M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

2005

V for Vendetta (2005) 8.2
V for Vendetta (2005) နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်န၀ါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Ratingမြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ Credit Review
8.2
IMDB: 8.2/10 946,204 votes
movie

V for Vendetta (2005)

2005
Blu-ray 1080p
The Batman vs. Dracula (2005) 6.7
The Batman vs. Dracula (2005) Gotham မြို့ရဲ့ ညဥ့်သန်းခေါင်ယံကတော့ အစဉ်အလာမပျက်ပါပဲ။ Arkham Asylum မှာ ထုံးစံအတိုင်း အကြမ်းဖက်မှုဖြစ်ပြီး၊ Joker နဲ့ Penguin တို့ ထွက်ပြေးလွတ်မြောက်သွားကြတယ်။ ဒါပေမယ့်၊ ဒီတစ်ခါမှာတော့ Joker တစ်ယောက် သူ့ကို လက်ရဖမ်းဖို့ကြိုးစားတဲ့ Batman ကို တုံ့ပြန်ရင်း သူ့စားရိတ်နဲ့သူ ကိစ္စချောသွားတဲ့အပြင်၊ Penguin ဟာလဲ Gotham ကနေ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့တယ်။ တစ်ဖက်မှာ သူ့ကုမ္ပဏီရဲ့ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာသစ်ကို လက်စသတ်နိုင်ဖို့ ကြိုးစားနေတဲ့ Bruce Wayne တစ်ယောက်၊ သူ့ရဲ့ရန်သူတော်တွေ ဒီလိုဖြစ်သွားတဲ့အတွက် ၀မ်းနည်းဝမ်းသာ ဖြစ်နေတုန်းမှာ၊ Gotham မှာ လူပျောက်ဆုံးမှူတွေ မသင်္ကာစရာကောင်းလောက်အောင် ဆက်တိုက်ဖြစ်လာခဲ့တယ်။ ညဖက်ဆိုရင် အပြင်မထွက်ရဲအောင်ထိ ဆိုးဆိုးရွားရွားဖြစ်လာတဲ့ ဒီပျောက်ဆုံးမှူတွေနောက် ခြေရာခံလိုက်ရင်း၊ ဒီလူတွေဟာ ပြန်ပေးဆွဲခံထားရတာ မဟုတ်ပဲ၊ လူသာမန်တစ်ယောက် စွမ်းနိုင်ခဲတဲ့ အရာတွေကို လုပ်နိုင်တဲ့ ...
6.7
IMDB: 6.7/10 7,335 votes
movie

The Batman vs. Dracula (2005)

2005
Web-dl 1080p
Harry Potter and the Goblet of Fire (2005) 7.7

Harry Potter and the Goblet of Fire (2005)

2005
Blu-ray 1080p
War of the Worlds (2005) 6.5
War of the Worlds (2005) တစ်​ကားဆိုတစ်​ကား ​ငွေ​ကြေးအရ​အောင်​မြင်​ရုံအတွက်​သာမကပဲ အနုပညာလက်​ရာတန်​ဖိုးအ​နေနဲ့ပါ ​ပြောစမှတ်​တွင်​ကျန်​​အောင်​ ရိုက်​ကူး​လေ့ရှိတဲ့ ဒါရိုက်​တာကြီး စတီ​ဖင်​စပီးဘာ့ဂ်ျ​ရဲ့ ဆု​ပေါင်းများစွာရရှိထားတဲ့ဇာတ်​ကား​လေးပါ။ Ray ဆိုတဲ့ သာမန်​ crane operator ​လေးတစ်​​ယောက်​။ ဇနီးနဲ့ကွာရှင်းထားပြီး သမီးတစ်​​ယောက်​ သားတစ်​​ယောက်​နဲ့ ​နေရတဲ့လက်​လုပ်​လက်​စားသမား​လေးတစ်​​ယောက်​ရဲ့ ဘဝဟာ ကမ္ဘာကြီးကိုအုပ်​စိုးချုပ်​ကိုင်​မယ့်​ ဂြိုဟ်​သား​တွေရန်​က​နေလွတ်​​အောင်​ ​ပြေးရင်းနဲ့ပဲ သူ့ရဲ့ သတ္တိနဲ့ ကြံရည်​ဖန်​ရည်​​ကြောင့်​ပဲ သူရဲ​ကောင်းတစ်​ဦးအဖြစ်​ ​ရောက်​ရှိခဲ့ပုံပါ။ လမ်းမ​တွေထက်​မှာ ဂြိုဟ်​သား​တွေရဲ့ tripod ​တွေရန်​က သားသမီး​တွေရဲ့ အသက်​​ဘေးကိုကာကွယ်​ဖို့ ​ပြေးလွှားရပုံ​တွေ၊ လက်​နက်​ဆန်း​တွေနဲ့ ကြမ်းတမ်းလှတဲ့ တိုက်​ပွဲ​တွေကြားက မိဘ​မေတ္တာနဲ့ လူသား​တွေရဲ့ ရုန်းကန်​လှုပ်​ရှားမှု​တွေကို မြင်​​တွေ့ခံစားကြရမှာပါ။ မင်းသားက Tom Cruise ၊ မင်းသမီးက Dakota Fanning ဆို​တော့ သရုပ်​​ဆောင်​​ပိုင်းအရ​ရော ရိုက်​ချက်​​တွေအယူအဆ​တွေပိုင်းမှာ​ရော ​ပြောစရာမလို​အောင်​ ​ကောင်းမွန်တဲ့ဇာတ်​ကားဖြစ်​ပါတယ်​။ ၂၀၀၅ ခုနှစ်​မှာ ​အောင်​မြင်​မှု​တွေ တပုံကြီးနဲ့ မသိသူမရှိခဲ့တဲ့ ဇာတ်​ကား​လေးကို ပြန်​ကြည့်​ချင်​သူ​တွေအတွက်​​ရော ...
6.5
IMDB: 6.5/10 382,990 votes
movie

War of the Worlds (2005)

2005
Blu-ray 1080p
King Kong (2005) 7.2
King Kong (2005) ရိုက်ကူးခဲ့သမျှအရုံးပေါ်တတ်တဲ့ တဇွတ်ထိုးဒါရိုက်တာကားလ်တစ်ယောက် ကမ္ဘာ့မြေပုံမှာ မရှိသေးတဲ့ကျွန်းတစ်ကျွန်းမှာ သွားရောက်ရိုက်ကူးဖို့ကြံစည်နေချိန်မျာပဲ ထုတ်လုပ်သူတွေက သူ့ကိုမယုံကြည့်တော့ဘူးဆိုတာသိလိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့ကိုအမြန်ခေါ်ပြီး သင်္ဘောတစ်စင်းနဲ့အဲဒီကျွန်းဆီထွက်ခွာသွားပါတော့တယ်။အဲဒီကျွန်းရဲ့နာမည်ကတော့ ပြန်လမ်းမရှိတဲ့ အရိုးခေါင်းကျွန်းပါပဲ။ အဲဒီမှာ ကမ္ဘာဦးကသတ္တဝါဆိုးတွေနဲ့ဘယ်လိုဘယ်ပုံကြုံတွေ့ရမယ်စွန့်စားခန်းတွေဘယ်လိုကျော်ဖြတ်ရမယ် သည်းထိတ်ရင်ဖို ကမ္ဘာကျော်ခဲ့တဲ့ဇာတ်ကားလေးပါ။IMBD Rating 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကို မြန်မာစာတန်းထိုးနဲ့တင်ဆက်ပေးလိုက်ပါတယ် မိတ်ဆွေများအားလုံး အဆင်ပြေစွာကြည့်ရှုနိုင်စေရန်အတွက် ဖိုင်ဆိုဒ် သုံးမျိုးနဲ့စီစဉ်တင်ဆက်ထားပါတယ်
7.2
IMDB: 7.2/10 361,884 votes
movie

King Kong (2005)

2005
Blu-ray 1080p
Star Wars: Episode III – Revenge of the Sith (2005) 7.6
Star Wars: Episode III – Revenge of the Sith (2005) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
7.6
IMDB: 7.6/10 627,068 votes
movie

Star Wars: Episode III – Revenge of the Sith (2005)

2005
Blu-ray 1080p
The Chronicles of Narnia: The Lion, the Witch and the Wardrobe (2005) 6.9
The Chronicles of Narnia: The Lion, the Witch and the Wardrobe (2005) Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလဝတ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ဇာတ်လမ်းအကျဉ်းမှာတော့ ပီတာ၊အက်မွန်၊ဆူဆန် နဲ့ လူစီ ဆိုတဲ့ မောင်နှမလေးယောက်ဟာ ထူးဆန်းတဲ့ ဗီရိုကြီး တစ်လုံးဆီကနေ ဖြတ်ပြီး မှော်ကမ္ဘာကြီးထဲက နာနီယာနိုင်ငံထဲကို ...
6.9
IMDB: 6.9/10 335,661 votes
movie

The Chronicles of Narnia: The Lion, the Witch and the Wardrobe (2005)

2005
Blu-ray 1080p
Constantine (2005) 7.0
Constantine (2005) မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ။ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 6.9 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါ Review Credit to Channel Myanmar
7.0
IMDB: 7.0/10 272,861 votes
movie

Constantine (2005)

2005
Blu-ray 1080p