M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

1987

A Chinese Ghost Story (1987) 7.6
A Chinese Ghost Story (1987) ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေးတစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး18+ ခေါင်းစဉ်တပ်လိုက်ပါမယ်..ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာမိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲ A Chinese Ghost Story ကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ အခုချိန်မှာတော့ ဒီဇာတ်ကားထဲကအဓိကမင်းသားဇာတ်ကောင် ဖြစ်တဲ့ Leslie Cheung ဟာ 2003 ခုနှစ်ဧပရယ် ၁ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့ Mandarin Oriental Hotel ရဲ့24 ထပ်ကနေ ခုန်ချပြီးအဆုံးစီရင်ခဲ့လို့ သေဆုံးပြီးဖြစ်နေပါပြီမင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 51 နှစ်ဖြစ်နေပါပြီကျွန်တော့်အမြင်ကိုပြောရရင်တော့ A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှသိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..လူသားကောင်လေးတစ်ယောက်နဲ့တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ်ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ...
7.6
IMDB: 7.6/10 7,922 votes
movie

A Chinese Ghost Story (1987)

1987
Blu-ray 1080p
Empire of the Sun (1987) 7.8
Empire of the Sun (1987) ဒုတိယကမ္ဘာကြီးအတွင်း Jamie Graham(Jim) ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ Jim အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတဲ့သူက ကျနော့်အကြိုက်ဆုံး မင်းသားတစ်လက်ဖြစ်တဲ့ Christian Bale ပေါက်စလေးဖြစ်တယ်။ Jim ဟာ တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ အင်္ဂလိပ်လူကုံထံမိသားစုက တစ်ဦးတည်းသားလေးပါ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်တပ်တွေ ရှန်ဟိုင်းမြို့ကို အလုံးအရင်းနဲ့ ကျူးကျော်ကြတော့တယ်။ Jim တို့မိသားစုလည်း စစ်ဒဏ်ရှောင်ဖို့ နေအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးကြရတယ်။ ကံမကောင်းချင်တော့ Jim ဟာ သူ့ကလေးအိမ်မက် လေယာဉ်ပျံရုပ်လေးကို ကုန်းကောက်ရင်းနဲ့ လူအုပ်ကြီးထဲမှာ သူ့မိဘတွေနဲ့ လူကွဲသွားခဲ့ရတယ်။ Jim ဟာ နီးစပ်ရာ တွန်းလှည်းပေါ်တက်ပြီး သူ့မိဘတွေကိုလှမ်းခေါ်တယ်။ Jim အမေက Jim ကိုမြင်နေရပေမယ့် အတူခေါ်သွားဖို့မဖြစ်နိုင်တော့အတွက် Jim ကိုအိမ်ပြန်ပြီး စောင့်နေခိုင်းတယ်။ Jim လည်း တစ်ယောက်တည်း အိမ်ပြန်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ...
7.8
IMDB: 7.8/10 105,474 votes
movie

Empire of the Sun (1987)

1987
Blu-ray 1080p