M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

2000

The Patriot (2000) 7.2
The Patriot (2000) ၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာ သူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက်မူ့ကနေ ဝေးဝေမှာနေလိုပြီး မိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။ သို့သော်က မပါတ်သတ်လိုပေမယ့် ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့ တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့ သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။ တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကို စောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ သားဖြစ်သူက ဒဏ်ရာရလာခဲ့ပါတယ်။ သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီး နှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန် ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကို ဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက် တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့ တပိုင်းတစကူညီရပါတော့တယ်။ Mel Gibsonရဲ့ Brave Heart နဲ့ ...
7.2
IMDB: 7.2/10 235,458 votes
movie

The Patriot (2000)

2000
Blu-ray 1080p
American Psycho (2000) 7.6
American Psycho (2000) အ​မေရိကန်​ ပြည်​​ထောင်​စု ၉ဝနှစ်​ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်း​တွေကြားက အချင်းချင်းပြိုင်​ဆိုင်​မှု​တွေ မနာလိုမှု​တွေ အဆင့်​အတန်းခွဲ ခြားမှု​တွေပြည့်​နှက်​​နေခဲ့တယ်​ ....ရယ်​​မောစကား​ပြော​နေ​ပေမယ့်​ အတွင်းစိတ်​က မုန်းတီး​နေကြတဲ့ ပတ်​ဝန်းကျင်​တစ်​ခု….. ဒီလိုအနေအထားမှာ ပက်​ထရစ်​ ဘိတ်​မန်း တစ်​​ယောက်​ သူကြည့်​မရတဲ့ လုပ်​​ဖော်​ကိုင်​ဘက်​ကို သတ်​ပစ်​ခဲ့တယ်​ ...သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ…ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်….ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်..….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်...နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ် Review Credit - Channel Myanmar
7.6
IMDB: 7.6/10 423,649 votes
movie

American Psycho (2000)

2000
Blu-ray 1080p