M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Rashida Jones
The Grinch (2018) 6.3
The Grinch (2018) Unicode အားလုံးလည်း သိပြီးနေလောက်ပြီ ဖြစ်တဲ့အတွက် အများကြီးမိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ဒီ The Grinch ဟာ စာရေးဆရာ Theodor Seuss Geisel ရဲ့ How The Grinch Stole The Christmas ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အနောက်နိုင်ငံမှာတော့ အထူးတလည်မိတ်ဆက်နေစရာမလိုအောင် ခရစ္စမက်နဲ့အတူတွဲမြင်ကြတဲ့ အစိမ်းရောင်အကောင်ကြီးပေါ့ဗျာ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။ Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။နာမည်ကျော် Animation Studio ဖြစ်တဲ့ Illumination ကထုတ်လုပ်ဖြန့်ချိထားတဲ့ ဒီ The Grinch မှာ အဓိကဇာတ်ဆောင် Grinch အဖြစ် ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Benedict Cumberbatch က အသံသရုပ်ဆောင်ပေးထားပါတယ်။ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်စရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် မိသားစုနဲ့လည်းကြည့်ဖို့ အထူးသင့်လျော်ပါတယ်။ကဲ အများကြီးပြောမနေတော့ပါဘူး ...
6.3
IMDB: 6.3/10 24,293 votes
movie
The Grinch (2018)
2018
Blu-ray 1080p
Spies in Disguise (2019) 6.8
6.8
IMDB: 6.8/10 10555 votes
movie
Spies in Disguise (2019)
Blu-ray 1080p
The Social Network (2010) Unicode Facebook ဆိုရင်ကလေးတောင်သိပါတယ်....ကလေးကအစသိအောင်လုပ်ဆောင်ခဲ့တဲ့ Facebook တည်ထောင်သူ Mark Zuckerberg အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားပါ.... IMDb Rating (7.8) ရရှိထားတဲ့ ဒီဖက်ခေတ်လူသားတိုင်းကြည့်သင့်တဲ့ဇာတ်ကားပါ... အိမ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ခဲ့လဲဆိုတာ တွေ့မြင်ရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားလေးပါ.... Credit Review Zawgyi Facebook ဆိုရင်ကလေးတောင်သိပါတယ်....ကလေးကအစသိအောင်လုပ်ဆောင်ခဲ့တဲ့ Facebook တည်ထောင်သူ Mark Zuckerberg အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားပါ.... IMDb Rating (7.8) ရရှိထားတဲ့ ဒီဖက်ခေတ်လူသားတိုင်းကြည့်သင့်တဲ့ဇာတ်ကားပါ... အိမ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ခဲ့လဲဆိုတာ တွေ့မြင်ရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားလေးပါ.... Credit Review
IMDB: /10 votes
movie
Blu-ray 1080p
Klaus (2019) N/A
Klaus (2019) Unicode ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့်လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် စာတွေပေးပို့နေကြတုန်းပါပဲ…ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက် ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလား ဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့ စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ …အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်း ပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီး IMDb – 8.4/10 နဲ့ Rottentomatoes ...
N/A
IMDB: N/A/10 N/A votes
movie
Klaus (2019)
2019
Web-dl 1080p
Inside Out (2015) 8.2
Inside Out (2015) ဇာတ်လမ်းကို11 နှစ်အရွယ် Riley ဆိုသော မိန်းကလေးတစ်ယောက်ရဲ့ ပြင်ပ ဘဝနဲ့ သူမရဲ့ စိတ်ထဲမှာ ရှိတဲ့ ခံစားချက်ကလေးတွေကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်ငယ်တုန်းက ပျော်ခဲ့တာတွေ ချစ်သော ဖေဖေ မေမေ ဆိုသော မိသားစုနဲ့ အတူ ကြည်နူးခဲ့တာတွေ အချစ်ဆုံး သူငယ်ချင်းတွေရှိခဲ့တာတွေ Hockey ရိုက်သော ဝါသနာတွေ ထိုထိုသော အရာတွေအကုန်လုံးသည် သူမရဲ့ ဖခင်ဖြစ်သူ အလုပ်အကိုင်ကြောင့် Minnesota မှသည် San Francisco သို့ သူတို့မိသားစု အိမ် ပြောင်းသွားကြတဲ့အခါ အရင်က Riley သည် စိတ်အတွင်းရှိ ခံစားချက်တွေ ပြောင်းလဲလာလေတော့သည်။ သူမနှင့်အတူ လူသားအားလုံးရဲ့ စိတ်ထဲတွင် ခံစားချက် 5 မျိုးဖြစ်သော Joy, Sadness, Fear, Anger နဲ့ Disgust တို့ဖြင့် ဖွဲ့ စည်းထားပြီး ထို ...
8.2
IMDB: 8.2/10 521,521 votes
movie
Inside Out (2015)
2015
Blu-ray 1080p
Tag (2018) 6.6
Tag (2018) အသက်ကြီးလာလို့ ကစားတာရပ်လိုက်တာမဟုတ်ဘူး၊ ကစားတာရပ်လိုက်တာလို့ အသက်ကြီးလာတာ” ဆိုတဲ့ဆောင်ပုဒ်က သူတို့ရဲ့လက်သုံးဆောင်ပုဒ်တစ်ခုပေါ့။ သူတို့ဆိုတာ Hogan, Bob, Chilli, Sable, Jerry တို့သူငယ်ချင်းငါးယောက်အဖွဲ့ကိုရည်ညွှန်းတာပါ။ ဟိုးငယ်ငယ်လေးကတည်းက ကျောင်းနေဖက် ဆော့ဖော်ဆော့ဖက်တွေဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက်လည်း သံယောဇဉ်အတော်ရှိကြပါတယ်။ အသက်ကြီးလာတဲ့အခါကိုယ့်လမ်းကိုလျှောက်ပြီး တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလိုတကွဲတပြားမဖြစ်ချင်တဲ့သူတို့သူငယ်ချင်းတစ်သိုက်ဟာ အချိန်တန်ရင်ခွဲခွာရမယ်ဆိုတဲ့ လောကကြီးရဲ့နိယာမကို ဆန့်ကျင်ဖို့နည်းလမ်းတစ်ခုကိုတီထွင်ခဲ့ပါတယ်တော့တယ်။ အဲဒါကတော့ အသက်ကြီးတဲ့အချိန် ငယ်ငယ်တုန်းကလို ဆက်ပြီးဆော့ကစားတဲ့နည်းပါပဲ။ သူတို့ဆော့တဲ့ကစားနည်းကို မြန်မာလိုခေါ်ရရင်တော့ စိန်ပြေးလိုက်တမ်းပေါ့ဗျာ။ သူတို့သူငယ်ချင်းတွေဟာ အဲဒီစိန်ပြေးလိုက်တမ်းကို နှစ်တိုင်းရဲ့မေလတိုင်းမှာ ကစားလေ့ရှိတယ်။ ဒါပေမယ့် အရင်တုန်းကလို လူစုလူဝေးနဲ့ကွင်းပြင်ကျယ်ကြီးထဲမှာဆော့ကြတာမဟုတ်ပါဘူး။ မေလအတွင်းတစ်ရက်ရက်မှာခွေးရူးဖြစ်တဲ့သူက ကိုယ်ဖမ်းချင်တဲ့လူရှိတဲ့နေရာကို ရောက်အောင်လာပြီး ဖမ်းရတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ့်ကိုမြင်ရင်လည်း အဖမ်းခံရတဲ့သူက ထွက်ပြေးနိုင်တဲ့အတွက် မမှတ်မိအောင်ရုပ်တွေဘာတွေ ဖျက်ပြီးအနားရောက်မှအမိဖမ်းရပါတယ်။ ထူးခြားချက်တစ်ခုကတော့ သူတို့သူငယ်ချင်းထဲမှာ Jerry ဆိုတဲ့တစ်ယောက်က အဲဒီကစားနည်းစဆော့ပါပြီဆိုကတည်းက နှစ် ၃၀ တိုင်အောင် တစ်ခါမှအဖမ်းမခံရသေးပါဘူး။ ၃၁ နှစ်မြောက်မှာတော့ Jerry တစ်ယောက်အိမ်ထောင်ပြုပြီးတော့ ဒီကစားပွဲကနေအကောင်းဆုံးစံချိန်နဲ့ အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့သတင်းကို သိသွားတဲ့ Hogan ဟာ ကျန်တဲ့သူငယ်ချင်းသုံးယောက်ကိုအမြန်စုပြီးတော့ မင်္ဂလာပွဲမှာခြေချုပ်မိနေမယ့် Jerry ကိုဖမ်းပြီး သူ့ရဲ့နှစ် ၃၀ ...
6.6
IMDB: 6.6/10 71,771 votes
movie
Tag (2018)
2018
Blu-ray 1080p