M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Tyler Coppin

Predestination (2014) 7.5
Predestination (2014) Unicode ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ အလွန်ကို ထူးဆန်းပြီး အလွန်ကို သနားဖို့ကောင်းပါတယ်။ ထိုဇာတ်ကောင်ကိုယ်တိုင် သူ့ဘဝရဲ့အဖြစ်မှန်ကို သိသွားရတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်နေရသူ ကျွန်တော်ကိုယ်တိုင် အလွန်အံ့သြပြီး ...
7.5
IMDB: 7.5/10 220,936 votes
movie

Predestination (2014)

2014
Blu-ray 1080p
Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) အော်စကာ ဆန်ကာတင် ၆ ဆု၊ အခြားဆန်ကာတင်ဆုပေါင်း ၆၉ ဆုမှာ ၃၅ ဆုအထိရရှိခဲ့တဲ့ အအောင်မြင်ဆုံးစစ်ကားအသစ်တစ်ကားပါ။ Saving Private Ryan, We are soldiers ကားတွေကို အမှီလိုက်နိုင်တဲ့ ကားကောင်းတစ်ကားပါပဲ။ ပြီးတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတာလည်းဖြစ်ပါတယ်။ အမေရိကရဲ့ အမြင့်ဆုံး သူရဘွဲ့တံဆိပ် Medal Of Honor ကို စစ်မြေပြင်မှာ ကျည်ဆံတစ်တောင့်မပစ်ဘဲ ရရှိခဲ့တဲ့ ဆေးတပ်သား တစ်ယောက်ရဲ့ အကြောင်းပါပဲ။ အရင်က အန်ဒရူးဂါဖီးကို မြင်ရင် SpiderMan လို့စိတ်ထဲမှာ တန်းပေါ်ပေမယ့် ဒီကားအပြီးမှာတော့ အန်ဒရုးကိုဘယ်မှတွေ့တွေ့ တပ်သားဒက်စ်မွန် ဒေါ့စ်အဖြစ်ပဲ မြင်နေတော့မယ်ထင်ပါတယ်ဗျာ။ ဘာသာရေးယုံကြည်မှုအရ သေနတ်လုံးဝမကိုင် လူမသတ်ဘဲ စစ်ပွဲထဲမှာ နိုင်ငံအတွက် တာဝန်ထမ်းမယ်ဆိုပြီး ခေါင်းမာမာနဲ့ ခုံရုံးအတင်ခံ ထောင်ကျမလိုအဖြစ်ခံပြီး လိုက်ခဲ့တဲ့ လူဗလံလေးတစ်ယောက်၊ စစ်ပွဲဆိုတာ လူသတ်ဖို့တင်မဟုတ်ဘူး လူကယ်ဖို့လည်း ရှိရမယ်ဆိုတဲ့ ...
8.1
IMDB: 8.1/10 367,636 votes
movie

Hacksaw Ridge (2016)

2016
Blu-ray 1080p