M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Peter Breitmayer

Changeling (2008) 7.7
Changeling (2008) Unicode ဒီတခါမှာတော့ IMDB rating (7.8) ရရှိထားပြီး မင်းသမီး Angelina Jolie ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Changeling ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တာကြောင့် ၁၀ နှစ်ခန့်ကြာနေပြီဆို ပေမယ့် ဇာတ်ကားဟောင်း ဇာတ်ကားကောင်းတကား ဖြစ်တယ်ဆိုတာကိုတော့ သေချာပေါက်ပြောနိုင်ပါတယ်။ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ Biography Crime Drama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး မင်းသမီး Angelina Jolie အပါအဝင် Colm Feore , Amy Ryan စတဲ့အခြားသောသရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၈ ခုနှစ်ကာလ လော့စ်အိန်ဂျယ်လိစ်မှာ Single Mother တယောက်ဖြစ်တဲ့ Jolie ဟာ ဖုန်းအော်ပရေတာအချိန်ပိုင်းအလုပ်ကနေ သူမရဲ့ ၉ နှစ်သားအရွယ်သားလေး ပျောက်ဆုံးသွားတဲ့သတင်းကြောင့် အလော တကြီးပြန်လာခဲ့ရတဲ့ အခြေအနေနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ ...
7.7
IMDB: 7.7/10 234421 votes
movie

Changeling (2008)

Blu-ray 1080p
Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Unicode ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင် နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် No-Maj (ဗြိတိန်အခေါ် မက်ဂယ်) မှော်ပညာမတတ်တဲ့ သာမာန်လူသားတစ်ဦးနဲ့ မတော်တဆအလွဲတွေ ဖြစ်ရင်း သူ့ရဲ့သေတ္တာထဲကနေ သတ္တဝါအချို့လွတ်မြောက်သွားတဲ့အခါ တိုက်ခိုက်မှုတွေရဲ့အကြောင်းရင်းဟာ သူ့ကြောင့်လို့ သံသယဖြစ်စရာတွေပေါ်လာပြီး ဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားဟာ ၅ ကားအထိ ဆက်ရိုက်ဖို့ သတင်းထုတ်ပြန်ထားတာမို့ ဒီကားလေးကြည့်ပြီးရင် ...
7.3
IMDB: 7.3/10 350,485 votes
movie

Fantastic Beasts and Where to Find Them (2016)

2016
Blu-ray 1080p
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) Unicode ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုး တစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ် ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ ...
5.8
IMDB: 5.8/10 193552 votes
movie

G.I. Joe: The Rise of Cobra (2009)

Blu-ray 1080p