ်ရေးမှူးက ဝံပုလွေတွေအားလုံးကို နှိမ်နှင်းဖို့ တောအုပ်ကို မီးရှို့တော့မယ်ဆိုတာ ...
8.1
IMDB: 8.1/10 23K votes
movie

Wolfwalkers (2020)

Web-dl 1080p