M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

Music

A Star Is Born (2018) 7.9
A Star Is Born (2018) စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန် ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ဖြစ်တတ်စမြဲပဲလေ ...
7.9
IMDB: 7.9/10 186,913 votes
movie

A Star Is Born (2018)

2018
Blu-ray 1080p
Bohemian Rhapsody (2018) 8.1
Bohemian Rhapsody (2018) လန်ဒန်မြို့ရဲ့ အထင်ကရအသံသွင်းစတူဒီယိုတခုမှာ ပီယာနိုအကြီးကြီးတလုံးနဲ့အတူ အလုပ်ရှုပ်နေသူက Freddie Mercury ။ သူက ဒီပီယာနိုအကြီးကြီးကို သိပ်သဘောကျတာ။ Bechstein တံဆိပ် Grand Piano ကြီးပေါ်မှာ စာရွက်အတိုအပိုင်းအစလေးတွေ အများကြီးပွစာကြဲနေတယ်။ Freddie တယောက် ပီယာနိုကိုနည်းနည်းတီးလိုက်၊ သီချင်းစာသားတချို့ချရေးလိုက်ပေါ့။ ခက်တာက သူရေးနေတဲ့ သီချင်းက အပိုင်းပိုင်းပြတ်နေတာ။ အဲဒီကို control room ထဲမှာရှိတဲ့ Queen ဝိုင်းသားတွေက စိတ်ရှည်လက်ရှည်ထိုင်ကြည့်နေတာ။ ဘာမှ ဝင်မပြောဘူး။ တခုပဲသိချင်တာ သီချင်းသံစဉ်တွေက ဘာလို့အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေလဲဆိုတာကို သူတို့သိပ်သိချင်တယ်။ Freddie ကြီးရေးနေတဲ့သီချင်းနာမည်က Bohemian Rhapsody တဲ့။ သီချင်းကိုစလယ်ဆုံးဖန်တီးသူက Freddie Mercury ပါပဲ။ သူ့အတွက်ဒီသီချင်းက အရမ်းအရေးကြီးတယ်။ ဒါကြောင့် ခါတိုင်းသီချင်းရေးသလိုမဟုတ်ပဲ ဘယ်သူ့မှ မတိုင်ပင်ပဲ ကိုယ့်ဖာသာရေးတယ်။ သူ့အတွက်အရမ်း ကိုယ်ရေးကိုယ်တာဆန်လွန်းလို့။ ဒီသီချင်းဖွဲ့စည်းပုံကိုက အတော်လေးဆန်းကျယ်တယ်။ သီချင်းက ၆ မိနစ်လောက်ရှည်ပေမယ့် သံပြိုင်အပိုဒ်မပါဘူး။ အင်ထရို၊ ...
8.1
IMDB: 8.1/10 271,569 votes
movie

Bohemian Rhapsody (2018)

2018
Blu-ray 1080p
Secret Superstar (2017) 8.1
Secret Superstar (2017) အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါဝင် ထားတာပါ။အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။သီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။ အဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို ...
8.1
IMDB: 8.1/10 12,904 votes
movie

Secret Superstar (2017)

2017
Blu-ray 1080p