M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
2017
M-Sub Movie Channel
Midnight Runners (2017) 7.1
Midnight Runners (2017) Unicode Midnight Runners ဟာ သြဂုတ်လ 9 ရက်မှာရုံတင်ခဲ့ပြီး ကိုရီးယား လူငယ်မင်းသားတွေဖြစ်တဲ့ Park Seo-joon, Kang Ha-neul တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဟာသ-အက်ရှင် အသားပေး ရုပ်ရှင်ပါ။ ဒါရိုက်တာအဖြစ် Kim Joo-hwan က တာဝန်ယူရိုက်ကူးပါတယ်။ ရုပ်ရှင်မှာတော့ Park Seo-joon က Mr.Action စရိုက်က ပါဝင်ထားပြီး ခပ်သွက်သွက်နဲ့ သွေးဆူလွယ်ကာ ကိစ္စတခုဖြစ်ရင် လုပ်ချင်ရာလုပ်ထည့်လိုက်ပြီးမှ စဉ်းစားဆင်ခြင်မှုကို နောက်မှလုပ်သူဖြစ်တယ်။ Kang Ha-neul ကတော့ Park Seo-joon နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ပုံစံခပ်တုံးတုံးနဲ့ဖြစ်ကာ လက်တွေ့လုပ်ရမှာထက် တွေဝေစဉ်းစားနေတတ်တဲ့ စာကြမ်းပိုးလေး Mr.Bookworm အဖြစ် ပါဝင်ထားပါတယ်။ သူတို့နှစ်ဦးက ကိုရီးယားရဲတက္ကသိုလ်ကို တက်ရောက်ကြမယ့် ကျောင်းသားသစ်တွေပါ။ ရဲတက္ကသိုလ်မှာမှာ စတင်တွေ့ခဲ့ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေလည်း မဟုတ်ကြဘူး။ ဒါပေမယ့် လူပျိုတို့ရဲ့ ထုံးစံအတိုင်း ဖွန်ကြောင်ဖို့ကိစ္စ ...
7.1
IMDB: 7.1/10 3,066 votes
movie
Midnight Runners (2017)
2017
Blu-ray 1080p
Baahubali 2: The Conclusion (2017) 8.3
8.3
IMDB: 8.3/10 67,106 votes
movie
2017
Blu-ray 1080p
Transformers: The Last Knight (2017) 5.2
5.2
IMDB: 5.2/10 122,880 votes
movie
2017
Blu-ray 1080p
The Greatest Showman (2017) 7.6
The Greatest Showman (2017) ခြူးတစ်ပြားမှ မရှိသူတစ် ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူဖြစ်လာ သူတစ်ဦးအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ပီတီဘာနမ်ဟာ ခြူးတစ်ပြားမှမရှိတဲ့ ဘ၀ကနေကြီးပြင်းလာရသူဖြစ်ပြီး အရွယ်ရောက်လို့ အလုပ်ဝင်တဲ့အခါမှာ လည်း အလုပ်က ဒေ၀ါလီခံသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ ပါတယ်။ဘာနမ်ဟာ အလုပ်ပြုတ်ပြီး တဲ့နောက် သူ့မိသားစုအတွက် တစ်ခုခုတော့လုပ်မှဖြစ်မယ့် အနေအထားမှာ ဂီတနဲ့ပေါင်းစပ်တဲ့ ဆပ်ကပ်ပွဲလုပ်ဖို့ စိတ်ကူးရခဲ့ပါ တယ်။ အဲဒါနဲ့ ဘာနမ်ဟာ သူနဲ့အ တူ အလုပ်လုပ်နိုင်မယ့်သူတွေကို တစ်ဦးချင်းစီ လိုက်လံစုဆောင်း ပြီး ပွဲတစ်ခုစီစဉ်ခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ အက မယ်တွေ၊ ကျွမ်းဘားမယ်တွေ၊ မျက်လှည့်ပညာရှင်တွေစသဖြင့် လူတွေအများကြီးနဲ့ မြိုင်ဆိုင်လှ တဲ့ ဘာနမ်ရဲ့ နယ်လှည့်ဆပ်ကပ် အဖွဲ့ကြီးဖြစ်တည်လာပါတော့ တယ်။ရှိုးပွဲစီးပွားရေးကို စတင်ခဲ့တဲ့ပီတီဘာနမ်ရဲ့ ဘ၀ဖြတ်သန်းမှု အချိုးအကွေ့တွေနဲ့ ၁၉၁၉ လောက်က ဆပ်ကပ်ပြပွဲတွေ စတင်ခဲ့ရတဲ့အနေအထားတွေ၊ ရင်းဂလင်းညီအစ်ကို၊ ဘာနမ်နဲ့ ဘေလီဆပ်ကပ် အဖွဲ့ကြီးရဲ့အ ကြောင်းတွေကို ...
7.6
IMDB: 7.6/10 204,834 votes
movie
The Greatest Showman (2017)
2017
4kBlu-ray 1080p
Goodbye Christopher Robin (2017) 7.1
Goodbye Christopher Robin (2017)
2017
Blu-ray 1080p
A Taxi Driver (2017) 7.8
A Taxi Driver (2017) IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။ သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ ကျန်တဲ့မြို့တွေ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ဂွမ်ဂျူးမြို့က တစ်မြို့လုံး စည်းလုံးညီညွှတ်တာကြောင့် ...
7.8
IMDB: 7.8/10 9,648 votes
movie
A Taxi Driver (2017)
2017
Blu-ray 1080p
Raees (2017) 6.9
Raees (2017) ဂူဂျာရတ်ပြည်နယ်က လူ ဆိုးခေါင်းဆောင် အက်ဘ်ဒူလ် လာတစ်ဖ်ရဲ့အကြောင်းကို အခြေ ခံပြီး ဇာတ်အိမ်တည်ထားတယ်လို့ ဆိုကြပေမယ့်လည်း ရုပ်ရှင်ထုတ် လုပ်သူတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကိုသာ ပုံဖော် ထားတာလို့ ငြင်းဆိုထားပါတယ်။၁၉၈၀ နဲ့ ၁၉၉၀ ကြား ကာလ အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ရဲ့ ပုံရိပ်ကို ရှုစားရမှာပါ။ ရာအီးစ်ဟာ ဒုစရိုက်သမားဖြစ်လာတာမပြောနဲ့ ငယ် ငယ်ကတည်းက မကောင်းမှုအ တော်များများနဲ့ ယဉ်ပါးနေပြီး သားမို့လည်း ဖြစ်ပါတယ်။ငယ်ငယ်ကတည်းက မှောင် ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာ လည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်ပြီး သူဘယ် လောက်ပဲဆိုးသွမ်းပါစေ သူ့ဒေသခံတွေကတော့ သူ့ကို သဘောကျ ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူမွေးရပ်မြေကို ထောက်ပံ့ ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ...
6.9
IMDB: 6.9/10 37,114 votes
movie
Raees (2017)
2017
Blu-ray 1080p
John Wick: Chapter 2 (2017) 7.5
John Wick: Chapter 2 (2017)
2017
Blu-ray 1080p
Cook Up a Storm (2017) 6.4
Cook Up a Storm (2017) ဒီကနေ့ ပရိသတ်တွေခံစား ဖို့ကိုတော့ IMDb Rating (6.1/10) ရရှိထားတဲ့ ဟောင်ကောင်ဟာသ ဇာတ်ကားလေး ရွေးထားပါတယ်။ နာမည်ကျော် စားဖိုမှူး နှစ်ဦးရဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း လက်ရာ ဟင်းလျာချက်ပြုတ်အား ပြိုင်မှုတွေကို ကြည့်ရမယ့် ဇာတ် ကားလေးမို့ ပရိသတ်တွေအတွက် ရသအပြောင်းအလဲလေးပေးစွမ်း နိုင်မယ်လို့ ထင်ပါတယ်။စကိုင်းကိုဟာ ကန်တုန်လမ်း ဘေး စားသောက်ဆိုင်တစ်ဆိုင် က ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ဟင်းလျာ အမည်ပေါင်းများစွာကို အချိန်ခဏလေး အတွင်းမှာ စီမံချက်ပြုတ်နိုင်သူပါ။ ပေါလ်အန်းကတော့ ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့နာမည်ကြီး ဟင်းလျာချက်ပြုတ်နည်းတွေကို သင်ယူလာခဲ့တဲ့ မီချီလင်စတားစားဖိုမှူး တစ်ယောက်ပါ။စကိုင်းရဲ့ဆိုင်ကလည်း လမ်းဘေးဆိုင်လို့ဆိုပေမယ့် နှစ်ပေါင်း များစွာကတည်းက စားသုံးသူတွေ ရဲ့ အကြိုက်ဟင်းလျာတွေကို ရိုး ရာချက်ပြုတ်နည်းတွေ ချက်ပြုတ် ဝန်ဆောင်မှုပေးရင်း အောင်မြင်နေတဲ့ ဆိုင်တစ်ခုဖြစ်သလို ပေါလ်အန်းကတော့ ကြယ်သုံးပွင့်စားဖိုမှူးတစ်ယောက်အဖြစ်နဲ့ ခမ်းနားတဲ့ စားသောက်ဆိုင်ကြီးမှာ နောက်ဆုံးပေါ် ဟင်းချက်နည်းတွေနဲ့ ...
6.4
IMDB: 6.4/10 1,296 votes
movie
Cook Up a Storm (2017)
2017
Blu-ray 1080p
Bleeding Steel (2017) 5.2
Bleeding Steel (2017) 2018 ခုနှစ်ထွက် အခုမှ ပူပူနွေးနွေး ရုံတင်နေတဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ၀န်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံးဝ မခံပဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သှူု အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ်ဒါပေမဲ့ သက်သေကော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ် အဲ့ဒီနောက်မှာတော့ ဘာတွေဘလိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ Credit Review
5.2
IMDB: 5.2/10 6,418 votes
movie
Bleeding Steel (2017)
2017
Blu-ray 1080p
Extraordinary Mission (2017) 6.2
Extraordinary Mission (2017) ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ် Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ... သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါ ဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါ ဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ် လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့.. ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ ) သူ့ရဲ့ ...
6.2
IMDB: 6.2/10 544 votes
movie
Extraordinary Mission (2017)
2017
Blu-ray 1080p
Forgotten (2017) 7.3
Forgotten (2017) ယခုတစ်ခါတင်ဆက်ပေးမယ့် special movie လေးကတော့ မင်းသားချော၂လက်ဖြစ်တဲ့ Kang Ha-nuel နဲ့ Kim Mu-yeol တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်၊သည်းထိတ်ရင်ဖိုဇာတ်ကားလေးပါ။ (ချစ်ကြိုက်မယ့်မင်းသမီးမပါသလို Bl ကားလည်းမဟုတ်ပါ) ဇာတ်လမ်းအကျဉ်းကတော့... ဂျင်ဆော့(Kang Ha-nuel)ရဲ့ အစ်ကို ယူဆော့(Kim Mu-yeol)တစ်ယောက် ပြန်ပေးဆွဲခံရပြီးနောက် သူ့အစ်ကိုဘာလို့ပြန်ပေးဆွဲခံရတာလဲဆိုတာကို ဂျင်ဆော့တစ်ယောက် ဖော်ထုတ်ပါတော့တယ်။ ၁၉ရက်ကြာပြီးတဲ့နောက်မှာတော့ သူ့အစ်ကိုက အိမ်ကိုပြန်ရောက်လာခဲ့တယ်။ဒါပေမယ့် အိမ်ကိုပြန်ရောက်လာတဲ့လူက သူ့အစ်ကိုနဲ့ရုပ်ချင်းတူနေတဲ့လူဖြစ်နေတာကို သူသိတဲ့အချိန်မှာတော့.....? သူ့ကို ဘာလုပ်ဖို့အတွက် အဲ့ဒီလူက ရောက်လာတာလဲ? သူ့မိဘတွေကရော အဲ့ဒီကိစ္စကိုသိတော့ ဘာတွေလုပ်ကြမလဲ ဆိုတာ နက်နဲတဲ့အတွက် ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Spoiler: အထက်က ဇာတ်လမ်းအကျဉ်းက မှန်လား/မမှန်ဘူးလားဆိုတာ ဒီဇာတ်ကားကို ကြည့်မှ သိနိုင်ပါမည်။😀 Warning- *ဤဇာတ်ကားအား တစ်ချက်ကလေးမှ ရစ်မကြည့်ပါနဲ့*✌ Credit Review
7.3
IMDB: 7.3/10 7,045 votes
movie
Forgotten (2017)
2017
Blu-ray 1080p
Fifty Shades Darker (2017) 4.6
Fifty Shades Darker (2017) “Fifty Shades Darker” 2015 ခုနှစ်မှာ အပေါက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တွေထဲကတစ်ခု….Erotic Romance ရဲ့ပုံစံကိုပီပီပြင်ပြင်ဖော်ပြခဲ့တဲ့ Fifty Shades of Grey ဟာစာအုပ်ရော ရုပ်ရှင်ရောဝင်ငွေကောင်းပြီးနာမည်ကြီးတာ သိပ်မဆန်းပါဘူး….(မင်းသားကလဲ အတော်ဆွဲဆောင်မှုကောင်းသလို မင်းသမီးကလဲ အတော်လှတာကိုး…) အခုဆိုရင်ဖြင့် Fifty Shades of Grey ရဲ့အဆက် Fifty Shades Darker ဟာ2017 February မှာရုံတင်ခဲ့ပြီး EL.James ရဲ့ Fifty Shades Trilogy မှ ဒုတိယမြောက်စာအုပ်ကိုHouse of Card ဒါရိုက်တာ James Foley ကပြန်လည်အသက်သွင်းထားပြီး ဖြစ်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမFifty Shades of Grey မှာပါဝင်ခဲ့တဲ့သူတွေအားလုံးနီးပါးပြန်လည်ပါဝင်မှာပဲဖြစ်ပါတယ်… အချစ်ဟာ(စာအုပ်တွေထဲမှာ ရုပ်ရှင်တွေထဲမှာ ဆိုရင်တော့) လူတစ်ယောက်ကိုသိမ်မွေ့စွာပြောင်းလဲစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့ နူးညံ့တဲ့အရာတစ်ခုပါ။Sadist တစ်ယောက်ဖြစ်တဲ့ Christain Grey ကိုအချစ်ဆိုတဲ့အရာက ...
4.6
IMDB: 4.6/10 81,904 votes
movie
Fifty Shades Darker (2017)
2017
Blu-ray 1080p
Hot Summer Nights (2017) 6.4
Hot Summer Nights (2017)
2017
Blu-ray 1080p
Shubh Mangal Saavdhan (2017) 6.9
Shubh Mangal Saavdhan (2017) ဇာတ်ကားအကြောင်းမညွှန်းခင်၊ အရင်ဆုံး ဒီဇာတ်လမ်းထဲက မင်းသမီးဖြစ်တဲ့ Bhumi Pednekar အကြောင်း နည်းနည်းလောက် ပြောရအောင် Bhumi Pednekar ဟာဆိုရင် နှစ်ပေါင်းများစွာကြာအောင် Yash Raj Film မှာ လက်ထောက်ဒါရိုက်တာဝန် လုပ်ကိုင်ခဲ့ပြီးမှ ကုမ္ပဏီနဲ့ ရုပ်ရှင်သုံးကားကို မင်းသမီးအနေနဲ့ သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ Dum Laga Ke Haisha ဇာတ်ကားမှာ ပွဲဦးထွက် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ Filmfare Award for Best Female Debut ဆုရရှိခဲ့ပါတယ်။ နောက်ပြီးတော့ အားလုံးသိကြတဲ့ မင်းသားကြီး အက်ရှေးကူမားနဲ့အတူ၊ Toilet: Ek Prem Katha ဇာတ်လမ်းမှာလည်း အကောင်းဆုံးနဲ့ ပရိတ်သတ်ရင်ဖက်ထဲမှာ နေရာယူနိုင်ခဲသလို အခု ဇာတ်ကားဖြစ်တဲ့ Shubh Mangal Savdhan (2017) မှာလည်း အကောင်းဆုံး ကြိုးစားထားတော့ ပရိတ်သတ်ရင်ဖက်ထဲ ရောက်မယ်ဆိုတာ အာမခံပါတယ်။ ( ကိုယ်တွေကတော့ ...
6.9
IMDB: 6.9/10 6,157 votes
movie
Shubh Mangal Saavdhan (2017)
2017
Web-dl 1080p
Justice League Dark (2017) 7.1
Justice League Dark (2017) justice league dark ဟာ အရင်ထွက်ရှိခဲ့တဲ့ Justice league movies တွေနဲ့မတူဘဲ title အတိုင်းပဲ Dark ဆန်ပါတယ် R-rated ဖြစ်ပြီး rating 7.2 ရှိပါတယ် ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ အနှစ်ငါးရာတုန်းက မှော်ဆရာ Destiny ဟာ အိပ်မက်ကျောက်တုံး(Dreamstone) ကိုသုံးပြီး ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြံစည်ပါတယ် ဒါပေမဲ့ မှော်ဆရာမာလင်ကြောင့် မအောင်မြင်ဘဲ ကျောက်တုံးထဲမှာ Destiny ဟာ ပိတ်မိ နေပါတယ် ယခုအချိန်မှာ သူဟာ အနှစ်ငါးရာကြာ အောင် အစီအစဉ်တွေနဲ့ ကမ္ဘာကိုတစ်ဖန် ပြန်သိမ်းပိုက်ဖို့ကြံပါတယ် Justice League ရဲ့ မူလအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Superman Wonderman Flash Green Lantern တို့ဟာ မှော်ပညာကို မကိုင်တွယ်နိုင်တဲ့အခါမှာ Batman ဟာ မှော်ပညာကို ...
7.1
IMDB: 7.1/10 16,642 votes
movie
Justice League Dark (2017)
2017
Blu-ray 1080p