M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


1990

M-Sub Movie Channel
The Godfather: Part III (1990) 7.6
The Godfather: Part III (1990) The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင် ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။ မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့ ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ The Godfather Part I – 1972 The Godfather Part II – 1974 The Godfather Part III – 1990 တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ် က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ...
7.6
IMDB: 7.6/10 326,616 votes
movie

The Godfather: Part III (1990)

1990
Blu-ray 1080p
A Chinese Ghost Story II (1990) 7.0
A Chinese Ghost Story II (1990) ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေးတစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး18+ ခေါင်းစဉ်တပ်လိုက်ပါမယ်..ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာမိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲ A Chinese Ghost Story ကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ အခုချိန်မှာတော့ ဒီဇာတ်ကားထဲကအဓိကမင်းသားဇာတ်ကောင် ဖြစ်တဲ့ Leslie Cheung ဟာ 2003 ခုနှစ်ဧပရယ် ၁ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့ Mandarin Oriental Hotel ရဲ့24 ထပ်ကနေ ခုန်ချပြီးအဆုံးစီရင်ခဲ့လို့ သေဆုံးပြီးဖြစ်နေပါပြီမင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 51 နှစ်ဖြစ်နေပါပြီကျွန်တော့်အမြင်ကိုပြောရရင်တော့ A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှသိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..လူသားကောင်လေးတစ်ယောက်နဲ့တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ်ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ...
7.0
IMDB: 7.0/10 2,838 votes
movie

A Chinese Ghost Story II (1990)

1990
Blu-ray 1080p
Pretty Woman (1990) 7.0
Pretty Woman (1990) ဘီလျံနာချမ်းသာတဲ့ သူဌေးတစ်ယောက်နဲ့ လမ်းပေါ်က ပြည့်တန်ဆာမလေးတို့ရဲ့ အချစ်ဇာတ်လမ်း…. Pretty Woman (1990) သည် IMDb 7.0/10 Rotten Tomatoes 61% Metacritic 51% Google users 87% ရထားသော ဒါရိုက်တာ Garry Marshall က ရိုက်ကူးထား၍ J.F. Lawton က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Richard Gere, Julia Roberts, Jason Alexander တို့ ပါဝင်သရုပ်ဆောင်ထားသော Comedy, Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…. တရားဝင်သော်လည်း အန္တရာယ်များတဲ့ စီးပွားရေးလုပ်နေတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ လူမှုရေးကိစ္စတွေအတွက် အစောင့်အကြပ်ရှိဖို့လိုနေတဲ့အခါ လှပတဲ့ ပြည့်တန်ဆာမလေးတစ်ဦးကို ငှားရမ်းရင်းနဲ့ ချစ်မိသွားတဲ့ အချစ်ဇာတ်လမ်းလေးပါ… Credit Review
7.0
IMDB: 7.0/10 256,982 votes
movie

Pretty Woman (1990)

1990
Blu-ray 1080p
Edward Scissorhands (1990) 7.9
Edward Scissorhands (1990) ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။ စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့…သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် သူအဲဒီမြို့ကပြန်သွားပြီး နောက်ပိုင်းမှာနှစ်တိုင်းနှင်းတွေကျနေလေရဲ့။နှင်းမှုန်လေးတွေကိုမြင်တိုင်း…..။ Credit - Review
7.9
IMDB: 7.9/10 408,997 votes
movie

Edward Scissorhands (1990)

1990
Blu-ray 1080p