M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


2003

M-Sub Movie Channel
Kill Bill: Vol. 1 (2003) 8.1
Kill Bill: Vol. 1 (2003) အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအ၀င် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။“သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ...
8.1
IMDB: 8.1/10 910,189 votes
movie

Kill Bill: Vol. 1 (2003)

2003
Blu-ray 1080p
Bad Boys II (2003) 6.6
Bad Boys II (2003) Bad Boys ဟာဆိုရင်အညွှန်းရေးစရာမလိုအောင်ကောင်းတဲ့ဇာတ်လမ်းတစ်ခု ဆိုတာသိပြီးသားဖြစ်ကြမှာပါနော်။ဒါရိုက်တာ Micheal Bay ဒေါ်လာ ၁၃၀မီလီယမ်အကုန်အကျခံ ရိုက်ကူးထားပြီးဒေါ်လာ ၂၇၃ မီလီယမ်ပြန်လည်ရရှိခဲ့ပါတယ်။မားကပ်စ် ဘားနတ်(Martin Lawrence) နဲ့ သူ့တွဲဖက်ကြီး မိုက်ခ် (Will Smith) တို့ သူငယ်ချင်းအဆင့်ကနေ ယောက်ဖတွေအဖြစ်ရာထူးတိုးသွားကြတဲ့အပိုင်းပေါ့။မားကပ်စ်ရဲ့ ညီမလေး ဆစ်ဒ်(Gabrielle Union) ကိုဂျော်နီတပီယာဆိုတဲ့ဘိန်းမှောင်ခိုသမားက ဖမ်းခေါ်သွားတဲ့အခါညီမချောလေးကိုကယ်မယ့်အစ်ကိုကြီး မားကပ်စ်နဲ့ချစ်သူလေးကိုထိခိုက်မှာစိုးတဲ့ မိုက်ခ်တို့ရုရှားတွေနဲ့ဘယ်လိုသွေးချောင်းစီးအောင်တိုက်ခိုက်ကြမလဲ။အစိုးရကနိုင်ငံရေးအခက်အခဲတွေကြောင့်ဓားစာခံ ဆစ်ဒ်ကိုကယ်ပေးဖို့တွေဝေမှုတွေကြားကလုပ်ဖော်ကိုင်ဖက်ကောင်းတွေနဲ့ဘယ်လိုတိုက်ခိုက်သွားတယ်ဆိုတာBad Boys 2 မှာသဲထိတ်ရင်ဖိုကြည့်ရှုခံစားကြည့်ပါနော်။ Credit Review
6.6
IMDB: 6.6/10 207,680 votes
movie

Bad Boys II (2003)

2003
Blu-ray 1080p
Terminator 3: Rise of the Machines (2003) 6.3
Terminator 3: Rise of the Machines (2003) ငယ်ငယ်က အကြိုက်ဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ မင်းသားကြီး အာနိုးရဲ့ 2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The terminator 3 ကို ပြန်တင်ပေးလိုက်ပါတယ်။ အရည်ပျော်စက်ရုပ် ဇာတ်ကားရယ်လို့ ကျနော်တို့တွေ ပြောခဲ့ကြတာ မှတ်မိကြဦးမယ် ထင်ပါတယ်။အခု တတိယမြောက်ဇာတ်ကားကတော့ ပထမနှစ်ကားနဲ့အဆက်အစပ်မရှိဘူး ပြောလို့ရသလို အဆက်အစပ်ရှိတယ်လို့လည်း ပြောလို့ရပါတယ်။ ဒီဇာတ်ကားမှာတော့စက်ရုပ်တွေနဲ့ လူသားတွေ ကမ္ဘာမြေပေါ်မှာ စစ်ပွဲတွေ အကြီးအကျယ် ဖြစ်နေချိန်မှာ Time machine ကိုအသုံးပြုပြီး ဒီစစ်ပွဲကြီး မဖြစ်ခင်အချိန်ကာလကကို သွားရောက်ပြီးကြိုတင်တားဆီးဖို့ ကြိုးစားတာဖြစ်ပါတယ်။ IMDB Rating 6.4/10 ရရှိထားပါတယ်။ မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။ Credit Review
6.3
IMDB: 6.3/10 350,763 votes
movie

Terminator 3: Rise of the Machines (2003)

2003
Blu-ray 1080p
Lara Croft Tomb Raider: The Cradle of Life (2003) 5.5
Lara Croft Tomb Raider: The Cradle of Life (2003) သတ္တိရှိတဲ့ ဗြိတိသျှလူမျိုး အမျိုးသမီးဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ လာရာခရော့ဖ်ဆိုသူက တကယ့်ကိုအရေးကြီးတဲ့ ရှာဖွေမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒဏ္ဏာရီထဲက ပန်ဒိုယာမင်းသမီးလေးရဲ့ သေတ္တာကိုရှာဖွေဖို့အတွက် လမ်းညွှန်ထားတဲ့ ကျောက်ဘောလုံးကိုရှာဖွေခဲ့ခြင်းပါပဲ။ ကံမကောင်းစွာနဲ့ပဲ လူကိုသေစေတဲ့ ဗိုင်းရပ်စ်တွေ လက်နက်တွေပြုလုပ်သူ ဂျော်နသန်ရီးစစ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦး လက်ထဲကို ကျောက်ဘောလုံးက ရောက်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ လာရာလဲ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး သူ့ရဲ့ အရင်ရည်းစားဟောင်းတဦးဖြစ်သူတယ်ရီ ရှရီဒန်ဆိုတဲ့ လူကို အကူအညီတောင်းပြီး ရီးစစ်ဆီက ကျောက်ဘောလုံးကို ပြန်ရယူဖို့ ကြိုးစားခဲ့ရပြန်တယ်။သူတို့၂ယောက် ကျောက်ဘောလုံးကညွှန်ပြတဲ့ ပန်ဒိုယာသေတ္တာရှိတဲ့နေရာကို ဘယ်လို စွန့်စားခန်းတွေဖွင့်ပြီးသွားကြမယ်.. ရီးစစ်လက်ထဲကနေ ကျောက်ဘောလုံးကို ပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရင်း ဆက်လက်ရှုစားကြပါဦးလို့ပြောရင်း ခံစားပေးကြပါဦးလို့…. Credit Review
5.5
IMDB: 5.5/10 122,122 votes
movie

Lara Croft Tomb Raider: The Cradle of Life (2003)

2003
Blu-ray 1080p
Underworld (2003) 7.0
Underworld (2003) 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး Underworld ဇာတ်ကားရဲ့ ပထမဆုံးပွဲဦးထွက်ဇာတ်ကားဆိုရင်လဲ မမှားပါဘူးဗျ ဒီကားမှာပဲ Underworld ပရိတ်သတ်တွေက အသည်းခိုက် ကြိုက်နှစ်သက်ခဲ့ကြပြီး နောက်ထပ်ရိုက်ကူးမဲ့ Underworld 2 , 3, 4, 5 တို့အတွက် ပရိတ်သတ်အားပေးမှုက တွန်းအားတစ်ခုဖြစ်စေခဲ့တယ်ဆိုရင်လဲ မမှားပါဘူး ဇာတ်လမ်း အကျဉ်းလေးကတော့ ဗန်ပိုင်းယား သေမင်းတမန်စစ်သည်တစ်ဦးဖြစ်သူ ဆယ်လီဟာ ဗန်ပိုင်းယားတွေနဲ့ သမန်းဝံပလွေတွေကြားထဲကပဋိပက္ခအတွက် တိုက်ခိုက်ရင်း သမန်းဝံပလွေဖြစ်သူ မိုက်ကယ်နဲ့ချစ်ကြိုးသွယ်ခဲ့မိပါတယ် ဒီလိုနဲ့ မိုက်ကယ် နဲ့ ဆယ်လီ တို့ ၂ယောက်အချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား ဆယ်လီကကော ရန်သူတဖြစ်လဲချစ်သူနဲ့ဘယ်လိုတွေများဆက်လက် ကြုံတွေ့ရမလဲဆိုတာကို တော့ Credit Review Translated By Wanna Ko Ko
7.0
IMDB: 7.0/10 238,583 votes
movie

Underworld (2003)

2003
Blu-ray 1080p
2 Fast 2 Furious (2003) 5.9
2 Fast 2 Furious (2003) နှစ်ဖက်ခွလုပ်နေတဲ့ Brian တစ်ယောက်မမျှော်လင့်ဘဲ ကားပြိုင်ပွဲတစ်ခုမှာ အဖမ်းခံလိုက်ရပြီးတော့ FBI အေးဂျင့်တွေနဲ့ပြန်ပေါင်းရပြီးတော့ လျှို့ဝှက်စစ်ဆင်းရေးတစ်ခုကိုလုပ်ရပါတော့တယ်။ ဒီလိုနဲ့ သူရဲ့ သူငယ်ချင်းဟောင်းဖြစ်တဲ့ Roman Pearce ကထောင်ကျနေတာကြောင့် FBI နဲ့ပေါင်းပြီးလုပ်ရင် သူတို့ရဲ့ ပြစ်မှုတွေအကုန်ဖျက်ပေးမယ်ဆိုတဲ့အပေးအယူနဲ့လုပ်ခဲ့ကြပါတယ်။ ဘယ်လို လျှို့ဝှက်စစ်ဆင်းရေးတုန်းဆိုတော့ ငွေမဲတွေ တရားမဝင် လွှဲနေတဲ့ Carter Verone ကို ဖမ်းစီးဖို့အတွက်ဘဲဖြစ်ပါတယ်။ Brian နဲ့ Roman Pearce တို့က အာ့မှာသူ့ရဲ့ ယာဉ်မောင်းအသွင် ယူပြီးတော့သတင်းတွေရရယူဖို့ကြိုးစားပေးရမှာပါ။ သူတို့ရဲ့ရှေ့မှာတော့ အေးဂျင့် Monica က Verone ရဲ့ ချစ်သူအသွင်ယူပြီးတော့ သတင်းတွေကို ဖြည်းဖြည်းချင်းပို့ပေးနေတဲ့သူတစ်ယောက် ဘဲဖြစ်ပါတယ်။ Brian နဲ့ Roman တို့နှစ်ယောက် Verone ကိုဖမ်းဆီးပြီး ပြစ်မှုတွေကိုဖျက်နိုင်သွား မလား... ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲ ဆက်လက်အားပေးကြပါလို့တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားထဲမှာ ပြိုင်ကားအလန်းတွေလည်းပါဝင်တာမို့ ပြိုင်ကားချစ်ပရိတ်သတ်တွေကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်) Credit Review
5.9
IMDB: 5.9/10 229,396 votes
movie

2 Fast 2 Furious (2003)

2003
Blu-ray 1080p
The Lord of the Rings: The Return of the King (2003) 8.9
The Lord of the Rings: The Return of the King (2003) ဒီကားကတော့ လူကြိုက်များ The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ...
8.9
IMDB: 8.9/10 1,461,752 votes
movie

The Lord of the Rings: The Return of the King (2003)

2003
Blu-ray 1080p