M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Susan Garibotto

The Catcher Was a Spy (2018) 6.2
The Catcher Was a Spy (2018) Unicode ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကိုပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့်လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေသူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင်ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည်ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများကသတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်ကဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီးအားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည်မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA ဖြစ်လာမယ့် Office of Strategic Service(OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေးဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီးCIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြလုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်းဆွေမျိုးတွေရဲ့ ...
6.2
IMDB: 6.2/10 7137 votes
movie

The Catcher Was a Spy (2018)

Blu-ray 1080p