M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
2016
M-Sub Movie Channel
The Trust (2016) 5.4
5.4
IMDB: 5.4/10 16,279 votes
movie
The Trust (2016)
2016
Blu-ray 1080p
Gantz: O (2016) 7.2
Gantz: O (2016) Unicode အကောင်းဆုံးကိုမှနှစ်သက်တဲ့အန်နီမေးရှင်းပရိတ် သတ်တွေအတွက်၂၀၁၆နှစ်ကုန်လောက်မှာထွက်ခဲ့တဲ့ ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော် လည်းနာမည်ကြီးခဲ့တဲ့ဇတ်ကားတစ်ကားပါပရိတ်သတ် တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်သူ တစ်ပါးကိုအမြဲကူညီတတ်တဲ့ကတိုဆိုတဲ့လူငယ်လေး တစ်ယောက်တစ်နေ့လူတစ်ယောက်ကိုကူညီရင်း သေဆုံးသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲကိုယ့်ကိုကို သေပြီလို့ထင်ထားတဲ့ကတိုတစ်ယောက် တကယ်တန်းမသေသေးပဲအခန်းလေး တစ်ခန်းကိုရောက်ရှိသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲ အခန်းလေးထဲကလူတွေကကောဘယ်သူတွေလဲ ိမိမူလဘဝကိုပြန်ရောက်ဖို့ဂန်းဆိုတဲ့ကစားပွဲတစ်ပွဲကို ကတိုကစားရတဲ့အခါမှာဘယ်လိုစခန်းသွားမလဲ ဲမိမိတို့ရဲ့ကစားပွဲဟာထင်သလိုမလွယ်ကူပ ဲလူ့ဘီလူးကြီးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာ ကောကတိုတို့အုပ်စုအလွယ်တကူတိုက်ခိုက်နိင်မှာလားကစားပွဲ အပြင်ကိုပြန်ရောက်နိင်ပါ့မလားဒီဇတ်ကားကို ကြည့်ရင်းဂျပန်တွေရဲ့ အန်နီမေးရှင်း အရည်အသွေးကို ိုသိသိသာသာမြင်နိင်ပါတယ်တိုကျိူလိုအိုဆာကာလို နေရာမျိုးကိုတသွေမတိမ်းတူအောင်ဖန်တီးနိင်တ ဲ့ကွန်ပြူတာပညာကိုတော့အတော်လေးစားမိပါတယ် ်လူနဲ့အတော်လေးလည်းတူအောင်ပြုလုပ်ထားတဲ့အတွက် ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ်လို့ ကျွန်တော်ရဲရဲကြီးအာမခံပါတယ် ကျွန်တော်ပြောသလိုဟုတ်မဟုတ်ဆိုတာကတော့ ဒေါင်းကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပြောကြားရင်းကြည့်လိုက်ကြပါဦးလို့ Credit Review   Zawgyi   အကောင်းဆုံးကိုမှနှစ်သက်တဲ့အန်နီမေးရှင်းပရိတ် သတ်တွေအတွက်၂၀၁၆နှစ်ကုန်လောက်မှာထွက်ခဲ့တဲ့ ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော် လည်းနာမည်ကြီးခဲ့တဲ့ဇတ်ကားတစ်ကားပါပရိတ်သတ် တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်သူ တစ်ပါးကိုအမြဲကူညီတတ်တဲ့ကတိုဆိုတဲ့လူငယ်လေး တစ်ယောက်တစ်နေ့လူတစ်ယောက်ကိုကူညီရင်း သေဆုံးသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲကိုယ့်ကိုကို သေပြီလို့ထင်ထားတဲ့ကတိုတစ်ယောက် တကယ်တန်းမသေသေးပဲအခန်းလေး တစ်ခန်းကိုရောက်ရှိသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲ အခန်းလေးထဲကလူတွေကကောဘယ်သူတွေလဲိမိမူလဘဝကိုပြန်ရောက်ဖို့ဂန်းဆိုတဲ့ကစားပွဲတစ်ပွဲကို ကတိုကစားရတဲ့အခါမှာဘယ်လိုစခန်းသွားမလဲမိမိတို့ရဲ့ကစားပွဲဟာထင်သလိုမလွယ်ကူပဲလူ့ဘီလူးကြီးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာ ကောကတိုတို့အုပ်စုအလွယ်တကူတိုက်ခိုက်နိင်မှာလားကစားပွဲ အပြင်ကိုပြန်ရောက်နိင်ပါ့မလားဒီဇတ်ကားကို ကြည့်ရင်းဂျပန်တွေရဲ့ အန်နီမေးရှင်း အရည်အသွေးကိုသိသိသာသာမြင်နိင်ပါတယ်တိုကျိုလိုအိုဆာကာလို နေရာမျိုးကိုတသွေမတိမ်းတူအောင်ဖန်တီးနိင်တဲ့ကွန်ပြူတာပညာကိုတော့အတော်လေးစားမိပါတယ်လူနဲ့အတော်လေးလည်းတူအောင်ပြုလုပ်ထားတဲ့အတွက် ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ်လို့ ကျွန်တော်ရဲရဲကြီးအာမခံပါတယ် ကျွန်တော်ပြောသလိုဟုတ်မဟုတ်ဆိုတာကတော့ ဒေါင်းကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပြောကြားရင်းကြည့်လိုက်ကြပါဦးလို့ Credit Review
7.2
IMDB: 7.2/10 9,402 votes
movie
Gantz: O (2016)
2016
Blu-ray 1080p
Passengers (2016) 7.0
Passengers (2016) Unicode ‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ ...
7.0
IMDB: 7.0/10 316,029 votes
movie
Passengers (2016)
2016
Blu-ray 1080p
Lost in the Pacific (2016) 4.3
Lost in the Pacific (2016) Ocean Air Line ဟာ နိမ့်ကျနေတဲ့ဈေးကွက်ရှယ်ယာတွေကို ပြန်လည်မြင့်တက်လာစေဖို့ Promotion လုပ်တဲ့အနေနဲ့ ကအထူးဇိမ်ခံလေယာဉ်ကြီး A-390 ကို စတင်မိတ်ဆက်တဲ့ ခရီးစဉ်တစ်ခုဖန်တီးခဲ့ပါတယ်.။ အဲ့ဒီ့ ခရီးစဉ်မှာ အာရှတလွှားက နာမည်ကျော် သတင်းထောက်၊ စီးပွားရေးလုပ်ငန်းရှင်၊ အဆိုတော်၊ရုပ်ရှင်မင်းသား အစရှိတဲ့ နယ်ပယ်အသီးသီးက ကြယ်ပွင့်တွေကို တင်ဆောင်ပြီး ဟောင်ကောင်ကို ပွဲဦးထွက်အနေနဲ့ပျံသန်းတာဖြစ်ပါတယ်.။ အစစအရာရာလိုလေသေးမရှိအောင် ခရီးစဉ်ကို ပြင်ဆင်ထားခဲ့ပေမယ့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းသွားတဲ့ အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ ထူးဆန်းတဲ့ လေမုန်တိုင်းတစ်ခုနဲ့ တွေ့ဆုံခဲ့ပြီး အနာဂတ်ကျွန်းစုလို့ အမည်ရတဲ့ ကျွန်လေးကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်.။ အနာဂတ်ကျွန်းစုမှာရှိတဲ့ လေယာဉ်ကွင်းဟာ မကောင်းဆိုးဝါးကောင်တွေရှိတယ်လို့ နာမည်ကျော်ကြော်ကြားခဲ့ပြီး စစ်တပ်တစ်ခုလုံးပါ နေရာပြောင်းရွေ့ရလောက်အောင် ဆိုးဝါးတယ်လို့ သတင်းကြီးခဲ့တဲ့ ကျွန်းစုလေးပဲဖြစ်ပါတယ်.။ သို့သော် A-390 ရဲ့ ပွဲဦးထွက်ခရီးစဉ်မှာ ဟောင်ကောင်ကို အချိန်မှီ အမြန်ဆုံးသွားရောက်ပြီး သတင်းထောက်တွေရဲ့ မှတ်ကျောက်တင်ခံရမှာဖြစ်တာမို့ လေယာဉ်မှုးတွေ ဘယ်လိုပင်တားသော်ငြားလဲ ...
4.3
IMDB: 4.3/10 1,592 votes
movie
2016
Web-dl 1080p
The Shallows (2016) 6.3
The Shallows (2016) အမေကွယ်လွန်သွားလို့ ခံစားနေရတဲ့ ဆေးကျောင်းသူ နန်စီ အဒမ် (Nancy Adams) ဟာ သူ့ရဲ့ ရင်တွင်းဝေဒနာတွေ ဖြေဖျောက်ဖို့အတွက် လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေတစ်ခုဆီကို ထွက်လာခဲ့ပါတယ် ... အစကတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ယောက်တည်း ရေလွှာလျှောစီးဖို့ ဖြစ်လာခဲ့ပါတယ် ... အဲ့အချိန်မှာပဲ သူတစ်ယောက်တည်း ရေလွှာလျှောစီးနေတုန်းမှာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ နန်စီဟာ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်ဆောင်တစ်ခုဆီကို ကူးသွားဖို့ ဖြစ်လာပါတော့တယ် ... ကျောက်ဆောင်ပေါ်ရောက်သွားတဲ့ အချိန်မှာ ငါမန်းကလည်း အဲ့ပတ်ဝန်းကျင် တ၀ိုက်မှာပဲ လှည့်လည်နေပါတယ် ... ဒဏ်ရာကလည်း ရထား ဒီရေကလည်း တဖြည်းဖြည်းတက်လာရာက မကြာခင် သူနေနေတဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းခါနီး အချိန်မှာတော့ ... နန်စီ တစ်ယောက် ဘာလုပ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...
6.3
IMDB: 6.3/10 108,908 votes
movie
The Shallows (2016)
2016
Blu-ray 1080p
The Wailing (2016) 7.4
The Wailing (2016) တောင်ကိုရီးယားနိုင်ငံရဲ့ တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့ လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ ကာရံထားပြီး မြစ် ချောင်း အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။ သွေးတွေသံတွေနဲ့ ရဲရဲနီနေတဲ့ လူ့ အလောင်းတွေ နဲ့ အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ...
7.4
IMDB: 7.4/10 36,271 votes
movie
The Wailing (2016)
2016
Blu-ray 1080p
A Cure for Wellness (2016) 6.4
A Cure for Wellness (2016) ဇာတ်လမ်းနာမည်နဲ့တင်ကြွေသွားမယ်။ ကျန်းကျန်းမာမာနေနိုင်ဖို့ ကုထုံးပေါ့။ ဒါပေမယ့် ဒီကားကိုကြည့်လိုက်ရင်တော့ မကျန်းမာပါဘူး။ တော်တော် စိတ်လှုပ်ရှားရမယ်။ ဇာတ်ကားက Fantasy/Mystery ပေါ့။ စိတ်ဝင်စားဖို့ကောင်းတယ်၊ ဆိုက်ကိုဆန်တယ်။ ဇာတ်လမ်းက နည်းနည်းဆန်းတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံရှိပေ့ဆိုတဲ့လူတိုင်းက ဆွစ်ဇလန်တောင်တန်းတွေမှာဖွင့်ထားတဲ့ ဆေးခန်းတစ်ခုကို အမြဲသွားကြတယ်။ အဲဒီမှာ ဖြစ်နေတဲ့ရောဂါတွေကို ပျောက်အောင်ကုပေးနိုင်သလို၊ တစ်ကယ်ကို relax လုပ်နိုင်တဲ့နေရာပေါ့။ ဒါပေမယ့် ခက်တာက အဲဒိနေရာကနေဘယ်သူမှ ပြန်မလာကြတော့တာပဲ။ မင်းသားက သူ့ CEO ကို အဲဒီနေရာကနေပြန်သွားခေါ်ရတာ။ ကုမ္ပဏီရောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး CEO ရဲ့လက်မှတ်လိုတော့ သူကလိုက်သွားရတာပေါ့။ ဟိုသကောင့်သားကလည်း ကုမ္ပဏီကို ဂရုကိုမစိုက်တော့တာ။ ဟိုမှာသာယာတာကိုး။ မင်းသားလည်း ဒီဘဲဒီလောက်တောင် ရှိလှ အဲဒီနေရာကဘာလဲဆိုပြီး လိုက်သွားတော့မှ လျှို့ဝှက်ချက်တွေ၊ သူတို့ရဲ့ ကုထုံးတွေကိုတွေ့ရတော့တယ်။ အဲဒီမှာ စတိုင်ပတ်တာပဲ။ သူကိုယ်တိုင် ရူးသွားပါရော။ Shutter Island ကြိုက်ရင် ဒီကားကိုလည်း ကြိုက်မှာသေချာတယ်။ ဇာတ်လမ်းကခိုင်မာပါတယ်။ အခုလို ...
6.4
IMDB: 6.4/10 71,821 votes
movie
A Cure for Wellness (2016)
2016
Blu-ray 1080p
Moana (2016) 7.6
Moana (2016) ကြည့်ပြီး သူတွေကိုလည်း မသိသေးတာတွေ သိစေချင်တာရယ် အရမ်းကြိုက်လို့ သိမ်းထားချင်တယ်ဆိုရင်လည်း အဆင်ပြေစေချင်တာကြောင့် BluRay ကာလတီနဲ့ ကြိုးစားတင်ဆက်ပေးတာပါ။ အရင်ထွက်ရှိခဲ့တဲ့ ကာလတီနဲ့ ရုပ်ထွက်ပိုင်းရော အသံပိုင်းဆိုင်ရာမှာပါ ပိုမိုကောင်းမွန်လာတာကြောင့် ရုပ်ရှင်တစ်ကားရဲ့ တကယ့်အနှစ်သာရအစစ်အမှန်ကို ခံစားစေချင်တဲ့ စေတနာနဲ့ တင်ပေးတာပါ။ တော်တော်များများလည်း ကြည့်ပြီးကြပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေးအကြောင်းကို မပြောတော့ပဲ ဒီကားရဲ့ ထူးခြားချက်လေးတွေကိုပဲ ပြောကြရအောင်... - ဒီကားလေးကို သဘာဝကျကျရိုက်ကူးဖို့အတွက် ဒါရိုက်တာ John Musker နှင့် Ron Clements တို့ဟာ Polynesian လူမျိုးတွေရဲ့ ရိုးရာဓလေ့နှင့် အပြုအမူတွေအားလုံးကို လေ့လာနိုင်ဖို့အတွက် Polynesian လူမျိုးတွေနဲ့အတူ လပေါင်းများစွာ နေထိုင်ခဲ့ကြပါတယ်။ - Polynesian လူမျိုးတွေအကြောင်းကို ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lilo & Stitch ကာတွန်းကားထဲမှာလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါ့အပြင် Moana လေး ကမ်းခြေမှာ လိပ်ကလေးကို ...
7.6
IMDB: 7.6/10 228,382 votes
movie
Moana (2016)
2016
Blu-ray 1080p
The Handmaiden (2016) 8.1
The Handmaiden (2016) Rating အမြင့်စား ကိုရီးယား ကားတစ်ကားကို ပိတ်ရက်အတွက်တင်ပေးလိုက်ပါတယ် ဒီဇာတ်ကားက Adult Section မှာ IMDb Rating 8.0 ကျော်တာကြောင့် တမူထူးခြားနေတဲ့ ၁၈+ တကားဆိုတာကိုတော့ ပရိတ်သတ်ကြီး ကြည့်သင့်မကြည့်သင့်ကို ပရိတ်သတ်ကြီးကပဲ ဆုံးဖြတ်လို့ရပါတယ်ပြီးတော့ 1 Wins & 4 Nomination ဆိုတော့ ဘာပြောကောင်းမလဲဗျာ ဇာတ်လမ်း အကျဉ်းလေးကတော့ ၁၉၃၀ ကာလ ကိုရီးယားမှာ ဂျပန်တွေကြီးစိုးနေတဲ့အချိန်ကို ရိုက်ကူးထားပြီး ဆင်ခြေဖုံးရပ်ကွက်တခုက မိန်းမချောလေး ဆိုကီးဟာ တနေ့မှာ ဂျပန်အမျိုးသမီးလူကုံထံတယောက်ရဲ့ အိမ်ဖော်အဖြစ်ငှားရမ်းခြင်းကိုခံရပြီး အစေခံအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပါတယ် ဂျပန်လူကုံထံအမျိုးသမီး ဟီဒီကို ဟာ စည်းကမ်းကြီးပြီး စနစ်ဇယားကြီးသူတယောက်ဖြစ်ပြီး သူ့ရဲ့ အစေခံ ကောင်မလေးက ရဲ့မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက် တစ်ခုက ခါးပိုက်နှိုက်တယောက်ဖြစ်ခဲ့ဖူးပြီး တရားရုံးတင်ခံရတုန်းကစ စမူအကြိုက်ဂျပန်တရားသူကြီးက ကောင်မလေးကို ဗလက္ကာယ လုပ်ပြီး ပိတ်လှောင်ခံခဲ့ရဖူးတာပါပဲဒီလိုနဲ့ တနေ့မှာ ဟီဒါကိုက သိသွားရာမှာသူတို့ ၂ယောက် ဘယ်လိုတွေစီစဉ်ပြီး ဘယ်လိုတွေများ ဆက်လတ်လှုပ်ရှားကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ ...
8.1
IMDB: 8.1/10 79,532 votes
movie
The Handmaiden (2016)
2016
Blu-ray 1080p
Max Steel (2016) 4.6
Max Steel (2016) ကော့ပါ့ကန်ညွန်ဆိုတဲ့ အရပ်ဒေသကို မက်စ်မက်ဂရက်တို့ သားအမိ အိမ်ပြောင်းလာတယ်။ မက်စ်က အနေအေးပေမဲ့ သဘောကောင်းတယ်၊ ဖော်ရွေတယ်၊ ခင်တတ်တယ်။ ဒါပေမဲ့ မက်စ်ရဲ့အဖေ ဂျင်မက်ဂရက်ရဲ့ ဇာတ်ကြောင်းကတော့ ရှုပ်ရှုပ်ထွေးထွေးပဲ။ သူ့အဖေက သူငယ်ငယ်ကတည်းက ဆုံးသွားရှာတာ။ ဒီအကြောင်းတွေကို မက်စ်က ပြည့်ပြည့်စုံစုံသိချင်ပေမဲ့ သူ့အမေကလည်း လုံးစေ့ပတ်စေ့ ပြောမပြဘူး။ တစ်နေ့တော့ မက်စ်အဖေရဲ့ လုပ်ဖော်ကိုင်ဖက် မိုင်းစ်အက်ဒ်ဝပ်ဆိုတဲ့ လူကြီးတစ်ယောက် မက်စ်တို့အိမ်ကို ညစာလာစားတယ်။ အဲဒီလူကြီးနဲ့ သူ့အမေတို့ ပြောတဲ့စကားတွေကတဆင့် သူ့အဖေသေတာဟာ သာမန်သေဆုံးမှုသက်သက် မဟုတ်ဘူးဆိုတာကို မက်စ်ရိပ်မိသွားတယ်။ အဲဒီနောက်မှာတော့ သူ့အဖေရဲ့ လျှို့ဝှက်နက်နဲမှုတွေဟာ မက်စ်ရဲ့ဘဝထဲကို တဖြည်းဖြည်း ဝင်ရောက်လာတယ်။ လေဆင်နှာမောင်းတစ်ခုကြောင့် ပျက်ဆီးသွားတဲ့ သိပ္ပံရှေ့ပြေးကုမ္ပဏီ အန်တက်ခ် (N-Tek)ရဲ့ အကြောင်းတွေ၊ သူ့အဖေဟာ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ အကြောင်းတွေကို မက်စ်သိလာရတယ်။ တချိန်တည်းလိုလိုမှာပဲ မက်စ်ရဲ့ခန္တာကိုယ်ထဲကနေ အမည်မဖော်နိုင်တဲ့ စွမ်းအင်တွေက နေ့စဉ်နဲ့အမျှ ထွက်လာတယ်။ ဒီစွမ်းအင်တွေကို ...
4.6
IMDB: 4.6/10 16,850 votes
movie
Max Steel (2016)
2016
Blu-ray 1080p
Dangal (2016) 8.4
Dangal (2016) အခု ဘောလိဝုဒ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Dangel လို့ပြောလိုက်တာနဲ့ ပရိသတ်အားလုံးသိပြီးသားဖြစ်မှာပါ။ မကြည့်ရသူတွေအတွက် ကြည့်သင့်ပြီားကည့်ပြီးတဲ့သူတွေအတွက်လည်း မရိုးနိုင်တဲ့ ကားကောင်းလေးတစ်ကားပါ။ ဒီကားနဲ့ပတ်သက်ပြီး နာမည် အကြီးဆုံးကတော့ မင်းသားကြီး Aamir Khan ရဲ့ Body transformation ပါပဲ။ နပန်း အားကစားဝါသနာပါလွန်းတဲ့ လူငယ်တစ်ယောက် ရွှေတံဆိပ်ရနိုင်ပါလျက်နဲ့ အထောက်အပံ့မရခဲ့တာကြောင့် နပန်းအားကစားဘ၀ကနေ အနားယူရတဲ့အထိ ဖြစ်ခဲ့တာပါ။ သူ့ရည်မှန်းချက်ကို သူ့သမီး ၂ ယောက်အပေါ်ပုံအပ်ပြီး လေ့ကျင့်ပေးတဲ့အခါမှာတော့…. အားကစား ရုပ်ရှင်ကားတွေထဲမှာ အကောင်းဆုံးရုပ်ရှင်ကား ဖြစ်ဆဲပါ။ ကြည့်သူတိုင်းလည်ျးကက်သီးမွှေးညင်းထစေလောက်အောင်ကို အားကစား စိတ်ဓာတ်ဘယ်လောက်ပြင်းထန်လည်းဆိုတာ ကြည့်ရှုရမှာပါ။အများကြီးလည်း ညွှန်းမနေတော့ပါဘူး။ ကားကောင်းလေးမို့လို့ အမြန်လေး ကြည့်လိုက်ပါဦးလို့… Credit Review
8.4
IMDB: 8.4/10 126,072 votes
movie
Dangal (2016)
2016
Blu-ray 1080p
The Accountant (2016) 7.3
The Accountant (2016) Batman မင်းသား Ben Affleck ရဲ့ Action Thriller အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘ၀မှာ High Functioning Autism(ဥာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့ သချာင်္ဥာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခ၀ါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ်(ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ...
7.3
IMDB: 7.3/10 234,244 votes
movie
The Accountant (2016)
2016
Blu-ray 1080p
Snowden (2016) 7.3
Snowden (2016) ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမ၀င်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ၀န်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို ...
7.3
IMDB: 7.3/10 119,717 votes
movie
Snowden (2016)
2016
Blu-ray 1080p
The Wild Life (2016) 5.4
The Wild Life (2016) လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တ၀ါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်…။ Credit Review
5.4
IMDB: 5.4/10 5,049 votes
movie
The Wild Life (2016)
2016
Blu-ray 1080p
Neighbors 2: Sorority Rising (2016) 5.7
Neighbors 2: Sorority Rising (2016) ဒီတစ်ခေါက်က Neighboes1 ကရှိပြီးသားမို့ လို့  မရှိသေးတယ့်2 ကိုရွှေးချယ်ပေးထားပါတယ်။ ဒီဇာတ်ကားရဲ့ အကြောင်းကိုနည်းနည်းလေးကြည့်လိုက်ရအောင် IMDb Rating 5.2 ၊Rotten Tomatoes 62% ၊Roger Ebert 1.5/4တို့ ရရှိထားပါတယ်။၂၀၁၆ မေလ မှာစတင် ဖြည့်ချီခဲ့ပြီး တစ်ကားလုံး ကြာချိန် ၉၃ မိနစ်ရှိပါတယ်။Budget မှာကန်ဒေါ်လာ 35 မီလီယံနဲ့ စတင်ရိုက်ကူးထားပြီး Box office မှာ ကန် ဒေါ်လာ 108 သန်းပြန်ရှာပေးနိုင်ခဲ့ပါတယ်။အဓီကသရုပ်ဆောင်တွေ မှာဆို ဆယ်ကျော်သက်တွေကြားမှာရေပန်းစားခဲ့ပြီး ဆက်လက်အောင်မြင် နေဆဲဖြစ်တယ့် မင်းသား Zac Efron နဲ့ လူငယ်မင်းသမီး Chloe Grace Moretz တို့ အဓီကပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင် အနေနဲ့  ဆယ်လီနာဂိုလ်မက်စ် ကလဲ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Universial Picturesကထုတ်လုပ်ထားလို့ အရည်အသွေးတစ်ခုတော့ရှိနေပါတယ်။ရှပ်ရှင်ဇာတ်ကားနဲ့ ပက်သက်ပြီးတော့ တစ်ခြား ဆုပေးပွဲတွေမှာဇကာတင်သာပါခဲ့ပေမယ့် Teen ...
5.7
IMDB: 5.7/10 103,115 votes
movie
Neighbors 2: Sorority Rising (2016)
2016
Blu-ray 1080p
Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) အော်စကာ ဆန်ကာတင် ၆ ဆု၊ အခြားဆန်ကာတင်ဆုပေါင်း ၆၉ ဆုမှာ ၃၅ ဆုအထိရရှိခဲ့တဲ့ အအောင်မြင်ဆုံးစစ်ကားအသစ်တစ်ကားပါ။ Saving Private Ryan, We are soldiers ကားတွေကို အမှီလိုက်နိုင်တဲ့ ကားကောင်းတစ်ကားပါပဲ။ ပြီးတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတာလည်းဖြစ်ပါတယ်။ အမေရိကရဲ့ အမြင့်ဆုံး သူရဘွဲ့တံဆိပ် Medal Of Honor ကို စစ်မြေပြင်မှာ ကျည်ဆံတစ်တောင့်မပစ်ဘဲ ရရှိခဲ့တဲ့ ဆေးတပ်သား တစ်ယောက်ရဲ့ အကြောင်းပါပဲ။ အရင်က အန်ဒရူးဂါဖီးကို မြင်ရင် SpiderMan လို့စိတ်ထဲမှာ တန်းပေါ်ပေမယ့် ဒီကားအပြီးမှာတော့ အန်ဒရုးကိုဘယ်မှတွေ့တွေ့ တပ်သားဒက်စ်မွန် ဒေါ့စ်အဖြစ်ပဲ မြင်နေတော့မယ်ထင်ပါတယ်ဗျာ။ ဘာသာရေးယုံကြည်မှုအရ သေနတ်လုံးဝမကိုင် လူမသတ်ဘဲ စစ်ပွဲထဲမှာ နိုင်ငံအတွက် တာဝန်ထမ်းမယ်ဆိုပြီး ခေါင်းမာမာနဲ့ ခုံရုံးအတင်ခံ ထောင်ကျမလိုအဖြစ်ခံပြီး လိုက်ခဲ့တဲ့ လူဗလံလေးတစ်ယောက်၊ စစ်ပွဲဆိုတာ လူသတ်ဖို့တင်မဟုတ်ဘူး လူကယ်ဖို့လည်း ရှိရမယ်ဆိုတဲ့ ...
8.1
IMDB: 8.1/10 367,636 votes
movie
Hacksaw Ridge (2016)
2016
Blu-ray 1080p