M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

1994

The Lion King (1994) 8.5
The Lion King (1994) ဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေး ကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ……. Credit Review
8.5
IMDB: 8.5/10 847,835 votes
movie

The Lion King (1994)

1994
Blu-ray 1080p
Dumb and Dumber (1994) 7.3
Dumb and Dumber (1994) သိကြတဲ့အတိုင်း အနောက်တိုင်းဟာသကားတွေထဲမှာ တော်တော်ရယ်ရတဲ့ကားဆိုတာသိပ်ကို ရှားတယ်ဗျ တော်တော်များများကပေါ့ပေါ့ပါးပါးဟာသ တွေပဲများတာလေဒါပေမယ့် ဒီကားလေးကျတော့ တော်တော်ရယ်ရတယ်ဗျအနောက်တိုင်းဟာသတွေက မရယ်ရပါဘူးကွာ ထမင်းစားရင်းကြည့်မယ်တော့ မလုပ်နဲ့ဗျို့ သီးလိမ့်မယ်ဗျအခန်းတိုင်းလိုလိုရယ်နေရတာမျိုး ဟာသတွေကိုဖောဖောသီသီကြီးတွေ့ရတယ်ဗျ မင်းသားကလဲ ကျွန်တော့်လို Comedy ကြိုက်တဲ့သူတိုင်းရဲ့ Idol ကြီး Jim carrey ဖြစ်ပြီး1994 ထွက်ဖြစ်ပေမယ့် ဟာသတွေကခေတ်ဆန်နေတာကိုတွေ့ရမယ်ဗျ IMDB အနေနဲ့လဲ 7.3 ခရမ်းချဉ်သီးအနေနဲ့လဲ 67% ဆိုတော့Comedy တွေထဲမယ် ဒီလောက်ရတာမျိုးက တော်တော်ကြီးကို ကောင်းကောင်းကြီးဆိုတာပြောစရာမလိုလောက်ပါဘူးနော် ဇာတ်လမ်းအကျဉ်း တလွဲညဏ်ကောင်း လော်ရဒ်တစ်ယောက် သူလေယာဉ်ကွင်းလိုက်ပို့ရမယ့် ဧည့်သည်မယ်ရီ လေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်ဖြစ်ချင်တာ့ မယ်ရီက အကြောင်းတစ်ခုကြောင့်သူမ လက်ဆွဲအိတ်ကို လေယာဉ်ကွင်းမှာထားခဲ့ရမှာ ဖြစ်တယ်ဒါပေမယ့် လော်ရဒ်ခဗျာ အိတ်ကျန်ခဲ့တယ်အမှတ်နဲ့ မယ်ရီကို လိုက်ပေးလို့ မမှီတော့ သူပဲသိမ်းထားလိုက်မိတယ်အဲ့ဒီ အိတ်အနောက်ကို လူဆိုးတွေကလဲ လိုက်နေကြတယ်ဒီလိုနဲ့ လော်ရဒ်နဲ့ သူ့သူငယ်ချင်း ဟယ်ရီတို့ ပြသနာတွေ များစွာကိုမခံနိုင်တော့တဲ့အဆုံးတရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့စကားအတိုင်း တခြားမြို့မှာ အခြေချဖို့ မယ်ရီ ...
7.3
IMDB: 7.3/10 325,319 votes
movie

Dumb and Dumber (1994)

1994
Blu-ray 1080p