M-Sub Movie – Myanmar Subtitle Movies & Series Free Download Website



Tom Barber-Duffy

Anti Matter (2016) 5.8
Anti Matter (2016) Unicode အန်နာဟာသူ့ရဲ့ပါရဂူဘွဲ့အတွက်သုတေသနတစ်ခုပြုလုပ်နေတာပဲဖြစ်ပါတယ်။မထင်မှတ်ပဲစမ်းသပ်နေစဉ်အတွင်းမှာစမ်းသပ်ပစ္စည်းဟာရုတ်တရတ်ပျောက်သွားပါတယ်။ဘာကြောင့်လဲဆိုတာသူမသိသေးပါဘူး။ဒီလိုနဲ့နေသန်ဆိုတဲ့ကောလိပ်စတက်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းရောက်လာချိန်မှာတော့အရာဝတ္ထုဟာဒီတိုင်းပျက်စီးသွားတာမဟုတ်ပဲတစ်နေရာရာကိုရွေ့သွားတာပဲဖြစ်မယ်ဆိုတဲ့ယူဆချက်နဲ့အညီစမ်းသပ်စစ်ဆေးမှုတွေလုပ်ကြပါတော့တယ်။နောက်ထပ်သူငယ်ချင်းတစ်ယောက်ရဲ့အားဖြည့်ကူညီမှုပါဝင်လာပြီးနောက်သုတေသနလုပ်ငန်းဟာအရှိန်ဟုန်မြှင့်လာပါတော့တယ်။ဒါပေမယ့်သူတို့ဘယ်လောက်ထိအောင်မြင်သွားသလဲ။ စမ်းသပ်မှုမှာဘာတွေဖြစ်သွားသလဲ၊သုတေသနလုပ်တာဖြစ်တဲ့အတွက်ဘာတွေမှားယွင်းမှုရှိသွားသလဲ၊သိပ္ပံပညာရှင်တွေဆိုတာဘာတွေလဲ၊ဘယ်လိုစိတ်ဓာတ်ကြံခိုင်ရမလဲ၊ဆိုတာတွေကိုတွေ့ရမှာပါ။ဇာတ်ရှိန်အတက်အကျတွေနဲ့မသိတာတွေများစွာနဲ့မို့စိတ်ဝင်စားစရာကောင်းလှပါတယ်။Jumperတို့Flashဇာတ်လမ်းတွဲထဲကလိုuniverseတစ်ခုနဲ့တစ်ခုဘယ်လိုကူးပြောင်းသွားနိုင်မလဲ၊တစ်နေရာနဲ့တစ်နေရာချက်ချင်းဘယ်လိုရောက်သွားနိုင်မလဲ၊စကြာဝဠာနဲ့အချိန်ကာလဆိုတဲ့ကြားကရုတ်တရတ်ပြောင်းလဲမှုကြောင့်ဘာဘေးထွက်ဆိုးကျိုုးတွေထွက်သွားလိမ့်မလဲဆိုတာဒီကားလေးကတကယ့်သိပ္ပံအမြင်သိပ္ပံအသုံးအနှုန်းတွေနဲ့ရိုက်ပြသွားတာပါ။ Scienceစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့စေမယ့်ကားလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဗျာ။ဘယ်လိုစိတ်ဝင်စားစရာကောင်းမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ပါ။ Credit Review Zawgyi အန္နာဟာသူ႔ရဲ႕ပါရဂူဘြဲ႕အတြက္သုေတသနတစ္ခုျပဳလုပ္ေနတာပဲျဖစ္ပါတယ္။မထင္မွတ္ပဲစမ္းသပ္ေနစဥ္အတြင္းမွာစမ္းသပ္ပစၥည္းဟာ႐ုတ္တရတ္ေပ်ာက္သြားပါတယ္။ဘာေၾကာင့္လဲဆိုတာသူမသိေသးပါဘူး။ဒီလိုနဲ႔ေနသန္ဆိုတဲ့ေကာလိပ္စတက္ကတည္းကေပါင္းလာတဲ့သူငယ္ခ်င္းေရာက္လာခ်ိန္မွာေတာ့အရာဝတၳဳဟာဒီတိုင္းပ်က္စီးသြားတာမဟုတ္ပဲတစ္ေနရာရာကိုေ႐ြ႕သြားတာပဲျဖစ္မယ္ဆိုတဲ့ယူဆခ်က္နဲ႔အညီစမ္းသပ္စစ္ေဆးမႈေတြလုပ္ၾကပါေတာ့တယ္။ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္ရဲ႕အားျဖည့္ကူညီမႈပါဝင္လာၿပီးေနာက္သုေတသနလုပ္ငန္းဟာအရွိန္ဟုန္ျမႇင့္လာပါေတာ့တယ္။ဒါေပမယ့္သူတို႔ဘယ္ေလာက္ထိေအာင္ျမင္သြားသလဲ။ စမ္းသပ္မႈမွာဘာေတြျဖစ္သြားသလဲ၊သုေတသနလုပ္တာျဖစ္တဲ့အတြက္ဘာေတြမွားယြင္းမႈရွိသြားသလဲ၊သိပၸံပညာရွင္ေတြဆိုတာဘာေတြလဲ၊ဘယ္လိုစိတ္ဓာတ္ႀကံခိုင္ရမလဲ၊ဆိုတာေတြကိုေတြ႕ရမွာပါ။ဇာတ္ရွိန္အတက္အက်ေတြနဲ႔မသိတာေတြမ်ားစြာနဲ႔မို႔စိတ္ဝင္စားစရာေကာင္းလွပါတယ္။Jumperတို႔Flashဇာတ္လမ္းတြဲထဲကလိုuniverseတစ္ခုနဲ႔တစ္ခုဘယ္လိုကူးေျပာင္းသြားႏိုင္မလဲ၊တစ္ေနရာနဲ႔တစ္ေနရာခ်က္ခ်င္းဘယ္လိုေရာက္သြားႏိုင္မလဲ၊စၾကာဝဠာနဲ႔အခ်ိန္ကာလဆိုတဲ့ၾကားက႐ုတ္တရတ္ေျပာင္းလဲမႈေၾကာင့္ဘာေဘးထြက္ဆိုးက်ိဳုးေတြထြက္သြားလိမ့္မလဲဆိုတာဒီကားေလးကတကယ့္သိပၸံအျမင္သိပၸံအသုံးအႏႈန္းေတြနဲ႔႐ိုက္ျပသြားတာပါ။ Scienceစိတ္ဝင္စားတဲ့ပရိသတ္ေတြအတြက္အႀကိဳက္ေတြ႕ေစမယ့္ကားေလးျဖစ္လိမ့္မယ္လို႔ယုံၾကည္ပါတယ္ဗ်ာ။ဘယ္လိုစိတ္ဝင္စားစရာေကာင္းမလဲဆိုတာေတာ့ဇာတ္ကားေလးကိုၾကည့္လိုက္ရေအာင္ပါ။ Credit Review
5.8
IMDB: 5.8/10 4672 votes
movie

Anti Matter (2016)

Web-dl 1080p