M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Action

M-Sub Movie Channel
Rurouni Kenshin Part I: Origins (2012) 7.6
Rurouni Kenshin Part I: Origins (2012) ဒီဇာတ်ကားလေးကတော့ ဟိုးအရင်တုန်းက တီဗွီမှာ လာခဲ့ဖူးတဲ့ ပါးပေါ်မှာ ကြက်ခြေခတ်ရာလေးနဲ့​ ဓါးသမားလေး ဟီမူရာဘတ်တိုဆိုင်း (ခေါ်) ဟီမူရာကန်းရှင်း ကာတွန်းဇာတ်လမ်းတွဲ ကို Live Action အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ကားပါ။ Trilogy သုံးကားတွဲဖြစ်ပြီး ယခု ပထမကားမှာတော့ ကန်ရှင်းဟာ ကာတွန်းထဲကလိုပဲ ခြေသလုံးအိမ်တိုင်သွားလာရင်း ကာအိုယူ ၊ ဆာနိုစကီ ၊ မျိုးဂျင် တို့နဲ့ ဆွေမျိုးတွေလို ရင်းနှီးသွားပုံတွေ။ သူ့နာမည်ကို အသုံးချကာ လူသတ်နေတဲ့ လူဆိုးကြီးကို နှိမ်နင်းပုံတွေကို ရိုက်ပြထားတာပါ။ Warner Bros ရုပ်ရှင်ကုမွဏီကနေ ထုတ်လုပ်ထားတာဖြစ်ပီး တိုက်ခိုက်ရေးပိုင်းတွေ ကင်ဒိုဓါးခုတ်လွှဲပုံတွေဟာ အသက်ပါလွန်းတာကြောင့် ကြည့်ရသူ ရင်တမမနဲ့ ဖြစ်စေမယ့် ဂျပန်ဓါးသိုင်းစွမ်းရည်ကို အသားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Credit - Review
7.6
IMDB: 7.6/10 17,764 votes
movie

Rurouni Kenshin Part I: Origins (2012)

2012
Blu-ray 1080p
Mortal Engines (2018) 6.2
Mortal Engines (2018) အနာဂတ်ကာလတစ်ခုမှာ Sixty-Minute War လို့ခေါ်တဲ့ ကမ္ဘာဖျက်စစ်ပွဲကြီးက လူသားတို့နေထိုင်ရာ လောကကြီးကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ရစ်တဲ့ လူမျိုးစုတွေဟာ စက်အင်ဂျင်တွေ၊ ဧရာမဘီးတွေ တပ်ဆင်ထားပြီး ကမ္ဘာအနှံ့ လှည့်လည်ရွေ့လျားသွားလာနိုင်တဲ့ မြို့ကြီးပြကြီးတွေပေါ်မှာ နေထိုင်ခဲ့ကြပါတယ်။ လန်ဒန်အပါအ၀င် အင်အားကြီးမြို့တွေက မြို့ငယ်လေးတွေကို ၀ါးမျိုသိမ်းပိုက်နေကြသလို အဲဒီ့စနစ်ကိုဆန့်ကျင်တဲ့ anti-traction အင်အားစုကလည်း အာရှတိုက်မှာ ခြေကုပ်ယူနေကြပါတယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေက အဲဒီ့ခေတ်မှာ “Old-Tech” အမွေအနှစ်စာရင်းဝင် ဖြစ်သွားခဲ့ပါပြီ။ “iPhone ဆိုတာ ပြတိုက်မှာသွားကြည့်ရမယ်” ဆိုတဲ့ ခေတ်မျိုးပေါ့ဗျာ။ Alternate reality ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း စနစ်တစ်ခုအနည်ထိုင်လာရင် တော်လှန်ပုန်ကန်သူတွေ ရှိလာတာပါပဲ။ Mortal engines ရဲ့ တော်လှန်ရေးသမားကတော့ Salzhaken ဆိုတဲ့ လန်ဒန်လက်အောက်ခံ မြို့ငယ်လေးက မိန်းကလေး Hester Shaw ပါ။ သူမဟာ သမိုင်းပညာရှင်အဖွဲ့ခေါင်းဆောင် Thaddeus Valentine ကို ...
6.2
IMDB: 6.2/10 41,834 votes
movie

Mortal Engines (2018)

2018
Blu-ray 1080p
Aquaman (2018) 7.4
Aquaman (2018) ပင်လယ်ရေအောက်က ပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေ စီစဉ်တဲ့ အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကို ထွက်ပြေးလာခဲ့တယ် ။ အဲ့ဒီမှာ မီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကို မွေးဖွားခဲ့တယ် ။ Arthur မှာ ရေသတ္တဝါတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ် ။တနေ့မှာတော့ Atlantis စစ်သည်တော်တွေ ရောက်လာပြီး Atlanna ကို အတင်းအကျပ် ပြန်ခေါ်သွားခဲ့တယ် ။ မပြန်ခင်မှာ Atlanna ဟာ သူ့လူယုံတော် Vulko ထံ သားဖြစ်သူ Arthur ကို အပ်နှံခဲ့ပြီး သူ့စွမ်းရည်တွေကို လေ့ကျင့်ပေးဖို့ အကူအညီ တောင်းခဲ့တယ် ။နှစ်ပေါင်းများစွာ ကြာတဲ့အခါ Atlanna ကွယ်လွန်အပြီး သူ့ရဲ့ဒုတိယ သားဖြစ်သူ Orm ဟာ Atlantis ရဲ့ဘုရင်ဖြစ်လာတယ် ...
7.4
IMDB: 7.4/10 169,327 votes
movie

Aquaman (2018)

2018
Web-dl 1080p
Hellboy II: The Golden Army (2008) 7.0
Hellboy II: The Golden Army (2008) ဒါလေးကတော့ ပထမ Hell Boy ရဲ့ အဆက်ကလေးပါ။ပထမ ကားမှာ မွေးစားအဖေကို ဆုံးရှုံးလိုက်ရပြီး မိန်းမရသွားတဲ့ Hell Boy ဟာ ငယ်စဉ် ကလေးဘဝ က သူ့အဖေ ပြောပြခဲ့တဲ့ ရွှေရောင်စစ်တပ်၊ မှော်နိုင်ငံ ၊ လူသား ကမ္ဘာ စတဲ့ ပုံပြင်တွေ နဲ့ အမှန်တကယ် ပတ်သက်ရတဲ့ အခါ…။Hell Boy ရဲ့ အမိန့်မနာခံမှုတွေ ကို မထိန်းသိမ်းနိုင်တော့လို့ ဝါရှင်တန် က ဘယ်သူ့ကို လွှတ်လိုက်မလဲ..။ငါးမျက်နှာနဲ့လူကလဲ သူ့မှာလဲ နှလုံးသားနဲ့ပါဆိုတာ ကို ဘယ်လို ပြမလဲ။ရွှေစစ်တပ် ဆိုတာ ဘာလဲ..။မကောင်းဆိုးဝါး ဆိုတာဘာလဲ။ လူဆိုတာကေရာ?ရွေးချယ်မှု နဲ့ ဗီဇ ဘယ်ဟာ က လွှမ်းမိုးသွားမလဲ။စတာတွေ ကို ကြည့်ရင်းနဲ့ ၂၀၁၉ မှာ ထွက်မဲ့ Hell Boy 3 မလာခင် ကြိုတင် စာပြန်နွှေးထားကြရအောင်ပါဗျာ။ အညွှန်းနဲ့ သိဒ္ဓိဝင် ဇီဝက ဘဲဖြစ်ပါတယ်။
7.0
IMDB: 7.0/10 236,076 votes
movie

Hellboy II: The Golden Army (2008)

2008
Blu-ray 1080p
Hellboy (2004) 6.9
Hellboy (2004) ငယ်ငယ်တုန်း က မှုန်တုန်ဝါးတား နဲ့ ကြည့်ခဲ့ရတဲ့ ကားလေးပေါ့ဗျာ။ ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဟာ စစ်ပွဲ အခြေအနေ ဆိုးရွားမှုတွေ နဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ သမရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေ နဲ့ စစ်နိုင်အောင် ကြိုးပမ်းဖို့ ကြံစည်ခဲ့ကြတယ်။ သူရ်လ် လို့ ခေါ်တဲ့ လောကီပညာရှင် (မှော်ဆရာ)ဂိုဏ်း နဲ့ ဆက်သွယ်ပူးပေါင်းပြီး တခြား လောကတစ်ခုရဲ့ ဝင်ပေါက် ကို ဖွင့်လှစ်လို့ သဘာဝ မဆန်တဲ့ သတ္တဝါတွေ အကူအညီ နဲ့ စစ်ပွဲကို အနိုင်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေရိကန် သမ္မတ ရုစဗဲ့ ရဲ့ လက်အောက် က သဘာဝလွန်ထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့ကနေ စစ်ဆင်ရေးတစ်ခုအနေနဲ့ သွားရောက်တားဆီးကြပေမဲ့ ဝင်ပေါက်ကို အချိန်မီ မပိတ်လိုက်နိုင်တဲ့ အတွက် ထူးဆန်းတဲ့ အနီရောင် ကောင်လေး တစ်ယောက် က ၎င်းဝင်ပေါက်ကနေ ...
6.9
IMDB: 6.9/10 281,099 votes
movie

Hellboy (2004)

2004
Blu-ray 1080p
The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။ ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။ ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၎င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။ဟော့ဘစ် ဆိုတဲ့ မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။ ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေါ့(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ဝင်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။ ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ သစ်တောကြီးထဲမှာ တစ်ယောက်တည်းနေထိုင်တဲ့ မှော်ဆရာ ရာဒါဂါ့(စ်)နဲ့တွေ့ဆုံကြတဲ့အခါ ...
7.9
IMDB: 7.9/10 711,812 votes
movie

The Hobbit: An Unexpected Journey (2012)

2012
Blu-ray 1080p
The Lord of the Rings: The Two Towers (2002) 8.7
The Lord of the Rings: The Two Towers (2002) ဒီကားကတော့ လူကြိုက်များ The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ...
8.7
IMDB: 8.7/10 1,319,834 votes
movie

The Lord of the Rings: The Two Towers (2002)

2002
Blu-ray 1080p
The Bourne Legacy (2012) 6.7
The Bourne Legacy (2012) The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို ...
6.7
IMDB: 6.7/10 265,207 votes
movie

The Bourne Legacy (2012)

2012
Blu-ray 1080p
Blade of the Immortal (2017) 6.8
Blade of the Immortal (2017) နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါ Manga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ဆိုတာကိုတော့ အသတ်အဖြတ်တွေကြားထဲက ကြည့်ရမှာပါ ...
6.8
IMDB: 6.8/10 11,489 votes
movie

Blade of the Immortal (2017)

2017
Blu-ray 1080p
Sicario: Day of the Soldado (2018) 7.1
Sicario: Day of the Soldado (2018) ပထမဇာတ်ကားတုန်းကဝက်ဝက်ကွဲအောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်များတောင်းဆိုတာကြောင့် Sequal ထပ်မံထွက်ရှိလာခြင်းလဲဖြစ်ပါတယ်။ ဒီကားမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ မူးယစ်ကုန်သည်တွေကနေ မူးယစ်ဆေးမတင်ပို့တော့ပဲအကြမ်းဖက်သမားများကို မှောင်ခိုတင်ပို့နေတာကို ဇာတ်လမ်းအခြေတည်ထားပါတယ်။ Matt Graver (Josh Brolin)ကိုလျို့ဝှက်စစ်ဆင်ရေးအဖြစ် မက္ကဆီကို ကုန်သည်တွေကနေ အကြမ်းဖက်သမားတွေကို U.S ဆီမှောင်ခိုတင်ပို့နေတာကိုစုံစမ်းခိုင်းလိုက်ပါတယ်။ Mattကလဲ ပထမကားတုန်းက ဘော်ဒါကြီး Alejandro ကိုပြန်စည်းရုံးပြီး လျို့ဝှက်စစ်ဆင်ရေးကိုစတင်လိုက်ပါတယ်။ သူ့ရဲ့အစီအစဉ်က ဘိန်းရာဇာရဲ့သမီးကို ပြန်ပေးဆွဲပြီး မူးယစ်ကုန်သည်တွေအချင်းချင်းကြားထဲကုလားဖန်ဝင်ထိုးမယ့်ပုံစံမျိုးဖြစ်ပါတယ်။ဒါပေမယ့် အခြေအနေတွေကတစ်မျိုးတစ်ဖုံပြောင်းလဲပြီး စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာတော့ spoiler ဖြစ်သွားမှာဆိုးလို့ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့ ဒေါင်းပြီးသာကြည့်ကြပါကုန် :pဒီကားမကြည့်ခင် ပထမကားကိုအရင်ကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။အဲ့ဒါမှ Matt နဲ့ Alejandro တို့ရဲ့ဆက်ဆံမှုပုံစံတွေဇာတ်လမ်းအဆက်အစပ်တွေ ရှိမှာပါ။Matt Graver အဖြစ် Man in black နဲ့ Infinity war မှ Thanos အဖြစ်သရုပ်ဆောင်သူ Josh Brolin ဖြစ်ပြီး Alejandro အဖြစ်ကတော့ MCU ထဲမှာ Collector အဖြစ်သရုပ်ဆောင်ထားသူ Benicil Del Toroဖြစ်ပါတယ်။Ratingကလဲကောင်းပြီး ...
7.1
IMDB: 7.1/10 82,352 votes
movie

Sicario: Day of the Soldado (2018)

2018
Blu-ray 1080p
Rampant (2018) 6.3
Rampant (2018) Train to busan ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးမှာ ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ Next Entertainment & Media ရဲ့ ဒုတိယခြေလှမ်းကတော့ Zombie တွေကို ကိုရီးယား နန်းတွင်းထဲ ဂျိုဆွန်းခေတ်ထိပို့လိုက်တာပါပဲ။ နာမည်ကျော်မင်းသား ဟွမ်ဘင်း (Hyun Bin) နဲ့ ဂျန်ဒေါင်ဂန် (Jang Dong-gun) ကို ခေါင်းဆောင်ပါဝင်ထားပြီး နိုင်ငံရေးအာဏာပြိုင်မှုနဲ့ Zombie တွေရဲ့ ပြန့်နှံ့မှုကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းအိုင်ဒီယာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ချင်နိုင်ငံရဲ့ ပဏ္ဏာဆက်နိုင်ငံဖြစ်နေတဲ့ ဂျိုဆွန်းရဲ့နိုင်ငံရေးကို အဓိကချယ်လှယ်ထားသူကဝန်ကြီး ကင်မ်ဂျာဂျွန်း (ဂျန်ဒေါင်ဂင်)။ လက်ရှိနန်းတင်ထားတဲ့ မင်းကြီးက သားနှစ်ယောက်ရှိပေမယ့် တစ်ယောက်က နိုင်ငံရေးသဘောတူညီချက်အရ ချင်နိုင်ငံကို ပို့ထားရတဲ့ လီချန်း (ဟွမ်ဘင်း)။ လီချန်းက အဲ့ခေတ်မှာ အတော်ဆုံးတိုက်ခိုက်ရေး ပညာရှင်။ ဒါကြောင့်လည်း ချင်နိုင်ငံဘုရင်က သူ့ကို ခေါ်ထားရတာ၊ ဂျိုဆွန်းမှာ ကျန်ခဲ့တဲ့ သားကြီး လီယွန်းကလည်း ခေသူမဟုတ်။ ချင်နိုင်ငံကို ရရာလက်နက်နဲ့ တော်လှန်ဖို့ လုပ်နေသူ။ ...
6.3
IMDB: 6.3/10 800 votes
movie

Rampant (2018)

2018
Blu-ray 1080p
Immortals (2011) 6.0
Immortals (2011) ဒီကမ္ဘာပေါ်မှာ လူသားတို့ တိရိစ္ဆာန်တို့မဖြစ်လာခင်ကကောင်းကင်ပေါ်မှာ စစ်ပွဲဖြစ်ခဲ့ပါတယ် မသေနိုင်တဲ့သူတွေဟာ တချိန်က သေခြင်းဆိုတာ မရှိဘူးလို့ ထင်ခဲ့ကြတယ်နောက်တော့ သူတို့တစ်ယောက်ကိုတစ်ယောက် သတ်နိုင်တဲ့အစွမ်းရှိတာကို သိလာကြတယ် ဒီစစ်ပွဲမှာ ပျောက်ဆုံးသွားတာကတော့ စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့စွမ်းအားပစ္စည်းပါပဲ အဲဒါကတော့..... ပီးယပ်လေးတော် ပါအောင်နိုင်သူတို့က သူတို့ကိုယ်သူတို့ နတ်ဘုရားအဖြစ်ကြွေးကြော်ကြတယ် ရှုံးနိမ့်သူတွေကတော့ တိုင်တန်တွေရယ်လို့သမုတ်ခြင်းခံခဲ့ရတယ်ပြီးတော့ တာတာရပ်တောင်ရဲ့ချိုင့်ထဲမှာ ထာဝရအကျဉ်းချခြင်းခံခဲ့ရတယ် ကာလတွေကြာမြင့်လာပြီး..... လူသားမျိုးနွယ်တွေထွန်းကားလာကြတယ်နောက်တော့ ဒီစစ်ပွဲကြီးကိုလည်း မေ့လျော့သွားကြတော့တယ် ဒါပေမယ့် တချိန်က မကောင်းဆိုးဝါးဟာပြန်ပြီး ခေါင်းထောင်ထလာပါတော့တယ် လူသားတိုင်းရဲ့ဝိဉာဉ်တွေဟာ မသေဆုံးနိုင်ပါဘူးဒါပေမယ့် မှန်ကန်သူတွေရဲ့ဝိဉာဉ်တွေကသာမသေဆုံးနိုင်တဲ့အပြင် မြင့်မြတ်ကြတာပါတချိန်က နတ်ဘုရားတွေကိုမယုံကြည်ခဲ့တဲ့သီးဆီးယပ်ဟာ အသက်စွန့်ပြီး လူသားမျိုးနွယ်ကိုကယ်တင်ခဲ့တဲ့အတွက် နတ်ဘုရားတို့အလယ်မှာတနေရာရခဲ့ပါတယ်ဒီကားကတော့ လူသားမျိုးနွယ် သီးဆီးယပ်ကိုနတ်ဘုရား ဇုစ်က လူသားတွေကိုကယ်တင်ရန်အတွက်ဘုရင်ဟိုင်ပါရီယန်ကိုတိုက်ဖို့ရွေးချယ်ခဲ့တာပါနတ်ဘုရားတွေကိုမယုံကြည်တဲ့ သီးဆီးယပ်ဟာလေးတော်ကိုရသွားပြီးနောက်..... ဘာတွေဆက်ဖြစ်မလဲ.....မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းသလို ကြည့်ပြီးသူတွေလည်းထပ်ကြည့်ဖြစ်ဦးမယ်လို့ ယုံကြည်ပါတယ်.. Credit Review
6.0
IMDB: 6.0/10 151,548 votes
movie

Immortals (2011)

2011
Blu-ray 1080p
Bajirao Mastani (2015) 7.2
Bajirao Mastani (2015) စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး ဖစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါရန် အကူညီတောင်းခံလာခဲ့သည်။ ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့လေသည်။ထို့နောက် ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာပြီး သူမပြန်ခင်အချိန်မှာ
သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီ တို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပါယ် သက်ရောက်ပြီး
ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံပြီး ကြိုးစားခဲ့တယ်။ကဲ••••••••
ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ 
ပရိသတ်များ ရင်ခုန်ကြည့်လိုက်ပါဦး။
ဒီဇာတ်ကားလေးဟာဖြင့် အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားပြီး ဆုပေါင်း ၁၄ ခု
ရရှိအောင်မြင်ထားပါတယ်။ ထို့ပြင်
မင်းသမီးချော ဒီးပီကာနဲ့ ချိုပရာ တို့
ပါဝင်သရုပ်ဆောင်ထားပြီး မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းရဲ့ အတွေးအခေါ်/
စကားပြောတွေက ထိရှစေပြီး အကအလှ
စုံလင်မှုကလည်း ပြည့်စုံလှပါတယ်။ ဤသို့
ကောင်းမွန်လှတဲ့ ဇာတ်လမ်းမျိုးကို
မကြည့်ရမရှိလေအောင် ခံစားကြည့်ရှုလိုက်ပါဦးလို့ ...
7.2
IMDB: 7.2/10 27,839 votes
movie

Bajirao Mastani (2015)

2015
Blu-ray 1080p