M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

2008

Yes Man (2008) 6.8
Yes Man (2008) ရုပ်ရှင်ကားနာမည်ကတော့ Yes Man လို့အမည်ရပါတယ်… ဇာတ်လမ်းပုံစံလေးကတော့ လူတချို့ရဲ့စိတ်ထဲမှာ အဆိုးမြင်ဝါဒလေးတွေ ရှိတတ်ကြပါတယ်… ငါကအပြောမကောင်းဘူး၊ ငါကအပေါင်းအသင်းမဆံ့ဘူး၊ ငါကမတော်ဘူး ဆိုပြီး တခါတလေ ကိုယ့်ကိုယ်အဆိုးမြင်မိတတ်ကြပါတယ်… သည်ဇာတ်ကားထဲမှာလည်း ကားလ်ဟာ ကိုယ့်ကိုယ်ကို အဆိုးမြင်တဲ့စိတ်တွေနဲ့ ဘောင်လေးထဲမှာပဲ ပျော်မွေ့နေသူပါ… ဒါပေမယ့် တနေ့မှာတော့ ဟောပြောပွဲတခုကို တက်ရောက်ပြီးတဲ့နောက်မှာ သူ့အမြင်တွေပြောင်းလဲသွားခဲ့ပါတယ်… သူဟာ အဲသည်ပွဲကနေ မကောင်းမြင်ဝါဒီကို တိုက်ဖျက်နိုင်တဲ့ “Yes” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သူနားလည်သွားခဲ့ပါတယ်… ကားလ်တစ်ယောက် ဟောပြောပွဲမှာ ဘာတွေနားထောင်ခဲ့ရလို့ သူ့ရဲ့အမြင်တွေပြောင်းလဲသွားရတာလဲ… ဟောပြောပွဲကပြန်လာပြီးနောက်ပိုင်း သူ့ဘဝမှာဘာတွေ ဖြစ်လာမလဲဆိုတာတော့ သည်ဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးပါဦးနော်… သည်ဇာတ်ကားလေးက (၂၀၀၈)ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပေမယ့် IMDb rating 6.8 အထိရထားတာဆိုတော့ အခုထိပရိသတ်တွေ အသည်းစွဲနေဆဲပါပဲ… နောက်ပြီးတော့ မင်းသားကြီး Jim Carrey ဟာ သည်ဇာတ်ကားနဲ့ Best Comedic Performance ဆုကိုလည်း ...
6.8
IMDB: 6.8/10 312,138 votes
movie

Yes Man (2008)

2008
Blu-ray 1080p
Hancock (2008) 6.4
Hancock (2008) ကျနော် ကြိုက်လို့ ပြန်လိုက်တာပါ… လူအများကို ကယ်တင်ပေမယ့် လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ ဆူပါဟီးရိုး.. လူတွေ ဘယ်လိုထင်ထင် သူနေချင်သလို နေတတ်တဲ့ ဆူပါဟီးရိုး…လူတွေမုန်းတဲ့ ဆူပါဟီးရိုးကို လူတွေချစ်အောင် ဘာက ပြောင်းလဲပေးလိုက်မလဲ …ဆူပါဟီးရိုးကြီး ဟန်းကော့ခ်… Hancock (2008) သည် IMDb 6.4/10 Rotten Tomatoes 41% Metacritic 49% Google users 93% ဒါရိုက်တာ Peter Berg က ရိုက်ကူးထား၍ Vincent Ngo, Vince Gilligan တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Will Smith, Charlize Theron, Jason Bateman တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama, Fantasy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… ဟန်းကော့ဆိုတာ ပျက်စီးမှုတွေ သန်းချီဖြစ်စေတဲ့ ...
6.4
IMDB: 6.4/10 415,282 votes
movie

Hancock (2008)

2008
Blu-ray 1080p
Wanted (2008) 6.7
Wanted (2008) ၀ီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့  သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့ မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့ မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ ရဲ့ အတူနေချစ်သူက သူ့ အပေါ်သစ္စာမရှိပဲ သူရဲ့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့  ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့ အတူ သူ့ ချစ်သူအတွက် သန္ဓေတားဆေးပါ ၀ယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ … ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ ဆုံခဲ့တယ် ဖော့(စ်) က ၀ီစလေရဲ့ ဖခင် ကို သူမ သိကြောင်း ယမန် နေ့ ညက သူ့ အဖေ အသတ်ခံရကြောင်းနဲ့  ...
6.7
IMDB: 6.7/10 340,231 votes
movie

Wanted (2008)

2008
Blu-ray 1080p
Rambo (2008) 7.0
Rambo (2008) ဒီကားလေးကတော့၂၀၀၈ခုနှစ်ကထွက်ရှိခဲ့ပြီးထူးခြားတဲ့ဇတ်ကားလေးတစ်ကားပါမြန်မာပြည်မှာအပိတ်ခံထားရတဲ့ဇတ်ကားတစ်ကားပါပဲကန္တရစစ်ဆင်ရေးပြီးဆုံးသွားတော့ရမ်ဘိုတစ်ယောက်ထိုင်းနိုင်ငံကတောရွာလေးတစ်ရွာမှာအေးချမ်းစွာနေနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အေးချမ်းမှုကကြာရှည်မခံခဲ့ပါဘူးအမေရိကန်သတင်းထောက်တွေကိုမြန်မာ့တပ်မတော်ကဖမ်းဆီးထားတဲ့အခါမှာရမ်ဘိုနဲ့မြန်မာတပ်မတော်ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်ဒီကားကိုဇတ်ကားအနေနဲ့ပဲကြည့်ပေးပါလို့တောင်းဆိုချင်ပါတယ်ကဲဗမာ့တပ်မတော်နဲ့ရမ်ဘိုဘယ်လိုတိုက်ခိုက်ကြမလဲစောင့်ကြည့်လိုက်ကြပါအုံး Credit Review
7.0
IMDB: 7.0/10 201,556 votes
movie

Rambo (2008)

2008
Blu-ray 1080p
Red Cliff (2008) 7.4
Red Cliff (2008) ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။(ဘာသာမပြန်နိင်ဘူးနော် မပူဆာကြေး :P)။ တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောက်ဟာ လျိုပေ့ကို လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ စွန်းကျင်း နဲ့ စွန်းစီ ...
7.4
IMDB: 7.4/10 41,274 votes
movie

Red Cliff (2008)

2008
Blu-ray 1080p
A Frozen Flower (2008) 18+ 7.2
A Frozen Flower (2008) 18+ ဒီကားကတော့ လူတိုင်းသိပြီးသားနာမည်ကြီးကားတစ်ကားပဲဖြစ်ပါတယ်….တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရာဇ၀င်ကားတစ်ကားပဲဖြစ်ပါတယ်…ကိုရီးယားရဲ့နာမည်ကြီး မင်းသားကြီးတစ်လက်ဖြစ်တဲ့ Joo Jin Mo နဲ့ အခုလက်ရှိမှာလူသိများနေတဲ့ Sex is Zero 2 , မြ၀တီမှထုတ်လွှင့်သွားခဲ့တဲ့ ဂျူမုံဇာတ်လမ်းတွဲမှာကော , Running Man မှာလည်းပါဝင်ခဲ့တဲ့မင်းသမီး Song Ji Hyo တို့မှဦးဆောင်ပါဝင်ထားတာပဲဖြစ်ပါတယ်…..ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်….Gore ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ Joo Jin Mo ဟာ ယမ်မင်းဆက်ရဲ့မင်းသမီး Song Ji Hyo နဲ့လက်ထပ်ခဲ့ပေမယ့်သူတို့မှာထီးနန်းကိုဆက်ခံနိုင်မယ့် သားသမီးမထွန်းကားလာခဲ့ပါ….အဲ့ဒါကြောင့်ပဲ မင်းကြီး Joo Jin Mo နဲ့ ယမ်မင်းဆက်ဘုရင်ကြီးတို့မှာ ဖိအားတွေရှိလာခဲ့ပါတယ်…တစ်ဖက်မှာတော့ မင်းကြီး Joo Jin Mo ရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ Hong Rim ဟာ မင်းကြီးရဲ့ချစ်သူလည်းဖြစ်နေခဲ့ပါတယ်…နောက်ဆုံးမှာ မင်းကြီးဟာဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး သူ့ကိုယ်ရံတော်ဖြစ်တဲ့ Hong Rim နဲ့ သူ့မိဖုရားနဲ့ကိုအတူပေးနေစေပြီးတော့ ရင်သွေးရအောင်ကြံရပါတော့တယ်…အဲ့လိုနေပေးပြီးတဲ့ တစ်လျောက်မှာ ...
7.2
IMDB: 7.2/10 3,247 votes
movie

A Frozen Flower (2008) 18+

2008
Blu-ray 1080p
The Incredible Hulk (2008) 6.8
The Incredible Hulk (2008) IMDb 6.8 ရခဲ့ပြီး ၂၀၀၈ ခုနှစ်ကထွက်ခဲ့ပြီးဆုတစ်ဆုနဲ့ စကာတင် ဆု ၈ဆုထိရရှိခဲ့ပြီးပထမကားရဲ့ အဆက် ကို ဆက်လက်တင်ပေးလိုက်ပါတယ်ဒီကားမှာတော့ ပထမကားရဲ့ အဆက် ဘန်နာဟာ အမေရိကန် အစိုးရရဲ့လက်ကထွက်ပြေးလာရင်း သူ့ရဲ့ ဘဝကိုကုသနိုင်မယ့်နည်းလမ်းကိုရှာဖွေရင်းကုသဖို့နည်းလမ်းကို ရှာဖွေတွေ့ဖို့ နီးစမ်လာရာမှမထင်မှတ်ထားတဲ့ ပုံမှန်မဟုတ်တဲ့ ဇီဝဖြစ်စဉ်တွေကိုသူ့ရဲ့ ခန္ဓာကိုယ်က တုံ့ပြန်လာရာမှဘယ်လိုနည်းလမ်းနဲ့များကုသဖို့နည်းလမ်းကို ရှာတွေ့သွားမလဲအမေရိကန်အစိုးရကကော ရေကုန်ရေခန်း လိုက်လံနိမ့်နှင်းတာအောင်မြင်သွားမလားဆိုတာကိုဆက်လက်ကြည့်ရှူရမှာပါ Credit Review
6.8
IMDB: 6.8/10 388,957 votes
movie

The Incredible Hulk (2008)

2008
Blu-ray 1080p
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) Slumdog Millionaire လို့ပြောလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲ။ ဒီရုပ်ရှင်ကားဟာ အော်စကာဆု (၈)ဆုရရှိခဲ့သလို ကမ္ဘာအနှံ့ ဆုပေါင်း ၁၀၀ကျော်ဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ Jai Ho! (You Are My Destiny) MTV ဟာလဲ TOP 10 List ထဲမှာ လပေါင်းများစွာရှိနေခဲ့ပါတယ်…။ India နိုင်ငံရဲ့ သန်းပေါင်းများစွာ တန်တဲ့ ဥာဏ်စမ်းပြိုင်ပွဲမှာ လာပြိုင်တဲ့ကောင်လေးတစ်ယောက်ဟာ အဖြေတိုင်းကို အထစ်အငေါ့ မရှိဖြေဆိုနိုင်လို့ ခိုးချ ထားတယ်ထင်ပြီး ရဲတွေက ဖမ်းခေါ် ရိုက်နှိပ်စက်ပြီး စစ်ဆေးတဲ့အခါ အဖြေတွေဟာ ကြမ်းတမ်းလှတဲ့ သူ့ဘ၀ တစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေဆိုတာ မျက်ရည်ကျမတက် ပြန်လည်ကြည့်ရှုကြရမှာဖြစ်ပါတယ်…။IMDb Rating (8/10) Rotten Tomatoes (92%) ထိရရှိထားတဲ့ ဇာတ်ကားမို့လို့ သတိရတိုင်း ပြန်ကြည့်ဖို့ Quality ကောင်းကောင်းလေးနဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ Credit Review
8.0
IMDB: 8.0/10 738,900 votes
movie

Slumdog Millionaire (2008)

2008
Blu-ray 1080p
Hellboy II: The Golden Army (2008) 7.0
Hellboy II: The Golden Army (2008) ဒါလေးကတော့ ပထမ Hell Boy ရဲ့ အဆက်ကလေးပါ။ပထမ ကားမှာ မွေးစားအဖေကို ဆုံးရှုံးလိုက်ရပြီး မိန်းမရသွားတဲ့ Hell Boy ဟာ ငယ်စဉ် ကလေးဘဝ က သူ့အဖေ ပြောပြခဲ့တဲ့ ရွှေရောင်စစ်တပ်၊ မှော်နိုင်ငံ ၊ လူသား ကမ္ဘာ စတဲ့ ပုံပြင်တွေ နဲ့ အမှန်တကယ် ပတ်သက်ရတဲ့ အခါ…။Hell Boy ရဲ့ အမိန့်မနာခံမှုတွေ ကို မထိန်းသိမ်းနိုင်တော့လို့ ဝါရှင်တန် က ဘယ်သူ့ကို လွှတ်လိုက်မလဲ..။ငါးမျက်နှာနဲ့လူကလဲ သူ့မှာလဲ နှလုံးသားနဲ့ပါဆိုတာ ကို ဘယ်လို ပြမလဲ။ရွှေစစ်တပ် ဆိုတာ ဘာလဲ..။မကောင်းဆိုးဝါး ဆိုတာဘာလဲ။ လူဆိုတာကေရာ?ရွေးချယ်မှု နဲ့ ဗီဇ ဘယ်ဟာ က လွှမ်းမိုးသွားမလဲ။စတာတွေ ကို ကြည့်ရင်းနဲ့ ၂၀၁၉ မှာ ထွက်မဲ့ Hell Boy 3 မလာခင် ကြိုတင် စာပြန်နွှေးထားကြရအောင်ပါဗျာ။ အညွှန်းနဲ့ သိဒ္ဓိဝင် ဇီဝက ဘဲဖြစ်ပါတယ်။
7.0
IMDB: 7.0/10 236,076 votes
movie

Hellboy II: The Golden Army (2008)

2008
Blu-ray 1080p
The Boy in the Striped Pajamas (2008) 7.8
The Boy in the Striped Pajamas (2008) ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီးဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်းအပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့် ဒီဇာတ်ကားလေးဟာ ဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကိုအုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကိုဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာမထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲသူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်ကကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်း Sharlock ဖြစ်ပါတယ်။ Credit Review
7.8
IMDB: 7.8/10 166,924 votes
movie

The Boy in the Striped Pajamas (2008)

2008
Blu-ray 1080p
Kung Fu Panda (2008) 7.6
Kung Fu Panda (2008) DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ... လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ...ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်… ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်...သူ့နာမည်ကတော့ 'ပို' လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်...ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး ကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်...သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား ငါးယောက်လည်းရှိပါတယ်...သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်.... တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပပါတော့တယ်...ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်... 'ပို' တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့် သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်... 'ပို' တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်...ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ... 'ပို' လည်း အရမ်းကြည့်ချင်နေတာနဲ့ အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်...ဒီလိုနဲ့ ...
7.6
IMDB: 7.6/10 371,181 votes
movie

Kung Fu Panda (2008)

2008
Blu-ray 1080p
The Chronicles of Narnia: Prince Caspian (2008) 6.5
The Chronicles of Narnia: Prince Caspian (2008) Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလဝတ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဒုတိယမြောက်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ နာနီယာကို ဘုရင်နဲ့ဘုရင်မတွေဖြစ်တဲ့ ပီတာ၊အက်မွန်၊ဆူဆန်နဲ့လူစီတို့ စွန့်ခွာသွားပြီးချိန်က စပါတယ်။ မောင်နှမလေးယောက်ဟာ အင်္ဂလန်ကို ပြန်ရောက်တာ ...
6.5
IMDB: 6.5/10 176,439 votes
movie

The Chronicles of Narnia: Prince Caspian (2008)

2008
Blu-ray 1080p
Inkheart (2008) 6.1
Inkheart (2008) IMDb rating 6.1/10 ရရှိထားတဲ့ ဒီကားလေးဟာဆိုရင်တော့ Visual Effect အလန်းစားတွေကိုကြည့်ရှူရမှာပါ။English စာရေးဆရာ မို ဟာ သူ့ ဇနီး ဆုံးပါးသွားတဲ့ နောက်မှာတော့ သူ့ ရဲ့ ဆယ့်သုံးနှစ်အရွယ်သမီးလေး မက်ဂီ ကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေခဲ့သူတစ်ယောက်ပါ။သူဟာ ရှေးဟောင်းစာအုပ်တွေ ကို ရှာဖွေစုဆောင်းဖို့ အတွက် ဥရောပ တစ်ခွင်ကို ခြေဆန့် ခရီးထွက်နေသူပါ။သူ့ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Ink heart ဆိုတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ရှာဖွေဖို့ အတွက်ပဲ ဖြစ်ပါတယ်။အဲလို စာအုပ်ကို ရှာနေတဲ့ အချိန်မှာပဲ မက်ဂီဟာ သူ့ အဖေကို dustfinger လို့ ခေါ်တဲ့ လူတစ်ယောက် ကsilvertongue လို့ ခေါ်သံကိုကြားလိုက်ရတဲ့ နောက်တော့….မက်ဂီ က သူ့ အဖေဟာ ပုံပြင်ထဲက ...
6.1
IMDB: 6.1/10 68,212 votes
movie

Inkheart (2008)

2008
Blu-ray 1080p