M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
2015
Eddie the Eagle (2015) 7.4
Eddie the Eagle (2015) Unicode Biography ရုပ်ရှင်လို့ ပြောလိုက်ရင် ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့သူတွေအကြောင်းရိုက်ထားတဲ့ရုပ်ရှင်တွေကို အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။ တကယ်လို့ အကောင်းဆုံးအရှုံးသမားတစ်ယောက်အကြောငး် ရိုက်ကူးထားတဲ့ Biography ရုပ်ရှင်တစ်ကားကို ကြည့်ရမယ်ဆိုရင်ရော........ ကျွန်တော်တို့တွေဟာ အတ္ထုပတ္တိလို့ပြောလိုက်ရင် အောင်မြင်တဲ့သူတွေ၊ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့လူတွေအကြောင်း ဖတ်ကြ၊ ကြည့်ကြတာများပါတယ်။ တစ်ခါတစ်လေကျရင် သူတို့လိုဖြစ်ချင်စိတ်များသွားပြီး သူတို့လျှောက်တဲ့လမ်းက ဒီလောက်လည်း မခက်ပါဘူးကွာ ဆိုတဲ့ အဆိုးမြင်စိတ်လေး ဝင်လာတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် တကယ်လျှောက်ကြည့်တဲ့အခါကျတော့မှ ဒီလိုအောင်မြင်တဲ့သူတွေလျှောက်ခဲ့တဲ့လမ်းက ခက်ခဲမှန်းသိလာတဲ့အခါ လူတော်တော်များများက အရှုံးသမားဖြစ်သွားကြပါတော့တယ်။ Eddie The Eagle ကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်သွားပြီး ဆုတံဆိပ်တွေဆွတ်ခူးခဲ့တဲ့သူလည်းမဟုတ်၊ စံချိန်ကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့သူမဟုတ်ပဲ အိုလံပစ်ပွဲတော်မှာ ပါဝင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်နေကျ Biography ကားတွေနဲ့ နည်းနည်းကွဲထွက်နေပြီး ကျွန်တော်တို့ သာမန်လူတွေနဲ့လည်း ပိုပြီးနီးစပ်တယ်လို့ ပြောလို့ရပါတယ်။ Eddie Edwards (Taron Egerton) ဟာ ငယ်ငယ်ကတညး်က ဘယ်အားကစားနညး်နဲ့ဖြစ်ဖြစ် ဗြိတိန်််အိုလံပစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာ ...
7.4
IMDB: 7.4/10 73,203 votes
movie
Eddie the Eagle (2015)
2015
Blu-ray 1080p
Goosebumps (2015) 6.3
Goosebumps (2015) Unicode ဇာတ်လမ်းအစမှာတော့ ဇက်ဆိုတဲ့ကောင်လေးဟာ သူအမေနဲ့အတူ မူလနေထိုင်ရာမြို့ပြကြီးကနေ မက်ဒီဆင် ဒယ်လဝဲလ်မြို့ကိုပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်… ဇက်တစ်ယောက် ခြံထဲမှာ ပစ္စည်းအထုပ်အပိုးတွေကို အိမ်ထဲသို့ပြောင်းရွှေ့နေခိုက်မှာ တစ်ဖက်ခြံမှ ဟန်နာလို့ခေါ်တဲ့ေကာင်မလေးနဲ့ သိကျွမ်းသွားခဲ့ပါတယ်… ဒါပေမယ့် ဟန်နာ့ရဲ့ထူးဆန်းတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်က ဇက်ကိုသူတို့ မိသားစုနဲ့မပတ်သတ်ပဲ ခပ်ဝေးဝေးမှာနေဖို့ပြောပါတယ်… တစ်ညမှာတော့ ဇက်ဟာ ဟန်နာ့ကိုသူ့အဖေက နှိပ်စက်နေတယ်လို့သံသယရှိတာကြောင့် အကြောင်းစုံသိရအောင်လို့ သူ့ရဲ့မြို့သစ်မှသူငယ်ချင်းဖြစ်သူ ချန့်နဲ့အတူ ဟန်နာရဲ့အိမ်ထဲသို့ခိုးဝင်လာခဲ့ပါတယ်… အဲ့မှာမထင်မှတ်ဘဲ စတိုင်းလ်ရဲ့စာအုပ်စင်မှသော့ခတ်ထားတဲ့စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်မိရာ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေ အသက်ဝင်ပြီးထွက်လာပါတော့တယ်… ဒီလိုနဲ့ ဇက်၊ ဟန်နာ၊ ချန့်နဲ့ ဟန်နာ့ရဲ့အဖေစတိုင်းလ်တို့တတွေ မကောင်းဆိုးဝါးတွေကိုပြန်လည်ဖမ်းဆီးရမယ့်တာဝန်ရှိလို့လာပါတယ်… ဘာလို့များ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေထွက်လာရတာလဲ၊ ဟန်နာ့ရဲ့ထူးဆန်းလှတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ရဲ့သရုပ်မှန်ကရော ဘာများလဲ၊ မကောင်းဆိုးဝါးတွေကသူတို့ကိုဘယ်လိုဒုက္ခပေးမလဲ၊ အဲ့မကောင်းဆိုးဝါးတွေကိုဘယ်လိုပြန်ဖမ်းဆီးမယ်ဆိုတာကို ဒီ “Goosebumps” ဆိုတဲ့ကားလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် Credit Review Zawgyi ဇာတ်လမ်းအစမှာတော့ ဇက်ဆိုတဲ့ကောင်လေးဟာ သူအမေနဲ့အတူ မူလနေထိုင်ရာမြို့ပြကြီးကနေ မက်ဒီဆင် ဒယ်လဝဲလ်မြို့ကိုပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်… ဇက်တစ်ယောက် ခြံထဲမှာ ပစ္စည်းအထုပ်အပိုးတွေကို အိမ်ထဲသို့ပြောင်းရွှေ့နေခိုက်မှာ တစ်ဖက်ခြံမှ ဟန်နာလို့ခေါ်တဲ့ကောင်မလေးနဲ့ သိကျွမ်းသွားခဲ့ပါတယ်… ဒါပေမယ့် ဟန်နာ့ရဲ့ထူးဆန်းတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်က ဇက်ကိုသူတို့ မိသားစုနဲ့မပတ်သတ်ပဲ ခပ်ဝေးဝေးမှာနေဖို့ပြောပါတယ်… တစ်ညမှာတော့ ဇက်ဟာ ဟန်နာ့ကိုသူ့အဖေက နှိပ်စက်နေတယ်လို့သံသယရှိတာကြောင့် အကြောင်းစုံသိရအောင်လို့ သူ့ရဲ့မြို့သစ်မှသူငယ်ချင်းဖြစ်သူ ချန့်နဲ့အတူ ဟန်နာရဲ့အိမ်ထဲသို့ခိုးဝင်လာခဲ့ပါတယ်… အဲ့မှာမထင်မှတ်ဘဲ စတိုင်းလ်ရဲ့စာအုပ်စင်မှသော့ခတ်ထားတဲ့စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်မိရာ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေ အသက်ဝင်ပြီးထွက်လာပါတော့တယ်… ဒီလိုနဲ့ ဇက်၊ ဟန်နာ၊ ချန့်နဲ့ ဟန်နာ့ရဲ့အဖေစတိုင်းလ်တို့တတွေ မကောင်းဆိုးဝါးတွေကိုပြန်လည်ဖမ်းဆီးရမယ့်တာဝန်ရှိလို့လာပါတယ်… ဘာလို့များ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေထွက်လာရတာလဲ၊ ဟန်နာ့ရဲ့ထူးဆန်းလှတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ရဲ့သရုပ်မှန်ကရော ဘာများလဲ၊ မကောင်းဆိုးဝါးတွေကသူတို့ကိုဘယ်လိုဒုက္ခပေးမလဲ၊ အဲ့မကောင်းဆိုးဝါးတွေကိုဘယ်လိုပြန်ဖမ်းဆီးမယ်ဆိုတာကို ဒီ “Goosebumps” ...
6.3
IMDB: 6.3/10 70,941 votes
movie
Goosebumps (2015)
2015
Blu-ray 1080p
Strange Magic (2015) 5.8
Strange Magic (2015) Unicode အမှောင်တောအုပ်ကြီးရဲ့ အရှင်သခင် Bob King ဟာအချစ်ဆိုတာကို မုန်းတီးနေပြီး အချစ်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ primrose ပန်းတွေအားလုံးကို ဖျက်စီးပစ်ဖို့ အမိန့်ပေးထားပါတယ် ဒါပေမဲ့သူဟာ မိန်းမပွေတတ်တဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ fairy princess လေး Marianne ကိုတွေ့တဲ့အခါမှာ သူ့သဘောထားတွေပြောင်းလဲသွားခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ မှင်စာလေး Sunny ဟာ သူ့ကိုယ်ပိုင်ဆေးရည်အတွက် primrose ပွင့်ဖတ်တွေကို လိုက်စုဆောင်းရင်း အမှောင်တောအုပ်ဆီကို ရောက်လာခဲ့ပါတယ် ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦ Credit Review Zawgyi အမှောင်တောအုပ်ကြီးရဲ့ အရှင်သခင် Bob King ဟာအချစ်ဆိုတာကို မုန်းတီးနေပြီး အချစ်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ primrose ပန်းတွေအားလုံးကို ဖျက်စီးပစ်ဖို့ အမိန့်ပေးထားပါတယ် ဒါပေမဲ့သူဟာ မိန်းမပွေတတ်တဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ fairy princess လေး Marianne ကိုတွေ့တဲ့အခါမှာ သူ့သဘောထားတွေပြောင်းလဲသွားခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ မှင်စာလေး Sunny ဟာ ...
5.8
IMDB: 5.8/10 9,140 votes
movie
Strange Magic (2015)
2015
Web-dl 1080p
Knock Knock (2015) 4.9
4.9
IMDB: 4.9/10 66,653 votes
movie
Knock Knock (2015)
2015
Blu-ray 1080p
Star Wars: Episode VII – The Force Awakens (2015) 8.0
Star Wars: Episode VII – The Force Awakens (2015) Unicode Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို ...
8.0
IMDB: 8.0/10 771,277 votes
movie
Star Wars: Episode VII – The Force Awakens (2015)
2015
Blu-ray 1080p
The Revenant (2015) 8.0
The Revenant (2015) Unicode အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင် ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက် လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့ သရုပ်ဆောင် သက်တမ်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်း ဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ အပြင် ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သား လုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာ ဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူ ယောကျာ်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကို ...
8.0
IMDB: 8.0/10 603,483 votes
movie
The Revenant (2015)
2015
Blu-ray 1080p
Attack on Titan II: End of the World (2015) 4.8
Attack on Titan II: End of the World (2015) Unicode ဒီဇာတ်ကား ကတော့ ဂျပန် Anime နဲ့ manga လောက မှာ နာမည်ကြီး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Attack on Titans ကို လူသရုပ်ဆောင် တွေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဒုတိယပိုင်းဖြစ်ပါတယ်။ ကမ္ဘာဖျက် လူသားစား titanကောင်ကြီးတွေ ဟာ လူသားမျိုးနွယ် တွေကို မျိုးသုဉ်းလောက်သည်ထိ ဒုက္ခပေးနိုင်စွမ်း ရှိပြီး လူသားတွေ ရဲ့ နောက်ဆုံး မျှော်လင့်ချက်က အဲရန် ဆိုတဲ့ လူငယ်လေးနဲ့ သူ့ သူငယ်ချင်းတွေ ပေါ်ကို စုပြုံကျလာပါတယ်။ Titanတွေရဲ့ ရန်ကိုကြောက်လို့ နံရံအမြင့်ကြီးတွေ နောက်မှာနေ နေရတဲ့ လူသားတွေ ထဲမှာ အဲရန်ဆိုတဲ့ လူငယ်ကတော့ အကြောက်အလန့် မရှိတဲ့ လူငယ်တစ်ယောက်။ သူ့သူငယ်ချင်း အာမင် ကတော့ လူကြောက်တစ်ယောက်ဖြစ်ပြီး အဲရန် ပြောသမျှ ယုံကြည်လက်ခံ တတ်တဲ့ ကောင်မလေး ...
4.8
IMDB: 4.8/10 3,971 votes
movie
Attack on Titan II: End of the World (2015)
2015
Blu-ray 1080p
Attack on Titan (2015) 5.1
Attack on Titan (2015) Unicode လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ..တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ..တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့သူငယ်ချင်း လူကြောက်လေးအာမင်..ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ ..နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ....တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာအဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်...တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကိုကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon )ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ်( ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon )Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ကို မမှီဘူးလို့ပြောကြပါလိမ့်မယ် Anime ဗားရှင်းထဲက မီကာဆာရဲ့ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကိုကွဲပြားနေတဲ့ အချက်လဲပါပါ လိမ့်မယ်ဘာပဲဖြစ်ဖြစ် Animated ...
5.1
IMDB: 5.1/10 11,261 votes
movie
Attack on Titan (2015)
2015
Blu-ray 1080p
In the Heart of the Sea (2015) 6.9
In the Heart of the Sea (2015) Unicode အမေရိကန်နာမည်ကျော်စာရေးဆရာ ဟာမင်းမဲလဗီး၏ မိုဗီဒစ် (Moby-Dick) ဝတ္ထု ကို ပြန်လည်ပြု ပြင်၍ အသက်သွင်းထားသည့် ယခု ရုပ်ရှင်မှာ ပင်လယ်ပြင်စွန့်စားခန်း ဇာတ်လမ်းဟု ပြောလို့ရပါမည်။ မူရင်း မိုဗီဒစ် ဝတ္ထု ကို အသက်သွင်းထားတဲ့ စာရေးဆရာ ဟာမင်းဖြစ်သူကလည်း သဘောၤသားတစ်ယောက်ဖြစ်သောကြောင့် ယခု ဝတ္ထု မှာဇာတ်အိမ်ပီပြင်၍ ကမ္ဘာကျော်ခဲ့သည်။မိုဗီဒစ်ဆိုတာ ဝေလငါးဖြူ ကြီးတစ်ကောင်ဖြစ်ပြီး ဝေလငါးဖမ်းသဘောၤများကို ဖျက်ဆီးသည့် ရေသတ္တဝါကြီးဖြစ်သည်။သဘောၤသား နစ်ရှေးက သူတွေ့ကြုံ ခဲ့ရသည့် သဘောၤကပ္ပတိန် အဟတ်နှင့် မိုဗီဒစ်တို့ ယှဉ်ပြို င်တိုက်ခိုက်ပုံ ။ပြီးနောက်တွင် ပင်လယ်ပြင်ထဲတွင် ဒုက္ခရောက်ပုံကို ဇာတ်ကြောင်းပြောပြတဲ့ ပုံစံဖြင့် ဝတ္ထု ကို ရေးသားထားသည်။မီးအလင်းရောင်အတွက် ဝေလငါးဆီမှာ အဲဒီခေတ်ကာလတွင် အထူးအရေးပါအဖိုးတန်သောအရာတစ်ခုဖြစ်ပြီး ဝေလငါးဖမ်းဆီးပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။မူရင်း မိုဗီဒစ် ဝတ္ထု မှာ စာရေးဆရာဟာမင်း အာဘော်အတွေ့ဆုံး ဝတ္ထု တစ်ပုဒ်ဖြစ်ပေမယ့် လူကြို ...
6.9
IMDB: 6.9/10 111,250 votes
movie
In the Heart of the Sea (2015)
2015
Blu-ray 1080p
Hardcore Henry (2015) 6.7
6.7
IMDB: 6.7/10 79,937 votes
movie
Hardcore Henry (2015)
2015
Blu-ray 1080p
Assassination (2015) 7.3
Assassination (2015) Unicode တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဖြစ်ပါတယ်။ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ၁၉၃၃ မှာ ကိုရီးယားရောက်ဂျပန်စစ်တပ်အကြီးအကဲနဲ့ ဂျပန်−ကိုရီးယား ကပြားစီးပွားရေးသမားတစ်ဦးကို လုပ်ကြံဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ရှန်ဟိုင်းမှာထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုရီးယားအစိုးရရဲ့ ကိုယ်စားလှယ် ယုန်းဆော့ဂျင်းက သေဒဏ်ပေးခံထားရတဲ့ လက်ဖြောင့်သေနတ်သမားအန်းအုပ်ယွန်ကို ထောင်ဖောက်ကယ်ဆယ်ခဲ့ပြီး လုပ်ကြံမှုကြီးကို ဦးဆောင်စေခဲ့ပါတယ်။ အုပ်ယွန်ဟာ ဆော့ဆာပို၊ ဟွမ်ဒေါက်ဆမ်ဆိုသူ နှစ်ယောက်နဲ့အတူ ကိုရီးယားနိုင်ငံအုပ်ချုပ်ရေးလက်ဝယ် ပြန်ရနိုင်ဖို့အတွက် လုပ်ကြံမှုကိုလှုပ်ရှားဖို့ကြိုးပမ်းခဲ့ကြပါတယ်။တစ်ဖက်မှာလည်း ရန်သူ ဘက်က သတင်းရသွားတာ ကြောင့် ကြေးစားလူသတ်သမား ဟာဝါအီပစ်စတိုဆိုသူနဲ့ သူ့ပါတနာယောင်ဂမ်းတို့ကို ငှားရမ်းပြီး အုပ်ယွန်တို့အဖွဲ့ကိုရှင်းပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ အုပ်ယွန်တို့ထဲက အဖွဲ့ဝင်တစ်ယောက်က သစ္စာဖောက်ခဲ့ပြီး ရန်သူဘက်ကို ...
7.3
IMDB: 7.3/10 5,003 votes
movie
Assassination (2015)
2015
Blu-ray 1080p
Baahubali: The Beginning (2015) 8.1
Baahubali: The Beginning (2015) Unicode IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို ...
8.1
IMDB: 8.1/10 94,499 votes
movie
Baahubali: The Beginning (2015)
2015
Blu-ray 1080p
Mr. Right (2015) 6.3
Mr. Right (2015) IMDb rating 6.3/10 ရရှိထားပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားလေးဟာဆိုရင်ဖြင့် ကောင်မလေးတယောက်က ကောင်လေးတယောက်ကို ကြွေမိပြီး ချစ်ကြိုက်မိရာမှာ ထိုကောင်လေးဟာ တရားခံပြေးတယောက်ဖြစ်နေခဲ့သည်ကို သိရှိခဲ့ရတဲ့ အခါမှတော့ မည်သို့မည်ပုံ ဆက်လက်ကြုံတွေ့ရမည်ကို ဟာသဆန်ဆန် ရိုက်ကူးပြသထားသည်ကို ပရိတ်သက်ကြီးကဘဲဆက်လက် ကြည့်ရှုခံစားကြပါအုံးလို့ ဒီဇာတ်ကားမှာဆိုရင်တော့ မစ္စတာရိုက် အဖြစ် မင်းသားကြီး Sam RockWell ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Anna Kendrick ကပါ ပါဝင်အားဖြည့်ပြီး အက်ရှင် ဟာသကားတကား အနေဖြင့်ပရိတ်သတ်ကြီးကို တကားလုံး မပျင်းရိစေဘဲ ဆွဲဆောင်သွားမှာဖြစ်ပါတယ်။ Credit Review
6.3
IMDB: 6.3/10 41,991 votes
movie
Mr. Right (2015)
2015
Blu-ray 1080p
Mad Max: Fury Road (2015) 8.1
Mad Max: Fury Road (2015) ဒီကားက ၁၉၇၉ တုန်းက ထွက်ခဲ့တဲ့ မင်းသားကြီး Mel Gibson ရဲ့ Mad Max ဇာတ်လမ်းတွဲကို ဇာတ်လမ်းကျောရိုးယူပြီး ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက Rated-R ဖြစ်ပြီး ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်ကားမှာ မင်းသား Tom Hardy က Max အဖြစ်သရုပ်ဆောင်ထားပြီး၊ Charlize Theron နဲ့ Nicholas Hoult က တွဲဖက် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက ကမ္ဘာပျက်ပြီးနောက် Australia ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပြီး၊ ဒီဇာတ်လမ်းထဲက Australia မှာ လူတိုင်းက ဓါတ်ဆီကို လုနေကြပါတယ်။ ဒီဇာတ်ကားက သာမန် Remade ဇာတ်ကားတွေလို Original Mad Max ကို အသစ်အနေနဲ့ ပြန်ရိုက်ထားတာ ဇာတ်လမ်းကျောရိုးကိုပဲယူပြီး ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားမှာ Superhero ...
8.1
IMDB: 8.1/10 785,197 votes
movie
Mad Max: Fury Road (2015)
2015
Blu-ray 1080p
Victor Frankenstein (2015) 6.0
Victor Frankenstein (2015) ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ် ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံးအကုန်လုံးက၀ိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင်နာမည်တောင်မရှိရှာပါဘူးသူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့ အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီးအလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကိုခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါသူရဲ့ဘ၀ကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ်အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီးအရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ်ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်းဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ်အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘ၀တစ်ခုလုံးကိုကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ်ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံကတော်တော်ကြည့်လို့ကောင်းပါတယ်လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ Credit Review
6.0
IMDB: 6.0/10 47,645 votes
movie
Victor Frankenstein (2015)
2015
Blu-ray 1080p
The Walk (2015) 7.3
The Walk (2015) Imdb (7.4) အထိရရှိခဲ့သည်။ The Walk ဇာတ်ကားသည် ကြိုးတန်းလမ်းလျှောက်သော သူတစ်ဦး၏ ဘဝ ၊ အိပ်မက် ၊ အခက်အခဲများ ၊ မိတ်ဆွေကောင်းတို့၏ မေတ္တာ ကိုထင်ဟပ်ပြသထားသော ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည်။ Eiffel Tower ထက်ပိုမြင့်သော Twin Towers ပေါ်တွင် ကြိုးတန်းလမ်းလျောက်ပြသွားတဲ့ Philippe ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ ။၁၉၇၄ ခုနှစ်ကနေ ဒီနေ့ ဒီအချိန်ထိ သူ့ရဲ့ ကြိုးတန်းလမ်းလျောက်ပြတဲ့စံချိန်ကို ဘယ်သူမှမချိုးနိုင်သေးပါဘူး ။ ကမ္ဘာ့ပထမဆုံးနဲ့နောက်ဆုံး အမြင့်ဆုံးနေရာမှာကြိုးတန်းလမ်းလျှောက်ပြတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ လမ်းဘေးမှ ကြိုးတန်းလမ်းလျှောက်သူဘဝမှနေပြီး အမှတ်မထင် မဂ္ဂဇင်းစာမျက်နှာမှ တွေ့ရှိရသော ကမ္ဘာ့အမြင့်ဆုံး Twin Towers ပေါ် တွင် ကြိုးတန်းပေါ်လမ်းလျှောက်ပြချင်သော Philippe တစ်ယောက် အိပ်မက်တွေ စတင်ဖြစ်ပေါ်လာပုံ ။ မိတ်ဆွေသူငယ်ချင်းကောင်းများစွာနှင့် တွေ့ဆုံပုံ ၊ အခက်အခဲများကြုံတွေ့ပါစေ နောက်မဆုတ်တမ်းဖြတ်ကျော်မှူ့များ ကို ကြည့်ရှူ့ရပါမည်။Twin Towers ပေါ်တွင် လမ်းလျှောက်ရန်အတွက် ဘယ်လိုအခက်အခဲများကို ...
7.3
IMDB: 7.3/10 110,359 votes
movie
The Walk (2015)
2015
Blu-ray 1080p
Detective K: Secret of the Lost Island (2015) 6.4
Detective K: Secret of the Lost Island (2015) ဒီကားကတော့ ရှေ့က Detective K ရဲ့ အဆက်ကားပါ … အဲ့အချိန်က ဂျိုဆွန်းမှာ ငွေအတုပြသနာတွေပေါ် ပေါက်နေပြီး ငွေကြေးဖောင်းပွမှု့တွေ ဖြစ်နေတာကြောင့် စုံထောက်ကေ ကို စုံစမ်းခိုင်းပါတယ် ဒါပေမဲ့ သိတဲ့ အတိုင်း မလွဲရင် မနေနိုင်တဲ့ ကေ ကို မင်းကြီးက ကျွန်းတစ်ကျွန်းမှာ နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။ သူ့လူဆိုဖီးနဲ့ အဲ့ကျွန်းမှာ အချိန်ကုန်ရင်း နဲ့ တစ်နေ့မှာတော့ ခလေးမလေးတစ်ယောက်က ပင်လယ်ကို ဖြတ် ပြီးရောက်ရှိလာပါတယ်။သူလာရတဲ့ အကြောင်းရင်းကတော့ ပျောက်ဆုံးသွားတဲ့ သူ့ညီမလေးကို ပြန်ရှာပေးဖို့ လာတောင်းဆိုတာပါ။ကောင်မလေးက မရမက တောင်းဆိုမှု့ နဲ့ မြို့တော် အတွင်းက ငွေပြသနာတွေ ကြောင့် စုံထောက်ကေတစ်ယောက် ကျွန်းကနေခိုးထွက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ သူ အပြင်လောက ပြန်ရောက်တဲ့ အခါ ကလေးတွေငွေကြေးပြသနာ အပြင် ခလေးတွေ အများအပြားပျောက်ဆုံးနေတာာတွေ ခလေးအလောင်းတွေ ကမ်းမှာလာလာတင်နေတာတွေကိုပါသိရှိလာပါတယ်။တစ်နေ့မှာ သင်္ဘောတစ်စင်း ပျက်တဲ့နေရာမှာ သူမထင်မှတ်ထားတဲ့ ကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတဲ့ အခါမှာတော့…. စုံထောက်ကေ တစ်ယောက် ငွေအတုပြသနာ ...
6.4
IMDB: 6.4/10 386 votes
movie
Detective K: Secret of the Lost Island (2015)
2015
Blu-ray 1080p