M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Horror
M-Sub Movie Channel
Scary Stories to Tell in the Dark (2019) 6.4
Scary Stories to Tell in the Dark (2019) Unicode မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ ဇာတ်လမ်းတွေက နာကျင်စေတယ်။ ဇာတ်လမ်းတွေက အနာကျက်စေတယ်။ ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။ အကောင်းတွေတော့ မဟုတ်ဘူးနော်။ အဆိုးတွေ….. ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။ အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။ အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်း ပျောက်ဆုံးသွားလေ့ ရှိတယ်။ မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။ စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ????? ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား????? စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ????? ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို ...
6.4
IMDB: 6.4/10 18,402 votes
movie
Scary Stories to Tell in the Dark (2019)
2019
Web-dl 1080p
Midsommar (2019) 7.4
Midsommar (2019) Unicode သင်မြင်ဖူးနေကျ၊ ကြည့်ဖူးခဲ့သမျှ horror ရုပ်ရှင်တွေကို ခဏမေ့ထားခဲ့ဖို့လိုပါမယ် Midsommar ကို horror ရုပ်ရှင်တစ်ခုရယ်လို့ခေါင်းစဉ်တပ်ထားပေမဲ့ jump scares လုံးဝမပါခဲ့ဘူး။ ပြောရရင်ညအမှောင်ခန်းတောင် ခဏတဖြုတ်တစ်ခန်းနှစ်ခန်းထက်ပိုမပါခဲ့ဘူး။ လင်းထင်းနေပြီး တကယ်ကိုလှလွန်းတဲ့ Sweden ရွာလေးတစ်ရွာမှာပဲဖြစ်ပျက်သွားတာ။ ဒါဖြင့် ဘာကကြောက်စရာကောင်းတာလဲဆိုရင် ဒီဇာတ်လမ်းဟာကြောက်စရာကောင်းတဲ့ဇာတ်လမ်းမျိုးလားဆိုတာကိုတောင်ကျွန်တော်ပြန်စဉ်းစားရလိမ့်မယ်။ Midsommar ဟာ မနှစ်က Hereditary နဲ့ပွဲထွက်ခဲ့တဲ့ ဒါရိုက်တာ Ari Aster ရဲ့ဒုတိယမြောက်လက်ရာပါ။ Hereditary နဲ့ တူတာတွေရှိသလို မတူတာတွေလဲများတယ်။ တူတာကတော့ slow ဖြစ်တဲ့ဇာတ်လမ်းသွားပုံစံနဲ့ မိသားစုရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် trauma ဝင်ထားတဲ့ main character လို့ပြောလို့ရမယ်ထင်တယ်။ သင်ဟာ Hereditary ကိုမကြိုက်ခဲ့ဘူးဆိုရင်ဒီကားကိုလဲသဘောကျမိလိမ့်မယ်မထင်ဘူး။ မြင်ဖူးနေကျရုပ်ရှင်တွေဟာ အရာဝတ္ထုတွေ အသံတွေနဲ့ခြောက်လှန့်တဲ့ပုံစံမျိုးဆိုရင် Midsommar ဟာ လှပလွန်းတဲ့နေရာ၊ ဒေသခံတွေရဲ့ရိုးရာဂီတ၊ ပွဲတော်တွေကြားမှာ မသိခြင်းတွေနဲ့ သံသယတွေကဒီကားမှာခြောက်ခြားစရာအကောင်းဆုံးဖြစ်နေလိမ့်မယ်၊ တစ်ချို့ဇာတ်ဝင်ခန်းတွေမှာတိတ်ဆိတ်နေမှုတွေဟာတော်တော်လေးနေရာယူတယ်။ highlight လုပ်ချီးကျူးရမှာကတော့ မင်းသမီး Florence Pugh ပါပဲ။ ...
7.4
IMDB: 7.4/10 50,296 votes
movie
Midsommar (2019)
2019
Blu-ray 1080p
Crawl (2019) 6.3
Crawl (2019) Unicode ဒီကားမှာတော့ မိဘတွေ ကွာရှင်းခဲ့ရတာ မိမိကြောင့်လို့ ထင်နေပြီး.. ဖခင်ကို စိတ်ဆိုးနေတဲ့ ဟေလီ တယောက် ..ဟာရီကိန်း မုန်တိုင်း ကျရောက်နေပြီး ဖခင်နဲ့ အဆက်အသွယ် ပြတ်နေတဲ့ အခါမှာတော့ မပြန်ဖြစ်ခဲ့တဲ့ ငယ်ငယ်တုန်းက မြို့လေးကို ပြန်လာပြီး ဖခင်ကို လာရှာတဲ့ အခါမှာတော့ .. R-rated ရုပ်ရှင်မျိုးဖြစ်ပြီး သွေးသံ ရဲရဲတွေ လက်ပြက်ခြေပျက် အခန်းတွေ ပါ..ပါတယ်.။ Survival အမျိုးအစား ရုပ်ရှင်မျိုးဖြစ်ပြီး .. ဟေလီ ရဲ့ ရေကူးစွမ်းရည်.. မလျှော့တဲ့ ဇွဲလုံလ တွေကို မြင်ရမှာ ဖြစ်ပြီး.. သည်းထိတ်ရင်ဖို ဇတ်ကား ကြိုက်တဲ့ လူတွေ လက်မလွှတ်သင့်တဲ့ ကားမျိုးဖြစ်ပါတယ်... Credit Review Zawgyi ဒီကားမှာတော့ မိဘတွေ ကွာရှင်းခဲ့ရတာ မိမိကြောင့်လို့ ထင်နေပြီး.. ဖခင်ကို စိတ်ဆိုးနေတဲ့ ဟေလီ တယောက် ..ဟာရီကိန်း မုန်တိုင်း ကျရောက်နေပြီး ဖခင်နဲ့ အဆက်အသွယ် ပြတ်နေတဲ့ ...
6.3
IMDB: 6.3/10 23,610 votes
movie
Crawl (2019)
2019
Blu-ray 1080p
Crawl (2019) 6.6
Crawl (2019) Unicode ဒီကားမှာတော့ မိဘတွေ ကွာရှင်းခဲ့ရတာ မိမိကြောင့်လို့ ထင်နေပြီး.. ဖခင်ကို စိတ်ဆိုးနေတဲ့ ဟေလီ တယောက် ..ဟာရီကိန်း မုန်တိုင်း ကျရောက်နေပြီး ဖခင်နဲ့ အဆက်အသွယ် ပြတ်နေတဲ့ အခါမှာတော့ မပြန်ဖြစ်ခဲ့တဲ့ ငယ်ငယ်တုန်းက မြို့လေးကို ပြန်လာပြီး ဖခင်ကို လာရှာတဲ့ အခါမှာတော့ .. R-rated ရုပ်ရှင်မျိုးဖြစ်ပြီး သွေးသံ ရဲရဲတွေ လက်ပြက်ခြေပျက် အခန်းတွေ ပါ..ပါတယ်.။ Survival အမျိုးအစား ရုပ်ရှင်မျိုးဖြစ်ပြီး .. ဟေလီ ရဲ့ ရေကူးစွမ်းရည်.. မလျှော့တဲ့ ဇွဲလုံလ တွေကို မြင်ရမှာ ဖြစ်ပြီး.. သည်းထိတ်ရင်ဖို ဇတ်ကား ကြိုက်တဲ့ လူတွေ လက်မလွှတ်သင့်တဲ့ ကားမျိုးဖြစ်ပါတယ်... Credit Review Zawgyi ဒီကားမှာတော့ မိဘတွေ ကွာရှင်းခဲ့ရတာ မိမိကြောင့်လို့ ထင်နေပြီး.. ဖခင်ကို စိတ်ဆိုးနေတဲ့ ဟေလီ တယောက် ..ဟာရီကိန်း မုန်တိုင်း ကျရောက်နေပြီး ဖခင်နဲ့ အဆက်အသွယ် ပြတ်နေတဲ့ ...
6.6
IMDB: 6.6/10 14,477 votes
movie
Crawl (2019)
2019
Web-dl 1080p
The Intruder (2019) 5.5
5.5
IMDB: 5.5/10 5,853 votes
movie
The Intruder (2019)
2019
Blu-ray 1080p
Annabelle Comes Home (2019) 6.1
Annabelle Comes Home (2019) Unicode ဇာတ်လမ်းမှာတော့ နာမည်ကျော် အန်နာဘယ် အရုပ်ကိုလော်ရိန်း တို့ ဇနီးမောင်နှံက နောက်ဆုံးအခြောက်လှန့်ခံရတဲ့သူတွေဆီကနေ တောင်းယူလာပြီး သူတို့ အိမ် အောက်ထပ်ကမကောင်းဆိုးဝါးတွေကို အစီအရင်တွေနဲ့ ချူပ်နှောင်တဲ့အခန်းမှာပဲမှန်သေတ္တာနဲ့ သော့ပိတ်ထားခဲ့ကြပါတယ်…. လော်ရိန်းမှာ ဂျူဒီ ဆိုတဲ့ သမီးလေး တစ်ယောက် ရှိပြီးဂျူဒီဟာလဲ လော်ရိန်းလို မွေးရာပါ စိတ်စွမ်းအင်ရှိသူဖြစ်ပါတယ် မကြာခဏ ဆိုသလို သေပြီးသားလူတွေကို ခဏခဏ မြင်ရတက်ပါတယ်တစ်ရက်မှာတော့ ဝါရန်း လင်မယားဟာ အမှုကိစ္စတစ်ခုအတွက်ခရီးတစ်ခု ထွက်ရမှာဖြစ်လို့ သမီးလေး ဂျူဒီ ကို ကြည့်ရှုဖို့အရင်ကလဲ ခေါ်နေကြဖြစ်တဲ့ ကလေးထိန်း အချိန်ပိုင်းလုပ်တဲ့သက္ကသိုလ်ကျောင်းသူ မယ်ရီအယ်လန် ကို အိမ်ခေါ်ပြီးအပ်ထားခဲ့ကြတယ်.. ဒီကြားထဲမှာပဲ ပရလောက ကိုစပ်စုတက်တဲ့ဒန်နီရယ် ဆိုတဲ့ မယ်ရီ ရဲ့ သူငယ်ချင်းကောင်မလေးကဝါရန်းမိသားစု ရဲ့ လျို့ဝှတ်ခန်းဆိုတာကို ကြားပဲ ကြားဖူးပြီးအရမ်းအင်မတန် ရောက်ချင် တွေ့ချင်စိတ် ရှိသူဖြစ်ပါတယ် ဒါကြောင့် ကလေးထိန်း လုပ်နေတဲ့ မယ်ရီကို ကပ်ပြီးဂျူဒီလေး ရဲ့ မွေးနေ့ကို အကြောင်းပြကာ ...
6.1
IMDB: 6.1/10 23,824 votes
movie
Annabelle Comes Home (2019)
2019
Blu-ray 1080p
13 Sins (2014) 6.3
13 Sins (2014)
2014
Blu-ray 1080p
The Shallows (2016) 6.3
The Shallows (2016) အမေကွယ်လွန်သွားလို့ ခံစားနေရတဲ့ ဆေးကျောင်းသူ နန်စီ အဒမ် (Nancy Adams) ဟာ သူ့ရဲ့ ရင်တွင်းဝေဒနာတွေ ဖြေဖျောက်ဖို့အတွက် လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေတစ်ခုဆီကို ထွက်လာခဲ့ပါတယ် ... အစကတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ယောက်တည်း ရေလွှာလျှောစီးဖို့ ဖြစ်လာခဲ့ပါတယ် ... အဲ့အချိန်မှာပဲ သူတစ်ယောက်တည်း ရေလွှာလျှောစီးနေတုန်းမှာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ နန်စီဟာ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်ဆောင်တစ်ခုဆီကို ကူးသွားဖို့ ဖြစ်လာပါတော့တယ် ... ကျောက်ဆောင်ပေါ်ရောက်သွားတဲ့ အချိန်မှာ ငါမန်းကလည်း အဲ့ပတ်ဝန်းကျင် တ၀ိုက်မှာပဲ လှည့်လည်နေပါတယ် ... ဒဏ်ရာကလည်း ရထား ဒီရေကလည်း တဖြည်းဖြည်းတက်လာရာက မကြာခင် သူနေနေတဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းခါနီး အချိန်မှာတော့ ... နန်စီ တစ်ယောက် ဘာလုပ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...
6.3
IMDB: 6.3/10 108,908 votes
movie
The Shallows (2016)
2016
Blu-ray 1080p
The Wailing (2016) 7.4
The Wailing (2016) တောင်ကိုရီးယားနိုင်ငံရဲ့ တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့ လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ ကာရံထားပြီး မြစ် ချောင်း အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။ သွေးတွေသံတွေနဲ့ ရဲရဲနီနေတဲ့ လူ့ အလောင်းတွေ နဲ့ အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ...
7.4
IMDB: 7.4/10 36,271 votes
movie
The Wailing (2016)
2016
Blu-ray 1080p
World War Z (2013) 7.0
World War Z (2013) ကုလသမဂ္ဂ ဝန်ထမ်းဟောင်း Gerry Lane ဟာ Philadelphia က လူနေထူထပ်တဲ့ အရပ်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ မမျှော်လင့်ပဲ Radio သတင်းတစ်ခုမှာ Zombie တွေက လူတွေကို လိုက်လံ တိုက်ခိုက်နေပြီး သူတို့အကိုက်ခံရသူတွေဟာလည်း Zombie တွေ ဖြစ်ကုန်ကြောင်း ကြားသိလိုက်ရပါတယ်။ Lane နဲ့ မိသားစုဟာ ဒီ Zombie တွေ တိုက်ခိုက်တာ မခံရခင်လေးတင်ပဲ တိုက်ခေါင်မိုးတစ်ခုပေါ်ကို တက်ပြေးခဲ့ကြပြီး Lane ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Thierry Umutoni က စေလွှတ်လိုက်တဲ့ ရဟတ်ယာဉ်နဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ နယူးယောက်မြို့ကမ်းခြေရှိ သင်္ဘောတစ်စီးပေါ်တွင် စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပညာရှင်တွေ စုရုံးပြီး ဒီပြဿာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြပါတယ်။ ဇီဝပညာရှင် ဒေါက်တာ Andrew Fassbach က ဒီပြဿနာဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပြီး ...
7.0
IMDB: 7.0/10 556,766 votes
movie
World War Z (2013)
2013
Blu-ray 1080p
A Cure for Wellness (2016) 6.4
A Cure for Wellness (2016) ဇာတ်လမ်းနာမည်နဲ့တင်ကြွေသွားမယ်။ ကျန်းကျန်းမာမာနေနိုင်ဖို့ ကုထုံးပေါ့။ ဒါပေမယ့် ဒီကားကိုကြည့်လိုက်ရင်တော့ မကျန်းမာပါဘူး။ တော်တော် စိတ်လှုပ်ရှားရမယ်။ ဇာတ်ကားက Fantasy/Mystery ပေါ့။ စိတ်ဝင်စားဖို့ကောင်းတယ်၊ ဆိုက်ကိုဆန်တယ်။ ဇာတ်လမ်းက နည်းနည်းဆန်းတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံရှိပေ့ဆိုတဲ့လူတိုင်းက ဆွစ်ဇလန်တောင်တန်းတွေမှာဖွင့်ထားတဲ့ ဆေးခန်းတစ်ခုကို အမြဲသွားကြတယ်။ အဲဒီမှာ ဖြစ်နေတဲ့ရောဂါတွေကို ပျောက်အောင်ကုပေးနိုင်သလို၊ တစ်ကယ်ကို relax လုပ်နိုင်တဲ့နေရာပေါ့။ ဒါပေမယ့် ခက်တာက အဲဒိနေရာကနေဘယ်သူမှ ပြန်မလာကြတော့တာပဲ။ မင်းသားက သူ့ CEO ကို အဲဒီနေရာကနေပြန်သွားခေါ်ရတာ။ ကုမ္ပဏီရောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး CEO ရဲ့လက်မှတ်လိုတော့ သူကလိုက်သွားရတာပေါ့။ ဟိုသကောင့်သားကလည်း ကုမ္ပဏီကို ဂရုကိုမစိုက်တော့တာ။ ဟိုမှာသာယာတာကိုး။ မင်းသားလည်း ဒီဘဲဒီလောက်တောင် ရှိလှ အဲဒီနေရာကဘာလဲဆိုပြီး လိုက်သွားတော့မှ လျှို့ဝှက်ချက်တွေ၊ သူတို့ရဲ့ ကုထုံးတွေကိုတွေ့ရတော့တယ်။ အဲဒီမှာ စတိုင်ပတ်တာပဲ။ သူကိုယ်တိုင် ရူးသွားပါရော။ Shutter Island ကြိုက်ရင် ဒီကားကိုလည်း ကြိုက်မှာသေချာတယ်။ ဇာတ်လမ်းကခိုင်မာပါတယ်။ အခုလို ...
6.4
IMDB: 6.4/10 71,821 votes
movie
A Cure for Wellness (2016)
2016
Blu-ray 1080p
Inhuman Kiss (2019) 6.9
Inhuman Kiss (2019) ရွာလေး တစ်ရွာမှာပေါ့ ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့ သူငယ်ချင်း ၄ ယောက် ရှိကြတယ် အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီး သရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်က အိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇ၀င် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ် ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ… အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကို သေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးက အဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်…. ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး… ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါ ရွာမှာ ဂျက် ၊ ထင်း တို့ သူငယ်ချင်းတွေသာ ရှိတော့ပြီး နွိုင်း ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တယ်…. ဘန်ကောက်မှာ စစ်ဖြစ်နေပြီး ...
6.9
IMDB: 6.9/10 457 votes
movie
Inhuman Kiss (2019)
2019
Web-Rip 1080p
Victor Frankenstein (2015) 6.0
Victor Frankenstein (2015) ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ် ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံးအကုန်လုံးက၀ိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင်နာမည်တောင်မရှိရှာပါဘူးသူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့ အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီးအလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကိုခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါသူရဲ့ဘ၀ကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ်အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီးအရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ်ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်းဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ်အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘ၀တစ်ခုလုံးကိုကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ်ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံကတော်တော်ကြည့်လို့ကောင်းပါတယ်လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ Credit Review
6.0
IMDB: 6.0/10 47,645 votes
movie
Victor Frankenstein (2015)
2015
Blu-ray 1080p