Home
Movies
TV – Series
DMCA
Android App
How to download (For Android App)
Home
Movies
TV – Series
DMCA
Android App
How to download (For Android App)
Facebook
Home
Movies
TV – Series
DMCA
Android App
How to download (For Android App)
Home
Movies
TV – Series
DMCA
Android App
How to download (For Android App)
Web-Rip 1080p
5.4
The Tuxedo (2002)
5.4
IMDB:
5.4/10
78966 votes
movie
The Tuxedo (2002)
Web-Rip 1080p
6.4
The Longest Yard (2005)
6.4
IMDB:
6.4/10
154977 votes
movie
The Longest Yard (2005)
Web-Rip 1080p
5.6
White Chicks (2004)
5.6
IMDB:
5.6/10
123174 votes
movie
White Chicks (2004)
Web-Rip 1080p
6.8
Fast & Furious Presents: Hobbs & Shaw (2019)
ဥပဒေဘက်တော်သားဖြစ်တဲ့ Hobbs နဲ့ ဥပဒေကိုလုံးဝဂရုမစိုက်ပဲကိုယ်ထင်တာဇွတ်လုပ်တတ်တဲ့ Shaw တို့ဟာသင့်မြတ်ကြသူတွေတော့မဟုတ်ကြပါဘူး။ ဒါပေမယ့်တနေ့မှာ Brixton ဆိုတဲ့ လူတစ်ပိုင်းစက်တစ်ပိုင်းနဲ့ Cyber-Genetically Enhanced ဖြစ်နေတဲ့သူတစ်ယောက်ဟာ ကမ္ဘာကိုဖျက်ဆီးပစ်နိုင်တဲ့ Snowflake ဆိုတဲ့ Virus ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ ဒီ Snowflake ကိုတာဝန်ယူစောင့်ရှောက်ခဲ့ရသူကတော့ Shaw ရဲ့ညီမဖြစ်ပြီး Brixton ရဲ့လက်ကနေ အဆိုပါ Virus ကိုကာကွယ်ဖို့ကြိုးစားရင် သစ္စာဖောက်အဖြစ်သတ်မှတ်ခြင်းခံရပါတော့တယ်။ ဒီအခါမှာ အဲ့ဒီ Virus ကိုလိုက်ရှာဖို့ကိုတာဝန်ယူထားရတဲ့ Hobbs နဲ့ Shaw တို့ဟာမတတ်သာပဲလက်တွဲခဲ့ရပါတော့တယ်။ ဒီလိုနဲ့သူတို့တွေ Brixton ကိုဘယ်လိုရင်ဆိုင်လဲဆိုတာကိုတော့..... Credit Review
6.8
IMDB:
6.8/10
57,309 votes
movie
Fast & Furious Presents: Hobbs & Shaw (2019)
2019
Web-Rip 1080p
8.2
Toy Story 4 (2019)
Toy Story 4 (2019) ) သည် IMDb 8.2/10 Rotten Tomatoes 97% Metacritic 84% Google users 90% ဒါရိုက်တာ Josh Cooley ရိုက်ကူးထား၍ John Lasseter, Andrew Stanton တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ အသံသရုပ်ဆောင် Tom Hanks, Tim Allen, Annie Potts တို့ပါဝင်သရုပ်ဆောင်ထားသော Animation, Adventure, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…ဝုဒီ နဲ့ အဖွဲ့ဆီကို အရုပ်သစ်ကလေး ဖော်ကီ ရောက်လာတဲ့အခါ သူငယ်ချင်း အသစ်နဲ့ အဟောင်းအဖွဲ့ဟာ လမ်းမပေါ်မှာ လျှောက်သွားကြရင်း ကမ္ဘာလောကဆိုတာ အရုပ်တစ်ရုပ်အတွက် အရမ်းကို ကြီးမားကျယ်ပြန့်ကြောင်းသိလာတဲ့အခါ ဘယ်လို စွန့်စားခန်းဟာသတွေ တွေ့ရမလဲ ဇာတ်ကားမှာဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ… Credit Review
8.2
IMDB:
8.2/10
84,059 votes
movie
Toy Story 4 (2019)
2019
Web-Rip 1080p
7.9
Spider-Man: Far from Home (2019)
အန့်ဒ်ဂိမ်းအပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ ဇာတ်လမ်းအကျဉ်း… သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။ စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်…… Credit Review
7.9
IMDB:
7.9/10
153,490 votes
movie
Spider-Man: Far from Home (2019)
2019
Web-Rip 1080p
8.6
Parasite (2019)
ကိုရီးယား လူနေမှု ရဲ့ ချမ်းသာသူနဲ့ ဆင်းရဲသူတွေရဲ့ ဘ၀ ကွာခြားမှုကို မြင်သာအောင် မီးမောင်းထိုးပြထားပြီး စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ Director “Bong Joon-Ho” ရဲ့ ပထမဆုံး International Cannes Awards ဆုရရှိထားတဲ့ “Parasite” ဒီကားလေးထဲမှာတော့ Ki Taek ရဲ့မိသားစုလေးဟာ အလွန်ဆင်းရဲလွန်းလို့ မြေအောက်ခန်းထဲမှာနေပြီး ခက်ခဲစွာ အသက်မွေးဝမ်းကြောင်းပြုနေရရှာတယ်။ တစ်နေ့မှာတော့ သူတို့မိသားစုဟာချမ်းသာတဲ့ မိသားစုဆီမှာ အလုပ်ဝင်လုပ်ဖို့ အကြောင်းဖန်လာရင်း ချမ်းသာတဲ့မိသားစုရဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ အိမ်မှာ Taek တစ်မိသားစုလုံး အလုပ်ဝင်ရောက်လုပ်ကိုင်ဖို့ ကြံစည် ကြိုးစားကြပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူခံစားနိုင်မှာပါ။ အညွှန်းကို JCGV facebook page မှ ကူးယူဖော်ပြပါသည် Credit Review
8.6
IMDB:
8.6/10
8,143 votes
movie
Parasite (2019)
2019
Web-Rip 1080p
6.5
The White Crow (2018)
ရုရှားအကပညာရှင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ. Biography အကြောင်းမို့ ကြည့်ရတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ imdb 6.5 အထိတောင်ရထားတာမို့ ဇာတ်လမ်းက တကယ်ကောင်းပါတယ်။ ဘ၀ အနိမ့်အမြင့်အတက်အကျတွေနဲ့ မကြည့်ရသေးရင်ကြည့်ကြည့်ပါ။ Admin သိပ်အကြိုက်ထဲမပါလို့ FHD မထည့်ပေးထားပါဘူး :)
6.5
IMDB:
6.5/10
2,055 votes
movie
The White Crow (2018)
2018
Web-Rip 1080p
6.2
The Red Sea Diving Resort (2019)
The Red Sea Diving Resort (2019) သည် IMDb 6.3/10 ဒါရိုက်တာ Gideon Raff ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ သရုပ်ဆောင် Chris Evans, Haley Bennett, Alona Tal တို့ပါဝင်သရုပ်ဆောင်ထားသော Drama, History, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… ၁၉၇၇ ခုနှစ်က ဆူဒန်မှာ အီသီယိုပီယန်း ဂျူးဝှစ်ရှ် ဒုက္ခသည်တွေကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ အစ္စရေးလ်ရဲ့ မော့စဒ် အေးဂျင်တွေရဲ့ သမိုင်းကြောင်း သည်းထိတ်ရင်ဖိုအဖြစ်အပျက်တွေကို ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြစို့လားဗျာ… Credit Review
6.2
IMDB:
6.2/10
1,023 votes
movie
The Red Sea Diving Resort (2019)
2019
Web-Rip 1080p
6.9
Inhuman Kiss (2019)
ရွာလေး တစ်ရွာမှာပေါ့ ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့ သူငယ်ချင်း ၄ ယောက် ရှိကြတယ် အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီး သရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်က အိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇ၀င် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ် ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ… အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကို သေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးက အဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်…. ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး… ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါ ရွာမှာ ဂျက် ၊ ထင်း တို့ သူငယ်ချင်းတွေသာ ရှိတော့ပြီး နွိုင်း ကတော့ ဘန်ကောက်မှာ ကျောင်းတက်နေခဲ့တယ်…. ဘန်ကောက်မှာ စစ်ဖြစ်နေပြီး ...
6.9
IMDB:
6.9/10
457 votes
movie
Inhuman Kiss (2019)
2019
Web-Rip 1080p
8.1
Badla (2019)
တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖို့ကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။ ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ" တဲ့။ နိုင်နာရဲ့ ထွက်ဆိုချက်ကို ရှေ့နေကြီး ဂု(ပ်)တာကြံဆစဉ်းစားရင်း သဲလွန်စများ လိုက်လံ ဖော်ထုတ်ရာမှာတော့.....။ အမှုသည် နိုင်နာနဲ့ ရှေ့နေကြီး ဂု(ပ်)တာတို့ အတူအမှုမှန်ကို ရှာဖွေဖော်ထုတ်ရင်းပရိသတ်တွေကို ...
8.1
IMDB:
8.1/10
8,991 votes
movie
Badla (2019)
2019
Web-Rip 1080p
6.0
Illang: The Wolf Brigade (2018)
ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။ အဆိုပါအဖွဲ့ကိုနှိမ်နင်းဖို့ရာအတွက် အထူးလေ့ကျင့်ပြီး အဆင့်မြင့် Equipment တွေတပ်ဆင်ထားတဲ့ ...
6.0
IMDB:
6.0/10
2,196 votes
movie
Illang: The Wolf Brigade (2018)
2018
Web-Rip 1080p
5.0
How It Ends (2018)
ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့…. ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်…အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား?ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ?မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း Aye Mon Kyaw ပါ)
5.0
IMDB:
5.0/10
35,299 votes
movie
How It Ends (2018)
2018
Web-Rip 1080p
7.0
Outlaw King (2018)
“အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။” ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
7.0
IMDB:
7.0/10
41,419 votes
movie
Outlaw King (2018)
2018
Web-Rip 1080p
8.9
Triple Frontier (2019)
Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။ မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့် အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။ Credit - Review
8.9
IMDB:
8.9/10
44 votes
movie
Triple Frontier (2019)
2019
Web-Rip 1080p
5.8
Velvet Buzzsaw (2019)
ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်…. တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး…သို့ပေမယ့် ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး ….. ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး.. ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်… သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ… ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘ၀ကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့… ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ… ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ… ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ… ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ… ကိုင်းခံစားကြည့်လိုက်ဦးဗျို့…… တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင် လည်း မမှားဘူးထင်တယ်…. Credit Review - Channel Myanmar
5.8
IMDB:
5.8/10
26,163 votes
movie
Velvet Buzzsaw (2019)
2019
Web-Rip 1080p
4.7
IO (2019)
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ 2019ဦးပိုင်း Post Apocalypse ကားလေးပဲဖြစ်ပါတယ် မင်းသားအဖြစ် ကျွန်တော်တို့အချစ်တော် Avengers အဖွဲဝင် The Falcon နေရာကပါဝင်သရုပ်ဆောင်ထားတဲ့ လူမည်းမင်းသား Anthony Mackie ပါဝင်သရုပ်ဆောင်ထားတာပါ မင်းသမီးကတော့ 2017မှာထွက်ရှိခဲ့တဲ့ Death Note ထဲကမင်းသမီးလေး Margaret Qualley ပဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့ များမကြာမီနှစ်တွေမှာ သူသားတွေရဲ့ အလွန်အကျွံ စွမ်းအင်ထုတ်သုံးမှုတွေကြောင့် ကမ္ဘာကြီးမှာ လေထုပြောင်းလဲမှုတွေဖြစ်ကုန်ပြီး ပန်းရောင်ဂြိုလ်ကြီးအဖြစ်ပြောင်းလဲသွားပါတဲ့အခါမှာတော့ လူသားတွေက Exodus လို့်ခေါ်တဲ့ ယဉ်ပျံတွေစီးပြီး ကမ္ဘာကြီးကိုစွန့်ခွာသွားကြပါတော့တယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါရဂူ ဒေါက်တာဝေါ်လ်တန်ကတော့ ခေါင်းမာစွာနဲ့ သူ့မိသားစုနဲ့အတူ ကမ္ဘာကြီးကိုပြောင်းလဲဖို့နေခဲ့ပါတယ်လူသားတွေရဲ့ ကမ္ဘာကြီးအပေါ်ထားတဲ့ စိတ်ရှည်သည်းခံမှုကပဲအောင်မြင်မလား ထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်တဲ့ လူတွေကပဲ မှန်ကန်နေမလားဆိုတာကို ရင်တထိပ်ထိပ်နဲ့စောင့်ကြည့်ရမယ့် Netflix ရဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ရှု့အားပေးကြပါဦးလို့ ကျွန်တော်တိုက်တွန်းလိုက်ပါရစေသြော်ဒါနဲ့ The Martianဇာတ်ကားထဲကလို တစ်ယောက်တည်း ရှင်သန်နေထိုင်ဖို့ စိုက်နည်းပျိုးနည်းတွေပါလေ့လာရမှာမို့ သီးပင်စားပင်တွေနဲ့ပတ်သက်ရင်ဗဟုသုတလည်းတိုးဦးမှာနော် Credit Review
4.7
IMDB:
4.7/10
19,104 votes
movie
IO (2019)
2019
Web-Rip 1080p
6.7
Bird Box (2018)
Netflix ရဲ့ Bird Box ဟာ A Quiet Place နဲ့ ဆင်ပါတယ်။ A Quiet Place မှာ လူတွေက အသံထွက်လို့မရသလို Bird Box မှာ မြင်မိလို့မရပါဘူး။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးတွေကို မြင်မိလိုက်တာနဲ့ လူတွေဟာ ချက်ချင်း ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ သတ်သေကြပါတယ်။ မကြည့်ခင်ကတော့ တော်တော်လေး မိုက်လောက်မဲ့ အနေအထားလို့ ထင်ခဲ့ရပေမဲ့ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ concept က အသစ်အဆန်းကြီးမဟုတ်ပါဘူး။ 2008 က ထွက်ခဲ့တဲ့ မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "The Happening" မှာ ရှိခဲ့ဖူးတယ်။ အဲကားမှာတော့ လေတိုက်လို့ ရှူမိသွားတဲ့လူတွေ အကုန်လုံး ကွကိုယ်သတ်သေကုန်ကြလို့ လေမရှူမိအောင် အလုံပိတ်နေပြီး ထွက်ပြေးကြရတဲ့ ...
6.7
IMDB:
6.7/10
186,457 votes
movie
Bird Box (2018)
2018
Web-Rip 1080p
Series TV
Movies
Genres
Action & Adventure
37
Animation
2
Comedy
13
Crime
19
Drama
37
Family
1
Fantasy
8
Horror
6
Mystery
17
Romance
9
Sci-Fi & Fantasy
25
Science Fiction
3
War & Politics
1
Western
1
Release year
2021
2020
2019
2018
2017
2016
2015
2014
2013
2012
2010
2009
2007
2005
2004
Genres
18+
26
Action
570
Adventure
287
Animation
120
Biography
59
Comedy
234
Crime
233
Documentary
4
Drama
465
Family
60
Fantasy
152
History
45
Horror
166
Music
19
Mystery
137
Romance
54
Science Fiction
154
Sport
11
Super Hero
52
Thriller
255
TV Movie
1
Uncategorized
8
War
25
Western
0
Release year
2019
2018
2017
2016
2015
2014
2013
2012
2011
2010
2009
2008
2007
2006
2005
2004
2003
2002
2001
2000
1999
1998
1997
1996
1995
1994
1993
1992
1991
1990
1989
1988
1987
1986
1985
1984
1983
1982
1980
1977
1974
1972
Quality
4k
Blu-ray 1080p
Blu-ray 4K
Blu-ray 720p
HD-Rip 1080p
HD-Rip 720p
Web-dl 1080p
Web-dl 4K
Web-Rip 1080p