M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Tanay Chheda

My Name Is Khan (2010) 8.0
My Name Is Khan (2010) ဒီကားကတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ မင်းသား Shah Rukh Khan နဲ့ မင်းသမီး Kajol တို့ပါဝင်ထားပြီး Asperger's syndrome ရောဂါဝေဒနာသည် ရစ်ဇ်ဗန်ခန်း အဖြစ် ရှရွတ်ခန်းက ပီပီပြင်ပြင်သရုပ်ဆောင်ထားတာဟာ တကယ့်ကို စိတ်ဝေဒနာခံစားနေရသူလားထင်မှတ်ရပါတယ် အစ္စလာမ်ဘာသာကိုးကွယ်တဲ့မွေးရာပါဝေဒနာရှင် ရစ်ဇ်ဗန်ခန်းဟာ သူ့အမေငယ်စဉ်ကတည်းကသင်ပြပေးလိုက်တဲ့ (လောကမှာလူ ၂ မျိုးပဲရှိတယ် တမျိုးကကောင်းတာလုပ်တဲ့ လူကောင်းနဲ့ မကောင်းတာလုပ်တဲ့ လူဆိုး) ဆိုတဲ့စကားကို ခန်းဟာ ဦးနှောက်ထဲမှာဆွဲမြဲနေခဲ့ပါတယ် သူ့အမေဆုံးတဲ့အခါမှာတော့ သူ့ညီရှိရာ ဆန်ဖရန်စစ္စကိုကိုရောက်လာခဲ့ပါတယ် သူ့ညီဇာကီရာ့ခန်းရဲ့ ကုမ္ပဏီမှအလှကုန်ပစ္စည်းများကိုလိုက်ရောင်းရင်း ဆံပင်ညှပ်ဆိုင်က မန်ဒီရာ ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ဆုံခဲ့ကြပါတယ် မန်ဒီရာကိုမြင်မြင်ချင်းမှာပဲ နှစ်သက်ခဲ့ပြီး လက်ထပ်ဖို့ကြိုးစားခဲ့ပါတယ် မန်ဒီရာကလည်း ခန်း ရဲ့ရိုးသားမှုနဲ့ဥာဏ်ကောင်းတာကိုသဘောကျပြီး လက်ခံခဲ့ပါတယ်....ခန်းရဲ့ညီဖြစ်သူက ဘာသာမတူတဲ့အတွက်သဘောမတူခဲ့ပါဘူး ခန်းနဲ့မန်ဒီရာ တို့လက်ထပ်ပြီးနောက်မှာတော့ ဘန်ဘေးလ်ကိုပြောင်းခဲ့ကြပါတယ် သူတို့မိသားစုဟာ ပျော်ရွှင်စရာဖြစ်ခဲ့ကြပါတယ် တရက်မှာတော့ သူတို့အတွက်ကံကြမ္မာဆုံးကျရောက်လာခဲ့ပါတယ် 9/11 အသေခံဗုံးဖောက်မှုတွေဖြစ်ပွားပြီးအမေရိကမှာ လူပေါင်းများစွာအသက်ဆုံးရှုံးရတဲ့အတွက်ဘာသာရေး ခွဲခြားမှုများပေါ်ပေါက်လာခဲ့ပါတယ် ထိုဘာသာရေးခွဲခြားမှုဟာ သူတို့ရဲ့သားဆမ်မီအပေါ်ကိုကျရောက်သွားတဲ့အခါမှာတော့ ခန်းနဲ့မန်ဒီရာ တို့အိမ်ထောင်ရေးဟာလည်းပြိုကွဲခဲ့ရပါတော့တယ် မန်ဒီရာက အမေရိကန်သမ္မတထံသွားတွေ့လို့ပြောလိုက်တဲ့အတွက် ခန်းဟာသမ္မတကိုတွေ့ဖို့ကြိုးစားပါတော့တယ်.... (ကျနော့်နာမည် ခန်း ပါ ကျနော်အကြမ်းဖက်သမားမဟုတ်ပါဘူး) ဆိုတာကို ဘာကြောင့်ပြောတယ်ဆိုတာကိုဆက်လက်ရှုစားကြပါ Credit Review
8.0
IMDB: 8.0/10 92,069 votes
movie

My Name Is Khan (2010)

2010
Blu-ray 1080p
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) Slumdog Millionaire လို့ပြောလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲ။ ဒီရုပ်ရှင်ကားဟာ အော်စကာဆု (၈)ဆုရရှိခဲ့သလို ကမ္ဘာအနှံ့ ဆုပေါင်း ၁၀၀ကျော်ဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ Jai Ho! (You Are My Destiny) MTV ဟာလဲ TOP 10 List ထဲမှာ လပေါင်းများစွာရှိနေခဲ့ပါတယ်…။ India နိုင်ငံရဲ့ သန်းပေါင်းများစွာ တန်တဲ့ ဥာဏ်စမ်းပြိုင်ပွဲမှာ လာပြိုင်တဲ့ကောင်လေးတစ်ယောက်ဟာ အဖြေတိုင်းကို အထစ်အငေါ့ မရှိဖြေဆိုနိုင်လို့ ခိုးချ ထားတယ်ထင်ပြီး ရဲတွေက ဖမ်းခေါ် ရိုက်နှိပ်စက်ပြီး စစ်ဆေးတဲ့အခါ အဖြေတွေဟာ ကြမ်းတမ်းလှတဲ့ သူ့ဘ၀ တစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေဆိုတာ မျက်ရည်ကျမတက် ပြန်လည်ကြည့်ရှုကြရမှာဖြစ်ပါတယ်…။IMDb Rating (8/10) Rotten Tomatoes (92%) ထိရရှိထားတဲ့ ဇာတ်ကားမို့လို့ သတိရတိုင်း ပြန်ကြည့်ဖို့ Quality ကောင်းကောင်းလေးနဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ Credit Review
8.0
IMDB: 8.0/10 738,900 votes
movie

Slumdog Millionaire (2008)

2008
Blu-ray 1080p