M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Thomas Bezucha

Let Him Go (2020) 6.9
Let Him Go (2020) Unicode ၁၉၆၃ မွန်တားနားပြည်နယ်မှာ အငြိမ်းစားရဲအရာရှိ ဂျော့ချ်(Kevin Costner)နဲ့ သူ့ဇနီး မာဂရက်(Diane Lane)တို့ဟာ သူတို့ရဲ့သား ဂျိမ်းစ် ဇနီးဖြစ်သူ လော်နာ၊မြေးဦးလေး ဂျင်မီတို့နဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်ကြတဲ့သူတွေပါ၊ တစ်နေ့ ကြမ္မာဆိုးတစ်ခုမှာ သူတို့သားဖြစ်သူ ဂျိမ်းစ် မတော်တဆသေဆုံးရာကနေသူတို့ရဲ့ အေးချမ်းတဲ့မိသားစုလေး တစ်ကွဲတစ်ပြားဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။ သုံးနှစ်လောက်အကြာမှာတော့ လော်နာဟာ ဒွန်နီဝီဘွိုင်းဆိုတဲ့လူငယ်တစ်ယောက်နဲ့ သူတို့သဘောမတူတဲ့ကြားက လက်ထပ်သွားခဲ့ပါတယ်။ အိမ်ခွဲနေကြတဲ့ ချွေးမဟောင်းဖြစ်သူနဲ့မြေးကို စိတ်မချတဲ့ မာဂရက်ဟာ ပိုပြီးစိတ်မချဖြစ်နိုင်စရာ ဒွန်နီဝီဘွိုင်းရဲ့ ကိုယ်ထိလက်ရောက်အပြုအမူတွေ မျက်မြင်တွေ့လိုက်ရပြီး သူတို့အိမ်ကိုလိုက်သွားချိန်မှာတော့မိသားစုတစ်ခုလုံး ခြေရာဖျောက်သွားပြီဆိုတာ သိလိုက်ရပါတယ်။ ဒီလိုနဲ့ ဂျော့ချ်နဲ့ မာဂရက်တို့နှစ်ယောက် ပျောက်သွားတဲ့ ချွေးမနဲ့မြေးလေးကို ရေမြေတစ်ဆုံး လိုက်ရှာဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာ သူတို့ရင်ဆိုင်ကြုံတွေ့ရမယ့် မိသားစုဟာ နွေးထွေးကြင်နာတတ်တဲ့ သူတို့မိသားစုစရိုက်နဲ့ ဆန့်ကျင်ဘက် ရိုင်းစိုင်းခက်ထန်သူတွေ အောက်တန်းကျကောက်ကျစ်တတ်တဲ့သူမျိုးတွေဆိုတာ သူတို့အသိနောက်ကျခဲ့ပါတယ်။ Let him go ဟာ ရင်နင့်စိတ်ထိခိုက်စရာ မိသားစုဒရာမာကားကောင်းတစ်ကားဖြစ်သလို Thriller ကားကောင်းတစ်ကားလဲဖြစ်နေပါသေးတယ်။ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ကားတွေထဲကရှားရှားပါးပါးကားကောင်းတစ်ကားဖြစ်ပြီး လာမယ့်ဆုပေးပွဲတွေမှာ ထင်ပေါ်လာနိုင်စရာဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ ...
6.9
IMDB: 6.9/10 2332 votes
movie

Let Him Go (2020)

Web-dl 1080p