M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Max Peto

Hubie Halloween (2020) 5.2
Hubie Halloween (2020) Unicode အောက်တိုဘာလဆို Halloween Vibe လေးတွေစနေကြပြီဟုတ်.. Stay Home နေရလို့ ပွဲတွေလုပ်လို့မရပေမဲ့ Halloween အငွေ့အသက်လေးတွေခံစားရစေဖို့ Netflix က ကားသစ်လေးဖြစ်တဲ့ Hubie Halloween ကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ Hubie(ဟျူဘီ) ဟာ ဆေလမ်မြို့လေးမှာနေထိုင်တဲ့ လူရိုးလေးတစ်ယောက်ပါ။ လုံးဝကို အေးဆေးပြီး ကြင်နာတတ်တဲ့သူပါ။ ရိုးအလွန်းလို့ ဘယ်သူကပဲ အနိုင်ကျင့်ကျင့် သည်းခံတတ်လွန်းသူပါ။ သူဟာ Halloween ညတွေကိုယုံပြီး နှစ်တိုင်းမှာ မြို့သားတွေ အဲ့ညမှာ ဘေးမဖြစ်စေဖို့က သူ့တာဝန်လို့ ယူဆပြီး စောင့်ကြပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ထောင်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်လာတဲ့ သတင်းရယ် မြို့လေးကိုရောက်လာတဲ့ သူစိမ်းတစ်ယောက်ရယ်ကြောင့် ဟျူဘီတစ်ယောက် ခါတိုင်းထက် ပိုသတိထားစောင့်ကြည့်နေပါတော့တယ်။ သဘာဝလွန်သရဲတွေကို ရှိတယ်.. Halloween မှာ ပေါ်လာမယ်ဆိုတဲ့ယုံတဲ့ ဟျူဘီတစ်ယောက် Halloween ညမှာ သူ့သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ပျောက်သွားတာကို ကြုံတွေရပါတော့တယ်။ မြို့လေးကိုလုံခြုံစေချင်တဲ့ ဟျူဘီ..သူငယ်ချင်းတွေကို ချစ်လွန်းတဲ့ ဟျူဘီ ချစ်ရတဲ့သူတွေကို ကာကွယ်နိုင်မလားဆိုတာ ...
5.2
IMDB: 5.2/10 24801 votes
movie

Hubie Halloween (2020)

Web-dl 1080p