M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Drama

M-Sub Movie Channel
Neerja (2016) 7.7
Neerja (2016) ၀မ်းနည်းဖို့ရော၊ အသည်းထိတ်ဖို့ ရော ရသစုံခံစားရမယ့် အိန္ဒိယ သည်းထိတ်ရင်ဖို အတ္ထုပ္ပတ္တိဒရာ မာ ဇာတ်လမ်းလေးကို ဖော်ပြလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၈၆ စက်တင်ဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ Pan Am 73 လေယာဉ်ပြန်ပေးဆွဲ ခံရတဲ့အကြောင်းကို ဇာတ်အိမ် တည်ရိုက်ကူးထားတာပါ။ ဒီ ဇာတ်ကားမှာ အဓိကဇာတ် ကောင်က အသက် (၂၃) နှစ်အ ရွယ် လေယာဉ်မယ်လေး နီရာဂျာ ဘာနော့ဖြစ်ပြီး ပြန်ပေးသမားတွေ ရဲ့ လက်ခုပ်ထဲကရေဖြစ်ခဲ့ရတဲ့ ခရီးသည် ၃၆၁ ယောက်နဲ့ လေ ယာဉ်ဝန်ထမ်း ၁၉ ယောက် အ သက်အန္တရာယ်မရှိရလေအောင် ကာကွယ်ခဲ့တာကို ကြည့်ရှုရမှာ ပါ။ပျော်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်မယ် လေး နီရာဂျာဟာ Pan Am 73 လေယာဉ်ကြီးမှာ လေယာဉ်အရာ ရှိ (ပါဆာ)အဖြစ် ...
7.7
IMDB: 7.7/10 17,760 votes
movie

Neerja (2016)

2016
Blu-ray 1080p
Airlift (2016) 8.1
Airlift (2016) ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာအိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျော်မှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံလူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။ Review Credit
8.1
IMDB: 8.1/10 47,403 votes
movie

Airlift (2016)

2016
Blu-ray 1080p
The Vanishing (2018) 5.8
The Vanishing (2018) ဒီကားလေးကိုရေးရတာ ရင်ထဲမှာ အရမ်းကိုထိရှမိတယ်။ ဇာတ်ကားပြီးသွားတဲ့အချိန်မှာ လူကငြိမ်ပြီးကျန်နေခဲ့တဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်။ ဇာတ်လမ်းက အဆန်းကြီးမဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့ဖြစ်တတ်တဲ့သဘာဝကို ပီပီပြင်ပြင်ဖော်ပြပေးသွားတယ်။အရမ်းကောင်းပါတယ်။ ရင်ထဲမှာတစ်ခုခုကျန်ခဲ့တဲ့အရသာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့လုံးဝကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ မီးပြတိုက်စောင့်ဖို့ အလှည့်ကျတဲ့ လူသုံးယောက်ဟာဂျူတီဝင်ဖို့အတွက် မီးပြတိုက်ကို ရောက်လာခဲ့ပါတယ်။သူတို့ရောက်ရှိပြီးမကြာခင်မှာပဲ မီးပြတိုက်ရှိရာကျွန်းကို လူတစ်ယောက်နဲ့သေတ္တာတစ်လုံး မျောပြီးလာတင်နေတာကို တွေ့ခဲ့ရတယ်။အဲဒီကစပြီး သုံးယောက်လုံးရဲ့ ကံကြမ္မာဟာ ပြောင်းလဲသွားခဲ့ပါတယ်။အထူးသဖြင့် တိတ်ဆိတ်ခြောက်သွေ့တဲ့မီးပြတိုက်လိုနေရာတစ်ခုမှာစိတ်ခြောက်ခြားစရာတွေပါ ထပ်ရောက်လာခဲ့မယ်ဆိုရင် ဒီလူသုံးဦးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုပြသပေးသွားတာဖြစ်ပါတယ်… Credit Review
5.8
IMDB: 5.8/10 4,282 votes
movie

The Vanishing (2018)

2018
Blu-ray 1080p
A Quiet Place (2018) 7.6
A Quiet Place (2018) အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ ...
7.6
IMDB: 7.6/10 270,806 votes
movie

A Quiet Place (2018)

2018
Blu-ray 1080p
D-Day (2013) 7.2
D-Day (2013) ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကဘောလိဝုဒ်ကားကြိုက် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေဆိုတော့ဇာတ်လမ်းကိုကောင်းမကောင်းတော့ မညွန်းတော့ပါဘူးဇာတ်လမ်း အကျဉ်းလေးကတော့Wali Khan ဟာ ပါကစ္စတန်ကို အိန္ဒိယ အလိုအရှိဆုံးလူဆိုးကြီးကိုဖမ်းဆီးဖို့ အတွက် အဖွဲ့နှင့်ဆက်သွယ်ဖို့စေလွတ်ခြင်းခံခဲ့ရပါတယ်ပါကစ္စတန်မှာက စောင့်နေတဲ့ အဖွဲ့မှာက တော့ ဒိတ်ဒိတ်ကြဲ လူဆိုးတွေပဲဖြစ်ပြီး ဒီ ဒိတ်ဒိတ်ကြဲ လူဆိုးအဖွဲ့နဲ့ Wali Khan တယောက် ဘယ်လိုတွေများ ၂ပါးသွားကြမလဲဂန္ဒဝင်လူဆိုးကြီးကိုကောဖမ်းဆီးနိုင်ပါ့မလားဆိုတာတွေကိုတော့ ကဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ Review Credit
7.2
IMDB: 7.2/10 7,877 votes
movie

D-Day (2013)

2013
Blu-ray 720p
Sui Dhaaga: Made in India (2018) 6.8
Sui Dhaaga: Made in India (2018) သာမန်လူတန်းစား တူနှစ်ကိုယ် ဘဝတစ်ခု၊ဒီနေ့ ရှာ ဒီနေ့စားရတဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အကြင်လင်မယားနှစ်ယောက် အကြောင်းလေးပေါ့ဗျာ။မိဘတွေနဲ့ အတူနေနေပြီး သားသမီး မရှိသေးတဲ့ သူတို့ နှစ်ယောက်။အိမ်ရှင်မက အိမ်အလုပ်တွေကို တနေကုန်လုပ်ပြီးလင်ယောက်ျားကတော့ နေ့စဉ် အလုပ်သွားတဲ့ပုဂ္ဂလိက အပ်ချုပ်စက်ဆိုင် ဝန်ထမ်းတစ်ယောက်ပါ။ဒီနေ့မှာ အဆင်ပြေပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲ မသိရတဲ့ လူသားတွေမို့အနာဂတ်အတွက် ပြင်ဆင်ထားခြင်း မရှိခဲ့။တနေ့မှာ ဆိုင်ပိုင်ရှင်သားရဲ့ မင်္ဂလာဆောင်ကိုသူတို့မိသားစုတွေ ဖိတ်ကြားခံခဲ့ရပါတယ်။မိသားစုတွေ စုံစုံလင်လင်နဲ့ ပွဲကိုရောက်သွားတော့အမြဲအနိုင်ကျင့်တတ်တဲ့ သူတို့သားကခွေးလို သရုပ်ပြခိုင်းပါတယ်။မိသားစုတွေနဲ့အတူ ဇနီးမယားကကိုယ့်ယောက်ျား ခွေးလို သရုပ်ဆောင်နေရတာကိုမြင်တော့ အရှက်ရပြီး အလုပ်က ထွက်ခိုင်းပါတယ်။ဒီလိုနဲ့ အလုပ်အကိုင် မရှိတဲ့အချိန်…..သူတို့တွေ ပြဿနာကို တစ်ခုကို ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ဒီပြဿနာကိုသူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။မုန်းတိုင်းတစ်ခုသာဆိုရင်မုန်တိုင်းပြီးရင် လေပြေလာဦးမှာပေါ့?ဘဝအခြေအနေအရ ကြုံတွေ့ရတဲ့ ပြဿနာတွေကိုဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။“အပ်နှင့်အပ်ချည်:အိန္ဒိယတွင်ပြုလုပ်သည်”ဆိုတဲ့ ဇာတ်ကားနာမည်အရသူတို့ကို ပြဿနာတွေထဲက အပ်နဲ့အပ်ချည်ကြိုးကဘယ်လို ဆွဲတင်ကယ်မလဲဆိုတာကိုကြည့်ရှုရင်း သန္တရသနဲ့ အဆုံးသတ်စေမှာပါ။———————————————-သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်မင်းသားချောVarun Dhawan ...
6.8
IMDB: 6.8/10 4,545 votes
movie

Sui Dhaaga: Made in India (2018)

2018
Blu-ray 1080p
Widows (2018) 7.1
Widows (2018) ဒီဇာတ်ကားကြည့်မယ့်သူတွေကို အရင်ဆုံးပြောချင်တာက နာမည်ကြီးမင်းသားတွေ ပါတာမှန်ပေမယ့် leading role က သူတို့မဟုတ်ပါဘူးလို့ ။ ဇာတ်ကားနာမည်က widows ဆိုတဲ့အတိုင်း မတူညီတဲ့ ဘဝဇာတ်ခုံအသီးသီးက မုဆိုးမအမျိုးသမီးလေးယောက်ရဲ့ ရှင်သန်လှုပ်ရှားရပ်တည်ပုံတွေကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ Mystery, Drama ဇာတ်ကားပါ။ ဒါပေမယ့် ဒီလိုပြောလို့ စိတ်မပျက်သွားပါနဲ့။ မင်းသမီးတွေကလည်း Viola Davis, Michelle Rodriguez, Elizabeth Debicki နဲ့ Cynthia Erivo ဆိုတော့ ခေသူမဟုတ်တွေပါနော့။ သူတို့လေးယောက်ကို စုံစည်းစေခဲ့တဲ့ အကြောင်းအရင်းက ရှီကာဂိုမြို့ နယ်မြေ ၁၈ရဲ့ မြို့တော်ကောင်စီဝင် ရွေးကောက်ပွဲလို့ ပြောရမှာပါပဲ။ ဒီရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေက ဂျက်မူလီဂန်နဲ့ ဂျမဲလ်မန်းနင်းပါ။ ဂျက်မူလီဂန် (Colin Farrell) က ဆွေကြီးမျိုးကြီး လူဖြူအသိုင်းအဝိုင်းက လာတာဖြစ်ပြီး ဂျမဲလ်မန်းနင်း (Brian Tyree Henry) ကတော့ အာဖရိကန်-အမေရိကန် ကိုယ်စားလှယ်လောင်းတစ်ယောက်ပါ။ ...
7.1
IMDB: 7.1/10 47,581 votes
movie

Widows (2018)

2018
Blu-ray 1080p
The Admiral (2014) 7.2
The Admiral (2014) ရုပ်ရှင်ဝေဖန်ရေးသမားအချို့က..The Admiral ဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အကောင်းဆုံးသော သမိုင်းဝင်ရုပ်ရှင်ကား တစ်ကား ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကို လွန်လွန်ကျူးကျူး ညွှန်းဆို ထားကြပါတယ်။ တစ်ဖက်က ကျွန်တော်တို့ လိုပဲ Lao Tzu တို့ Zhuge Liang တို့လို Strategist တွေအကြောင်း စိတ်ဝင်စားတတ်ကြတယ်ဆိုရင် The Admiral ရဲ့ ဇါတ်ကောင် Yi Sun-Sin လို Korea ရဲ့ နာမည်ကျော် စစ်သေနာပတိ တစ်ဦးကိုလဲ လေ့လာတွေ့ရှိကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီ ဇါတ်လမ်းမှာ 1597 ခုနှစ်က Korea သမိုင်းဝင် နာမည်ကျော် မြောင်ဂါယန်း တိုက်ပွဲ (Battle of Myeongryang)မှာ Japan ရေတပ်အင်အား အဖွဲ့ပေါင်း 330 ကို ကျန်ရှိတဲ့စစ်သင်္ဘော ၁၂ စီးနဲ့ Admiral Yi တစ်ယောက် ...
7.2
IMDB: 7.2/10 8,649 votes
movie

The Admiral (2014)

2014
Blu-ray 1080p
Champion (2018) 5.7
Champion (2018) ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။ (အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)
5.7
IMDB: 5.7/10 347 votes
movie

Champion (2018)

2018
Blu-ray 1080p
Bigger (2018) 6.6
Bigger (2018) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ 2018 September ကထွက်ရှိထားတဲ့ Bigger ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကတော့ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးအာနိုးရဲ့ကိုယ်ကာယဗလနည်းပြစရာ Joe Weider ရဲ့ဘဝအကြောင်းကိုပုံဖော်ရိုက်ကူးထားပါတယ်.. မင်းသားကြီးအာနိုးရဲ့ငယ်စဉ်ဘဝကိုလည်းတစ်စိတ်တစ်ပိုင်းတွေ့မှာပါ..Joe Weider ဟာယခုရေပန်းစားနေတဲ့ Gym အားကစားရုံတွေကိုယ်ကာယအလှအပဆိုင်ရာတည်ဆောက်မှုတွေခေတ်မစားခင်ကတည်းက အမေရိကန်ပြည်ထောင်စုမှာလူတိုင်းကိုစတင်မိတ်ဆက်ပေးခဲ့တာပါ... အဲဒီအချိန်ကလူတွေအလေးမကစားတာဟာ ကိုယ်ခန္ဓာကြီးထွားရုံသက်သက်နဲ့အားကြီးဖို့အတွက်ပဲဆိုတဲ့အတွေးအခေါ်တွေကိုရိုက်ချိုးခဲ့ပါတယ်..Joe ကိုယ်တိုင်လည်းကာယဗလမောင်တစ်ယောက်ဖြစ်ခဲ့ပြီး..သူကလူတိုင်းကိုအိမ်မှာပဲအလွယ်လုပ်နိုင်တဲ့အားကစားနည်းတွေ.. ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုဘယ်လိုမှီဝဲရမယ်...ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအသောက်တွေကိုရှောင်ကြဉ်ပြီးလူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ကြောင်း အစသဖြင့်သိပညာပေးလမ်းညွှန်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြဆရာကြီးဖြစ်ပါတယ်။ အဲအခေတ်အခါက လူတွေရဲ့အသိအမြင်အားနည်းပုံကိုတွေ့ရသလို Joe ရဲ့ခေတ်မှီလွန်းတဲ့အတွေးအခေါ်အသစ်အဆန်းတွေကိုလည်းတွေ့ရမှာပါ.. Joe Weider နဲ့ Ben Weider တို့ညီအစ်ကို၂ဦးဟာသာမန်ဆင်းရဲသားလေး၂ယောက်ဘဝကနေ ကမ္ဘာကျော်ကာယအလှမောင်မဂ္ဂဇင်းများစွာနဲ့ နိုင်ငံတစ်ကာကာယဗလမောင်များအဖွဲ့အစည်းကြီး IFBB ကဲ့သို့ အင်ပါယာကြီးအထိပါတည်ဆောက်နိုင်ခဲ့ပုံကိုစိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာပါခင်ဗျ..ဒီဇာတ်ကားကို အားကစားလေ့လာသူများပဲကြည့်ရှုလို့ရမယ်ထင်ရင်မှားသွားပါမယ်..ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ခန့်ခန့်ဒရာမာကားကောင်းများကြိုက်နှစ်သက်သူများအတွက် လုံးဝပျင်းစရာမကောင်းပဲကြည့်ရှုရပါမယ်။Joeတို့ညီအကိုရဲ့ဘဝကိုတော်ရုံအရှုံးမပေးပုံ..ကိုယ်လုပ်ချင်တာကိုတစိုက်မတ်မတ်လုပ်ဆောင်ပုံ..သူများထက်စိတ်ကူးစိတ်သန်းကောင်းခြင်းဖြင့်အောင်မြင်မှုဆီကိုဘယ်လိုခက်ခက်ခဲခဲတက်လှမ်းနိုင်ပုံတို့ကိုပညာပေးရိုက်ကူးထားတယ်..နောင်တစ်ချိန်ကမ္ဘာကျော်မင်းသားကြီးဖြစ်လာမဲ့ အာနိုးကိုလည်းလူမသိသူမသိနေရာမှခေါ်ဆာင်လာပြီးအရည်အသွေးမြင့်တဲ့လူတစ်ယောက်အဖြစ် ကာယဗလမောင်လောကမှာရောHollywood မှာပါ Arnold Schwarzenegger ဆိုတဲ့နာမည်တစ်ခုတွင်ကျန်အောင်ပျိုးထောင်ခဲ့ပေးပုံတို့ကိုလည်းကြည့်ရမယ်။ဒီဇာတ်ကားကိုFreestyleရုပ်ရှင်ထုတ်လုပ်ရေးကဖြန့်ချီပြီး ဒါရိုက်တာကတော့ George Gallo ပါ..နောက်ပြီးCWကလက်ရှိပြသနေတဲ့Supergirl ဇာတ်လမ်းတွဲထဲက Superman မင်းသားTyler Hoechlin ကခေါင်းဆောင်ပါဝင်ထားပါတယ်..IMDBမှာတော့ 7.0 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 20%သာရထားပေမဲ့အလွန်ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ကြည့်ရှုအားပေးသင့်ပါကြောင်း. Credit - Review
6.6
IMDB: 6.6/10 904 votes
movie

Bigger (2018)

2018
Blu-ray 1080p
The Lunchbox (2013) 7.8
The Lunchbox (2013) Fernandes ဆိုသူက အထီးကျန်မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီတစ်ခုက accounting ဌာနမှာအလုပ်လုပ်ကိုင်ပါတယ် သူကမကြာခင် အငြိမ်းစားယူတော့မှာဖြစ်ပြီး မိဘမဲ့တစ်ယောက်ဖြစ်တဲ့ Shaikhကို သူ့နေရာကိုလွှဲပြောင်းပေးဖို့ သဘောတူထားပါတယ် တရက်မှာ သူ့ဆီကို ထမင်းချိုင့်တစ်ခုက လိပ်စာမှားရောက်လာပြီး အဲ့ဒါက Ila ဆိုတဲ့အိမ်ရှင်မတစ်ဦးက သူ့ယောက်ျားဆီကို အမြန်ချောပို့နဲ့ပို့လိုက်တဲ့ ထမင်းချိုင့်ဖြစ်နေပါတယ် Fernandes ကတော့ သူဝယ်စားနေကျဆိုင်က လက်ရာပိုကောင်းလာတယ်လို့ပဲ ထင်နေခဲ့ပါတယ် နောက်တရက်မှာတော့ ထမင်းချိုင့်ထဲမှာ စာလေးတစ်စောင်နဲ့အတူ Fernandes ဆီရောက်ရှိလာပါတယ် နောက်ပိုင်းမှာ Fernandes နဲ့ Ila တို့က စာတွေကတဆင့် အဆက်အသွယ်လုပ်ခဲ့ကြပါတော့တယ် Ila ကသူ့ယောက်ျားကို နောက်မီးလင်းနေတယ်လို့သံသယဝင်လာပြီး Fernandes နဲ့တိုင်ပင်ဖို့ စားသောက်ဆိုင်တစ်ခုမှာချိန်းလိုက်တယ် သူတို့နှစ်ယောက်ဆုံတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ… Credit - Review
7.8
IMDB: 7.8/10 41,870 votes
movie

The Lunchbox (2013)

2013
Blu-ray 1080p
Focus (2015) 6.6
Focus (2015) လူလိမ် တစ်ယောက်ဖြစ်တဲ့ နခ်ကီ ( Nicky ) က တညမှာ ကလပ်သွားရင်းနဲ့ အတွေ့အကြုံနုသေးတဲ့ ဂျက်စ် ( Jess ) ရဲ့ ဖျားယောင်းခြင်းကို ခံရပါတယ်။ ဂျက်စ် ရဲ့ အကြံက နခ်ကီနဲ့ အဆင်ပြေနေတုန်း သဝန်တိုတတ်တဲ့ ဂျက်စ် ရဲ့ ယောကျာ်းရောက်လာ ၊ နခ်ကီ ကိုငွေညှစ် ဖို့ဖြစ်ပေမယ့် နခ်ကီက သူတို့အကြံကို ဦးစွာဖော်ထုတ်လိုက်နိုင်ပြီး ဂျက်စ်ကို သူတို့အလုပ်က အာရုံမထွေပြားဖို့အရေးကြီးကြောင်း သင်ပေးခဲ့ပါတယ်။ နောက်ရက်မှာတော့ ဂျက်စ်က နခ်ကီရှိတဲ့နေရာကို တွေ့အောင်ရှာပြီး သူ့ဆီမှာ တပည့်ခံလိုကြောင်း ပြောပါတယ်။ နခ်ကီက ဂျက်စ်ကို နယူးအော်ရီလန်မြို့ ( New Orleans) ကိုခေါ်သွားပြီး နခ်ကီတို့ အဖွဲ့လိုက်လှုပ်ရှားတဲ့ ခါးပိုက်နှိုက်ခြင်း ၊ လိမ်ခြင်းစတဲ့ အမှုသေးသေးလေးတွေမှာ ပါဝင်စေခဲ့ပါတယ်။ သူမရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့တဲ့အတွက် ...
6.6
IMDB: 6.6/10 189,027 votes
movie

Focus (2015)

2015
Blu-ray 1080p
Billionaire Boys Club (2018) 5.6
Billionaire Boys Club (2018) ” The Wolf of Wall Street ” နဲ့ “The Wizard of Lies ” တို့ကို သတိရသွား​စေမယ့်​ ဇာတ်​ကားတစ်​ကားထွက်​ရှိလာခဲ့တယ်​ ။ အဲဒီဇာတ်​ကားရဲ့ နာမည်​က Billionaire Boys Club ပါ ။ ဒီဇာတ်​ကားဟာ 1980 ခုနှစ်​ အ​စောပိုင်းကာလက တကယ့်​ဖြစ်​ရပ်​မှန်​​ပေါ်ကို အ​ခြေခံထားပြီး 1987 မှာလည်း ဒီနာမည်​နဲ့ပဲ ဇာတ်​ကားထွက်​ရှိခဲ့ဖူးပါတယ်​ ။ပထမဇာတ်​ကားကို မကြည့်​ဘူး​တော့ ဒီရုပ်​ရှင်​ဟာ ပို​ကောင်းလာသလား ၊ ညံ့သွားသလား ၊ ဘာ​တွေကွဲပြားသွားသလဲ ဆိုတာကို​တော့ မသိပါဘူး ။ ဒီဇာတ်​ကားကိုကြည့်​ဖြစ်​တဲ့ အ​ကြောင်းရင်းက နာမည်​ကိုက ဆွဲ​ဆောင်​မှုရှိ​နေတာ​ကြောင့်​ပါ ။ ​နောက်​ပြီး ဒီဇာတ်​ကားမှာ ပါဝင်​အားဖြည့်​ထားတဲ့ သရုပ်​​ဆောင်​​တွေ​ကြောင့်​လည်း ကြည့်​ဖြစ်​သွားခဲ့ပါတယ်​ ။ဒီဇာတ်​ကားမှာ ပါဝင်​ထားတဲ့ သရုပ်​​ဆောင်​​တွေက​တော့ Ansel Elgort ...
5.6
IMDB: 5.6/10 7,049 votes
movie

Billionaire Boys Club (2018)

2018
Blu-ray 1080p
Zodiac (2007) 7.7
Zodiac (2007) အခုတခါမှာတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller မှုခင်းဒရမ်မာ ရုပ်ရှင်အမျိုးအစား ဇာတ်ကားတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဖြစ်ရပ်မှန်မှုခင်းဖြစ်ရပ်တခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Robert Graysmith ရေးသား ထားတဲ့ Zodiac and Zodiac Unmasked ဆိုတဲ့ စာအုပ်ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ David Fincher ကရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jake Gyllenhaal, Robert Downey Jr, Mark Ruffalo တို့ကို တပေါင်းတစည်းတည်း ကြည့်ရှုမယ့် ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူ့ကိုယ်သူ Zodiac လို့နာမည်ပေးထားတဲ့ စိတ္တဇဆန်ဆန် ကွင်းဆက်လူသတ်သမား တယောက် အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်လောက်ကစပြီး အမေရိကန်ရဲ့ ပြည်နယ်သုံးခု မှာ လူသတ်မှုပေါင်း ၃၀ ကျော်လောက်ကို ကျူးလွန်ခဲ့တဲ့ Zodiac ...
7.7
IMDB: 7.7/10 382,980 votes
movie

Zodiac (2007)

2007
Blu-ray 1080p
Bhoomi (2017) 5.4
Bhoomi (2017) Bhoomi ဆိုတာ့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက် ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာBhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေးအဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ်ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ဗီရှဲလ့့် အင့်း့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက့့်ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့့်အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ့့်ဒိုလီ့" လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ ...
5.4
IMDB: 5.4/10 1,425 votes
movie

Bhoomi (2017)

2017
Blu-ray 1080p
Eddie the Eagle (2015) 7.4
Eddie the Eagle (2015) Biography ရုပ်ရှင်လို့ ပြောလိုက်ရင် ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့သူတွေအကြောင်းရိုက်ထားတဲ့ရုပ်ရှင်တွေကို အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ တကယ်လို့ အကောင်းဆုံးအရှုံးသမားတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Biography ရုပ်ရှင်တစ်ကားကို ကြည့်ရမယ်ဆိုရင်ရော........ ကျွန်တော်တို့တွေဟာ အတ္ထုပတ္တိလို့ပြောလိုက်ရင် အောင်မြင်တဲ့သူတွေ၊ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့လူတွေအကြောင်း ဖတ်ကြ၊ ကြည့်ကြတာများပါတယ်။ တစ်ခါတစ်လေကျရင် သူတို့လိုဖြစ်ချင်စိတ်များသွားပြီး သူတို့လျှောက်တဲ့လမ်းက ဒီလောက်လည်း မခက်ပါဘူးကွာ ဆိုတဲ့ အဆိုးမြင်စိတ်လေး ဝင်လာတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် တကယ်လျှောက်ကြည့်တဲ့အခါကျတော့မှ ဒီလိုအောင်မြင်တဲ့သူတွေလျှောက်ခဲ့တဲ့လမ်းက ခက်ခဲမှန်းသိလာတဲ့အခါ လူတော်တော်များများက အရှုံးသမားဖြစ်သွားကြပါတော့တယ်။ Eddie The Eagle ကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်သွားပြီး ဆုတံဆိပ်တွေဆွတ်ခူးခဲ့တဲ့သူလည်းမဟုတ်၊ စံချိန်ကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့သူမဟုတ်ပဲ အိုလံပစ်ပွဲတော်မှာ ပါဝင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်နေကျ Biography ကားတွေနဲ့ နည်းနည်းကွဲထွက်နေပြီး ကျွန်တော်တို့ သာမန်လူတွေနဲ့လည်း ပိုပြီးနီးစပ်တယ်လို့ ပြောလို့ရပါတယ်။ Eddie Edwards (Taron Egerton) ဟာ ငယ်ငယ်ကတည်းက ဘယ်အားကစားနည်းနဲ့ဖြစ်ဖြစ် ဗြိတိန်အိုလံပစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာ ...
7.4
IMDB: 7.4/10 73,203 votes
movie

Eddie the Eagle (2015)

2015
Blu-ray 1080p
Talvar (2015) 8.2
Talvar (2015) မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသမီးလေး နှင့် အစေခံအလုပ်သမား စုစုပေါင်း မိသားစုလေးဦး သာယာချမ်းမြေ့သောမိသားစုရိပ်မြုံလေး တစ်ခုသောမနက်ခင်းလေးနိုးထချိန်မှာတော့ အရာအားလုံးဟာကမ္ဘာပျက်သလိုဖြစ်ခဲ့သည် တစ်ဦးတည်းသောသမီးလေးဟာ ရက်ရက်စက်စက်လည်ပင်းလှီးကာ အသတ်ခံခဲ့ရခြင်းဖြစ်သည် တဆက်ထဲမှာပင် အစေခံအလုပ်သမားပျောက်နေသောကြောင့်လူသတ်သမားဟုယူဆကာလိုက်လံရှာဖွေရသဖြင့်အိန္ဒိယရဲတွေအလုပ်ရှုတ်ကုန်သည် သို့သော် လူသတ်သမားဟုယူဆထားသူအစေခံအလုပ်သမားမှာ အပေါ်ထပ်အခန်းထဲတွင်လည်လှီးခံရပြီးသေနေသည်ကိုထပ်မံတွေ့ရသဖြင့် ရဲတွေ ဦးဏှောက်ခြောက်ကုန်သည် ရဲတွေ၏စစ်ဆေးချက် တရားခံပေါ်ထွက်လာရာ ဝန်ကြီးဌာနမှ ကျေနပ်မှုမရှိသဖြင့် စီဒီအိုင်ဌာနရော အမှုအတွက်ပါဝင်လာရသည် စီဒီအိုင်ပထမလွှတ်သောအဖွဲ့၏ရလဒ်မှာလည်း သက်သေမလုံလောက်ဟုဆိုက ဒုတိယအဖွဲ့ထပ်မံလွှတ်ပြန်သည်လူသတ်မှုတစ်ခုကိုအဖွဲ့၃ဖွဲ့တောင်စုံစမ်းခဲ့ရပြီဆိုကထဲကသို့လော သို့လော ဒွိဟပွားစရာတွေနဲ့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတာ မှန်းလို့ရလောက်ပါပြီ ဒီကားထဲကမင်းသားကြီးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ ဒီဇာတ်ကားကိုကြည့်ခြင်းဖြင့်ကိုယ်တိုင်စုံထောက်တစ်ယောက်လိုခံစားရမှာဖြစ်ပါတယ် အသေးအဖွဲလေးဟုသဘောထားသည့် ကိစ္စများကပင် အပြစ်မဲ့လူတစ်ချို့ကိုဒုက္ခရောက်သွားစေနိုင်ကြောင်းလည်းတွေ့မြင်ရမှာဖြစ်ပါတယ် ယခုဇတ်ကားသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သောလူသတ်မှုအားအခြေခံကာ ရိုက်ကူးထားသောဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါသည် Review Credit
8.2
IMDB: 8.2/10 24,488 votes
movie

Talvar (2015)

2015
Blu-ray 1080p
Bird Box (2018) 6.7
Bird Box (2018) Netflix ရဲ့ Bird Box ဟာ A Quiet Place နဲ့ ဆင်ပါတယ်။ A Quiet Place မှာ လူတွေက အသံထွက်လို့မရသလို Bird Box မှာ မြင်မိလို့မရပါဘူး။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးတွေကို မြင်မိလိုက်တာနဲ့ လူတွေဟာ ချက်ချင်း ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ သတ်သေကြပါတယ်။ မကြည့်ခင်ကတော့ တော်တော်လေး မိုက်လောက်မဲ့ အနေအထားလို့ ထင်ခဲ့ရပေမဲ့ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ concept က အသစ်အဆန်းကြီးမဟုတ်ပါဘူး။ 2008 က ထွက်ခဲ့တဲ့ မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "The Happening" မှာ ရှိခဲ့ဖူးတယ်။ အဲကားမှာတော့ လေတိုက်လို့ ရှူမိသွားတဲ့လူတွေ အကုန်လုံး ကွကိုယ်သတ်သေကုန်ကြလို့ လေမရှူမိအောင် အလုံပိတ်နေပြီး ထွက်ပြေးကြရတဲ့ ...
6.7
IMDB: 6.7/10 186,457 votes
movie

Bird Box (2018)

2018
Web-Rip 1080p
Traffic (2016) 6.7
Traffic (2016) ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ် ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ် နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန် သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ တစ်နာရီကို ၁၂ဝကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ…ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ် တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့…(ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)
6.7
IMDB: 6.7/10 2,140 votes
movie

Traffic (2016)

2016
Blu-ray 1080p