M-Sub Movie – Myanmar Subtitle Movies & Series Free Download Website

2009

17 Again (2009) 6.4
17 Again (2009) Mike O’Donnell ဆိုတဲ့ လူတစ်ယောက်က 17နှစ်အရွယ်တုန်းက အထက်တန်းကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းမှာ နာမည်ကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ် Scarlet ဆိုတဲ့ မိန်းမချောလေးနဲ့လဲ တွဲခုတ်နေခဲ့တာပေါ့ မကြာခင် ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတော့ သူတို့လက်ထပ်ဖြစ်သွားတယ်ပဲ ဆိုပါတော့ နှစ်၂၀လောက်ကြာတဲ့အခါ Mike ကလုံးဝကို အရှုံးသမားဖြစ်နေပါပြီ သူ့ကျရှုံးမှုတွေအတွက် ဇနီး Scarlet ကိုအပြစ်တင်လို့ ဇနီးကလဲ သူ့ကိုကွာရှင်းသွားပါပြီ သားနဲ့သမီးကလဲ သူ့ကိုမုန်းတီးနေကြပြီး 16နှစ်ကြာလုပ်ကိုင်လာတဲ့ အလုပ်လဲပြုတ်သွားပါတယ် နောက်ဆုံးတော့ ငယ်သူငယ်ချင်း ခပ်ကြောင်ကြောင် သူဌေးတစ်ယောက်ဆီ ကပ်နေရတဲ့ဘဝအထိရောက်သွားရပါတယ် Mike ကို တံခါးဟောင်းကြီးတစ်ယောက်က ဘဝမှာ ဒုတိယအခွင့်အရေးဆိုတာရှိကြောင်း ပြောပြပြီး အဲ့ဒီညမှာပဲ အဲ့လူက တံတားပေါ်ကနေ မြစ်ထဲခုန်ချဖို့ကြိုးစားတာကို Mike တွေ့သွားလို့ အသဲအသန်လိုက်ကယ်ပေမဲ့ မအောင်မြင်ခဲ့ပဲ သူပါမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ် အဲ့ဒီနောက် အိမ်ကိုပြန်ရောက်တဲ့အခါ သူဟာ 17နှစ်သားလေး ပြန်ဖြစ်နေတာကို ထူးဆန်းစွာတွေ့ရှိလိုက်ရပါတော့တယ် ဒုတိယအကြိမ်ရောက်လာတဲ့ အခွင့်အရေးကို အသုံးချပြီး သူ့မိသားစုနဲ့ ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် Credit Review
6.4
IMDB: 6.4/10 167,940 votes
movie

17 Again (2009)

2009
Blu-ray 1080p
Castaway on the Moon (2009) 8.1
Castaway on the Moon (2009) ဒီတစ်ခေါက် တင်ပေးမှာကတော့ Castaway on the moon ဇာတ်ကားလေးပါ။ ဒီကားလေးက Tom Hank သရုပ်ဆောင်ခဲ့ပြီး oscar ရခဲ့တယ့် Castaway လိုဇာတ်လမ်းမျိုးလေးပါ။ ဒါပေမယ့်ဒီကားက ဟာသနဲ့ ပေါင်းထားပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.1 ၊Rotten Tommatoes 93%၊ AsiaWiki Rating 93% တို့ နဲ့ Rating အမြင့်ကြီးတွေရရှိထားပါတယ်။ Tom Hant ကားထက် IMDb Rating ပိုမြင့်ပါတယ်။ ဒီကားကို ၂၀၀၉ ခုနှစ်ကပြသခဲ့ပြီး အဓိက မင်းသားဂျောင်ဂျေရောင်း နဲ့  အဓီကမင်းသမီး ဂျောင်းယိုဝန်း တို့ ကသရုပ်ဆောင်ထားပါတယ်။ Budget 5မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box Officeမှာ ၃၇ မီလီယံ ပြန် လည်ရရှိခဲ့ပါတယ်။ တစ်ကားလုံးကု ၁၁၆ မိနစ်ကြာ ပြီး တစ်မှုထူးခြားတယ့် ဇာတ်ကောင်စရိုက်တွေနဲ့  ဖွဲ့  စည်းထားပါတယ်။ နိုင်ငံတကာနာမည်ကြီးတယ့်ရုပ်ရှင်ပွဲတော်တွေအပါဝင် ရုပ်ရှင်ဆုပေးပွဲ ၈ခုမှာ ဇကာတင်ဆုအတွက် ဆု ၁၁ ...
8.1
IMDB: 8.1/10 14,117 votes
movie

Castaway on the Moon (2009)

2009
Blu-ray 1080p
Angels & Demons (2009) 6.7
Angels & Demons (2009) ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး မင်းသားကြီး Tom Hanks အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာ သိဒ္ဓိဆန်းဂိုဏ်းလို့ဘာသာပြန်ထားတဲ့ Illuminati ဂိုဏ်းကိုအကြောင်းပြု ပြီးဇာတ်လမ်းကို ဖန်တီးတည်ဆောက်ထားကာ သမိုင်အချက်အလက်တွေစုံလင်စွာထည့်ထားနိုင်လို့တကယ်ဖြစ်ပျက်နေသလား အောက်မေ့ရပါတယ်။ထိုင်ရာမထ ကြည့်ရှုမိမယ့်ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းဖန်တီးသူ စာရေးဆရာက Da Vinci Code ကိုရေးသားတဲ့နာမည်ကြီးစာရေးဆရာ Dan Brown ဖြစ်ပါတယ်။Angels&Demons နဲ့ Da Vinci Code ကရုပ်ရှင်တစ်ကားစီဖြစ်ပေမယ့် ဆက်စပ်မှုရှိပါတယ်။နှစ်ကားလုံးကို ကျွန်တော်အရမ်းနှစ်သက်မိပါတယ်။သူငယ်ချင်းတို့နဲ့ အကြိုက်ချင်းတူမယ်လို့မျှော်လင့်မိပါတယ်။ Credit Review
6.7
IMDB: 6.7/10 253,321 votes
movie

Angels & Demons (2009)

2009
Blu-ray 1080p
9 (2009) 7.1
9 (2009) 9.9.2009 . . . 9 ရက် 9 လ 2009 ခုနှစ်နေ့မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ Animation ဇာတ်ကားလေးကို ဒီနေ့အတွက် တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးဟာ IMDb rating 7.1/10 အထိရရှိထားပြီး . Animation ကြိုက်တဲ့ ပရိတ်သက်ကြီးအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ်ဆိုတာ ရဲရဲကြီးပြောချင် ပါတယ်။ ဇာတ်လမ်းရဲ့အကြောင်းအရာ အကျဉ်းကိုမပြောပြတာက ကောင်းလွန်းတဲ့အတွက် ပရိတ်သက်ကြီးကို spoiler အဖြစ်မခံဘဲ ကိုယ်တိုင်ခံစားကြည့်ရှုစေချင်လို့ပါ။ ဒါရိုက်တာ Shane Acker ဖန်တီးထားပြီး အသံပိုင်းဆိုင်ရာ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းရဲ့ အနှစ်သာရထဲကတစ်ခုအပါအဝင်ပါဘဲ။ဒီဇာတ်ကားလေးရဲ့နာမည်ပေးထားတာက 9 . ဇာတ်ကောင်အကောင်လေးတွေအရေအတွက်က 9 . ထုတ်လုတ်တဲ့ Date ကလည်း 9.9.09 . ထူးခြားမှုလေးတွေနဲ့ပြည့်နှက်နေတဲ့ 9 Animation . . . Credit Review
7.1
IMDB: 7.1/10 125,555 votes
movie

9 (2009)

2009
Blu-ray 1080p
Underworld: Rise of the Lycans (2009) 6.6
Underworld: Rise of the Lycans (2009) ဒုတိယကားမှာလဲ ပရိတ်သတ်ရဲ့ အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့တဲ့ Underworld ဟာ ဒုတိယကား ထွက်ရှိပြီးနောက် ၃နှစ်အကြာ မှာ တတိယကား ကိုထပ်မံရိုက်ကူးခဲ့ပြန်ပါတယ် တတိယကားမှာလည်း ဒုတိယကားကိုပြန်လည် ဇာတ်လမ်းဆက်ထားပြီး ဒုတိယ ကားရဲ့ အဆက် လိုင်ကန်တွေရဲ့ သမိုင်းရာဇ၀င်နဲ့ ဗန်ပိုင်းယားတို့ရဲ့ Slave တွေအကြား ပဋိပက္ခတွေနဲ့သန့်စင်တဲ့ သွေးရဲ့ မူလအစမျိုးဆက်ကို လိုက်လံဖော်ထုပ်ကြပြီးအမှောင်ခေတ်တွေမှာ လိုင်ကန်တွေရဲ့ ခေါင်းဆောင် လူစီ ဟာဦးဆောင်ပြီး သူတို့ရဲ့ ခေါင်းဆောင်ဟောင်းကြီးဗစ်တာ ကို တော်လှန်ပုံကန်ပါတော့တယ်အဲ့ကြားမှာ ဆယ်လီ တယောက် ဘယ်လိုများ ၀င်ရောက်ကြားညှပ်မိမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှူလိုက်ကြပါတော့နော် Credit Review Translated By Wanna Ko Ko
6.6
IMDB: 6.6/10 141,727 votes
movie

Underworld: Rise of the Lycans (2009)

2009
Blu-ray 1080p
Red Cliff II (2009) 7.6
Red Cliff II (2009) ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ် ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီးသိုင်းကား ရှေးရာဇဝင်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ…… Credit Review   Translated By Htin Kyaw Linn
7.6
IMDB: 7.6/10 21,392 votes
movie

Red Cliff II (2009)

2009
Blu-ray 1080p
Avatar (2009) 7.8
Avatar (2009) Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… (စာတန်းထိုးကို ကျွန်တော်ကိုယ်တိုင်ပဲ ကိုးကားဘာသာပြန်ထားခြင်းဖြစ်ရာ လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ကြောင်းကြိုတင်ဝန်ခံထားချင်ပါတယ်…)Avatar က ၁၆၃ မိနစ် (၂ နာရီနဲ့ ၄၃ မိနစ်) ကြာတဲ့ဇာတ်ကား။ နည်းနည်းလေး ပျင်းဖို့ကောင်းအောင်ကြည့်ရတာကလွဲလို့ ကြည့်ရှုသူတွေကို ဖမ်းစားထားနိုင် လောက်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။ဇာတ်ကားက မင်းသားမင်းသမီးတွေကလည်း ထိပ်တန်းတွေလည်း မဟုတ်ပါဘူး။ ဒါရိုက်တာကသာ တိုက်တန်းနစ်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုရတော့ ကမ္ဘာပေါ်မှာ သူကဘုရင်လို့ ကြွေးကြော်ခဲ့ဖူးတဲ့အထိ နာမည်ကြီးတဲ့သူပါ။ ဇာတ်ကားကတော့ ဇာတ်ကျောရိုး ရိုးပေမယ့် မြင်ကွင်းတွေက နေ့စဉ်ဘ၀မှာ မတွေးမိတဲ့ နေရာတစ်ခုကို ခေါ်သွားတာကတော့ အသေအချာပါပဲ။ ကမ္ဘာမဟုတ်တဲ့နောက်တစ်နေရာပေါ့လေ။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ...
7.8
IMDB: 7.8/10 1,038,709 votes
movie

Avatar (2009)

2009
Blu-ray 1080p
Surrogates (2009) 6.3
Surrogates (2009) Surrogates (2009) သည် IMDb 6.3 Google User 82% ဒါရိုက်တာ Jonathan Mostow က ရိုက်ကူးထား၍ Michael Ferris, John Brancato တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Bruce Willis, Radha Mitchell, Ving Rhames တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Sci-Fi, Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… လူသားများ သီးသန့်နေထိုင်ပြီး အစားထိုးစက်ရုံများနှင့်သာ အပြန်အလှန်အလုပ်လုပ်နေသာ ကမ္ဘာတစ်ခုတွင် ရဲတစ်ယောက်ဟာ တခြားသူများ၏ အစားထိုးစက်ရုပ်များကို အသတ်ခံရမှုများကို စုံစမ်းစစ်ဆေးရန် နှစ်ချီကြာမှ အိမ်ကနေ ပထမဆုံးအကြိမ် ထွက်ဖို့ အတင်းအကျပ်တိုက်တွန်းခံရတဲ့အခါ ဘယ်လို အက်ရှင်ကားကောင်းတွေ ကြည့်ရမလဲ ဇာတ်ကားမှ ခံစားကြည့်လိုက်ကြပါခင်ဗျ… Credit Review
6.3
IMDB: 6.3/10 162,646 votes
movie

Surrogates (2009)

2009
Blu-ray 1080p
Exam (2009) 6.9
Exam (2009) 2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့ ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ် အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ 2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ် တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်...... တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန် လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ် အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ် သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ် စည်းကမ်းဖောက်ရင် အထုတ်ခံရမယ်ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ် သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့ စာရွက်က အလွတ်ကြီး! အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ? သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ? ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ? သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ...
6.9
IMDB: 6.9/10 93,167 votes
movie

Exam (2009)

2009
Blu-ray 1080p
Up (2009) 8.3
Up (2009) ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ ...
8.3
IMDB: 8.3/10 827,715 votes
movie

Up (2009)

2009
Blu-ray 1080p