M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


David Hogan

Batman Forever (1995) 5.4
Batman Forever (1995) Unicode ကျွန်တော်က Bruce Wayneပါ။ ဂေါ်သမ်ရဲ့ သူဋ္ဌေးသားလေး တစ်ယောက်ပေါ့။ ဂေါ်သမ်မြို့ရဲ့ သန်းခေါင်ယံမှာ ပျံသန်းနေတတ်တဲ့ လင်းနို့တစ်ကောင်လည်း ဟုတ်တယ်။ ဒါလည်း ဘောစိမို့ ပျံနိုင်တာပါ။ ဝတ်စုံတွေက ဈေးကြီးတယ်ဗျ။ တစ်ချို့နေ့တွေမှာ ဆင်းရဲသားတွေလို စက်ဘီးပေါ်မဟုတ်ပဲ ဈေးကြီးပေးဝယ်လို့တောင်မရတဲ့ BatMobile ပေါ် ကြေကွဲနေခဲ့တယ်။ သေလွန်ခဲ့ပြီးသော မိဘတွေအကြောင်းကို ဆွေးရင်းပေါ့။ ကျွန်တော့် အတိတ်ကို ကျွန်တော် ခြေရာကောက်ကြည့်တယ်။ ကျွန်တော် လက်စားချေချင်စိတ်ကို အစပြုပြီး ကျွန်တော်ရဲ့ Batman ဖြစ်တည်မှုက အစပြုခဲ့တယ်။ ကျွန်တော်လည်း လူသားပဲလေ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ လူတွေကို ဘယ်ရွေ့ ဘယ်မျှအထိ ကယ်မနေရဦးမလဲ။ ကျွန်တော်လည်း မယားတရူးချင်သေးတယ်လေ။ မိန်းမတစ်ယောက်နဲ့ ဇိမ်လေးနဲ့ နှပ်… ဘော်ကြော့နေနေကြည့်ချင်သေးတယ်။ အတိတ်ဆိုတာ ပလိပ်(Police)လိုပါပဲ..လုပ်ဖူးတဲ့မကောင်းမှုတွေဆိုတာ ထပ်ကြပ်မကွာလိုက်လာတတ်တယ်။ ကျွန်တော် ကိုယ့်နေရာကိုယ်မနေပဲ ရန်သွားစထားခဲ့တဲ့ လူဆိုးတွေဟာ ကျွန်တော် အေးဆေးမနေရအောင် လုပ်ပြန်တယ်။ ထားပါ ထားပါ..ဇာတ်သိမ်းကိုခင်ဗျားတို့သိပါတယ်… အဆုံးမှာတော့ စူပါဟီးရိုးကားပီပီသသ စော်လေးကိုပစ်ပြီး အထီးကျန်ဟီးရိုးကြီးလုပ်ရဦးမှာပဲမလား။ ရုပ်ရှင်ပဲလေ..ကျွန်တော်ကလည်း Mtvရိုက်တဲ့ ဖိုးလပြည့် ပရဟိတလုပ်တဲ့ ...
5.4
IMDB: 5.4/10 231916 votes
movie

Batman Forever (1995)

Blu-ray 1080p