M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


2018

M-Sub Movie Channel
Believer (2018) 6.3
Believer (2018) ဒီကား​လေး လုံးဝကို crimeနဲ့ actionကို ကြိုက်​နှစ်​သက်​တဲ့သူ​တွေအတွက်​ တကယ်​ကိုထိမိ​စေမယ့်​ကား​လေးပါ ကားအစမှာ​တော့ ဆရာလီဆိုတဲ့ မူးယစ်​ရာဇာကိုလိုက်​စုံစမ်း​နေတဲ့စုံ​ထောက်​နဲ့ သူရဲ့သတင်း​ပေး ​ဆေးဆွဲ​နေတဲ့က​လေးမ​လေး ချာဆူ​ဂျောင်းတို့နဲ့စထားပါတယ်​ချာဆူ​ဂျောင်းက သတင်းယူ​ပေးရင်း မိသွားပြီး အသတ်​ခံလိုက်​ရတဲ့အခါမှာ​တော့ စုံ​ထောက်​ခင်​ဗျာ ​ကြေကွဲပြီး မူးယစ်​ရာဇာကို လိုက်​ဖမ်းဖို့ မရရ​အောင်​ နည်းမျိုးစုံနဲ့ကြိုးစားပါ​တော့တယ်​အဲ့လိုကြိုးစားရင်း ပုံစံမျိုးစုံ အ​ခြေအ​နေမျိုးစုံ လူ​ပေါင်းစုံနဲ့ပါကြုံ​တွေ့လာရပြီး ရင်​ဆိုင်​​ဖြေရှင်းပုံ​တွေက ရယ်​ရမလို ငိုရမလိုနဲ့ ​တော်​​တော်​ကို လှိုက်​ဖို​ငေး​မောပြီး ကြည့်ရှူရမယ့်​ကား​လေးပါ​နောက်​ဆုံးကျပြန်​​တော့ ဆရာလီဆို​တော့လူက ဘယ်​သူဖြစ်​မလဲသူ့ကိုတကယ်​​ရော ရှာ​တွေ့ပါ့မလားဖမ်းလို့​ရောရဲ့လားဆိုတာကို​တော့ Believer (2018)ဆိုတဲ့ဇာတ်​ကား​လေးမှာ ကြည့်​လိုက်​ပါ​နော်​ Credit – Review
6.3
IMDB: 6.3/10 877 votes
movie

Believer (2018)

2018
Blu-ray 1080p
Simmba (2018) 6.3
Simmba (2018) IMDb . 6.4/10 ကဲ …လုံးဝကော်ပီအကြည်နဲ့ ရဲဖိုက်တာဇာတ်လမ်းကောင်းလေး မိတ်ဆွေများအတွက်ညွှန်းလိုက်ပါရစေအုံးဗျာ… ငယ်စဉ်ကတည်းကနေရဲဖြစ်ချင်နေတဲ့လူငယ်လေးတစ်ယောက်သူဖြစ်ချင်နေတဲ့ရဲတစ်ယောက်ဖြစ်လာသောအခါတွင် (သူဘာကြောင့်ရဲဖြစ်ချင်တာလဲဆိုတော့အဓိကရည်ရွယ်ချက်ကတော့ချမ်းသာပြီးဗိုလ်ကျနေတဲ့ရည်ရွယ်ချက်နဲ့ပေါ့…) တနေ့မှာ ကျောင်းသားကလေးတွေကိုဓားစာခံလုပ်ပြီးမူးယစ်မှောင်ခိုတင်သွင်းခိုင်းနေချိန်မျက်မြင်သက်သေဖြစ်တဲ့ ဆရာမလေးတစ်ယောက်ကို ဗီလိန်ပီားရိုးကြီး ဆိုနုစု ရဲ့ညီနှစ်ယောက်ကဖျက်ဆီးပြီးသတ်ပြစ်လိုက်တဲ့သက်သေခံဗီယိုဖိုင်ကို ကျောင်းသားလေးတစ်ယောက်က ရဲအရာရှိဖိုက်တာကြီး ရန်ဗီးလ်ဆင်း ကိုသွားပြရာ နဂိုကတည်းထိုဆရာမအပေါ်ကို ညီမတစ်ယောက်လိုခင်မင်သံယောဇဉ်ဖြစ်ခဲ့တဲ့ ဆရာမလေးတစ်ယောက်ကို အရှင်လတ်လတ်ဆော်ကားအသတ်ခံလိုက် တာကိုမြင်မိသွားတဲ့ ရန်ဗီးလ်ဆင်း ဒေါသမီးတွေပေါက်ကွဲကာ တရားခံ ၂ယောက်ကိုပရိယာယ်ဆင်ပြီးဖမ်းကာ ကမ္ဘာမြေကြီး ပေါ်ကနေအပျောက်ဖျောက်ပေးလိုက်ပါတော့တယ် ထိုကိစ္စကိုသိသွားတဲ့ ဗီလိန်ပီားရိုးကြီး ဆိုနုစု မှာညီနှစ်ယောက်အတွက် သွေးကြွေးဆပ်ဖို့ စိတ်တွေပြင်းထန်လာပါတော့တယ် တဖက်မှာလည်း ညီမလေးတစ်ယောက်လိုသံယောဇဉ်ဖြစ်ခဲ့ရတဲ့ အသတ်ခံရမူ့နောက်ကြောင်း ဇစ်မြစ်လိုက်ရင်း သူတို့နှစ်ဦးထိပ်တိုက်အတွေ့မှာတော့…..ကဲ ပြောနေကြာပါတယ်သွားရောက်အားပေးလို့ရပြီနော် ပါဝင်တဲ့သူတွေလည်းတချက်ရှု့လိုက်ပါအုံးမိတ်ဆွေ… ရဲအရာရှိအဖြစ် – ရန်ဗီးလ်ဆင်း ဗီလိန်ပီားရိုးအဖြစ် – ဆိုနုစု မင်းသမီးချောလေးကတော့ မင်းသားကြီး ဆဖ်အလီခန်း ရဲ့သမီးချောလေး – ဆာရာ အလီခန်း မင်းသားကြီး အဂျေး နှင့် အက်ရှင်စတန့်မင်းသားကြီး အရှေးကူးမား တို့မှပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီဆိုမှတော့ဖြင့်… Credit Review - FOF
6.3
IMDB: 6.3/10 14,182 votes
movie

Simmba (2018)

2018
Web-dl 1080p
Illang: The Wolf Brigade (2018) 6.0
Illang: The Wolf Brigade (2018) ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။ အဆိုပါအဖွဲ့ကိုနှိမ်နင်းဖို့ရာအတွက် အထူးလေ့ကျင့်ပြီး အဆင့်မြင့် Equipment တွေတပ်ဆင်ထားတဲ့ ...
6.0
IMDB: 6.0/10 2,196 votes
movie

Illang: The Wolf Brigade (2018)

2018
Web-Rip 1080p
Arctic (2018) 7.0
Arctic (2018) IMDb...7.2,,,,Rotten...89% ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲက ငါးတွေဖမ်းလိုက်အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် .... သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ.... တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်..... သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် .ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် ..... ယာဉ်မောင်းသေဆုံးသွားပြီး အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်...သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး...မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား.. .ဒီနေရာမှာပဲအသေခံမလား...ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား...သူတို့အသက်ရောရှင်နိုင်ကြပါ့မလား....ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး.... IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ကြည့်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ..... Crd CM
7.0
IMDB: 7.0/10 7,992 votes
movie

Arctic (2018)

2018
Blu-ray 1080p
Master Z: Ip Man Legacy (2018) 6.5
Master Z: Ip Man Legacy (2018) IP Man 3 ပြီးတဲ့အနောက်က Timeline ကိုဆက်လက်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ထုံးစံအတိုင်း ၀င်ချွန်းသိုင်းပညာကိုဦးတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်သလို သိုင်းကွက်..ချကွက်..ကြမ်းချက်တွေကတော့အရင် IP Man ဇာတ်ကားတွေလို ခပ်ကြမ်းကြမ်းပါပဲ.. ဒီကားရဲ့ IMDb Rate ကတော့ 7.2 ဖြစ်ပါတယ် ၀င်ချွန်း သိုင်းပညာရှင် ကျန်းကျစ်ယိဟာ ယိမန်နဲ့ယှဉ်ပြိုင်လို့ရှုံးနိမ့်ပြီးတဲ့နောက်မှာ သိုင်းလောကကနေ တိတ်တဆိတ်ထွက်ခွာလာခဲ့တယ်သာမာန်လူတစ်ယောက်အနေနဲ့ဖြတ်သန်းလာခဲ့တဲ့သူ့ဘ၀ထဲမှာသူများကိုကူညီရင်းနဲ့ပဲ မှောင်ခိုဂိုဏ်းတခုနဲ့ငြိမိပြီးဘယ်လိုအရှုပ်တွေဝင်လာမှာလဲ..ဘာတွေဆက်ဖြစ်မှာလဲဝင်ချွန်းသိုင်းကွက်ကိုမသုံးတော့ဖို့ဆုံးဖြတ်ထားခဲ့တဲ့ သူတစ်ယောက်ကဘယ်လိုမျိုးများဖြေရှင်းနိုင်မှာလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် Credit Review
6.5
IMDB: 6.5/10 2,117 votes
movie

Master Z: Ip Man Legacy (2018)

2018
Blu-ray 1080p
How It Ends (2018) 5.0
How It Ends (2018) ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့…. ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်…အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား?ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ?မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း Aye Mon Kyaw ပါ)
5.0
IMDB: 5.0/10 35,299 votes
movie

How It Ends (2018)

2018
Web-Rip 1080p
Peppermint (2018) 6.5
Peppermint (2018) imdb Rating 6.5 ရရှိထားတဲ့ အက်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်….မိသားစု​အ​ပေါ်မှာ ​မေတ္တာတရားကြီးမားတဲ့ မိန်းမသားတစ်​ဦး၊မူးယစ်​ရာဇာတစ်ဦး၏ ​​​​စေခိုင်းမှု​ကြောင့်​ သူမချစ်​တဲ့ ခင်​ပွန်းသည်​နဲ့ သမီးငယ်​တို့သူမမျက်​စိ​ရှေ့မှာတင်​ ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခံရ​တဲ့အပြင်​သူမကိုယ်​တိုင်​လည်း ​သေနတ်​ဒဏ်​ရာများဖြင့်​ ​ဆေးရုံ​ပေါ်​ရောက်​​ခဲ့ရပါတယ်​။ ဒါတင်​မက​သေးပဲ ​ဆေးရုံဆင်းဆင်းချင်းမှာပဲ တရားစွဲဆိုမှုက အကျင့်​ပျက်​ခြစား​တဲ့ဥပ​ဒေဘက်​​တော်​သားများ​ကြောင့်​ အရှုံးကိုသာ ရင်​ဆိုင်​ခဲ့ရ​သောအခါတရားမျှတမှုဆိုတာကို ရှာ​ဖွေဖို့အတွက်​ နူးညံ့မှုကို​ဖျောက်​ပြီးသူမကိုယ်​သူမ ​ပြောင်းလဲခဲ့ရပါတယ်​။ ငါးနှစ်​တာကာလကို ​ကျော်​လွန်​ပြီးခဲ့ချိန်​မှာ​တော့ဘယ်​လိုအရာ​တွေနဲ့ တစ်​​ကျော့ပြန်​လာမလဲဆိုတာ စိတ်​ဝင်​တစား​ကြည့်​ရှုရမယ့်​အက်​ရှင်​ကား​ကောင်းတစ်​ကားပဲ ဖြစ်​ပါတယ်​။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 31,234 votes
movie

Peppermint (2018)

2018
Blu-ray 1080p
Unsane (2018) 6.4
Unsane (2018) ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။ သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ပိုဆိုးတာက အဲဒီဆေးရုံက၀န်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့…။အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း ကိုမျိုးသန့်)
6.4
IMDB: 6.4/10 29,937 votes
movie

Unsane (2018)

2018
Blu-ray 1080p
Avengers: Infinity War (2018) 8.5
Avengers: Infinity War (2018) MCU ရဲ့ စတင်တည်ဆောက်ပြီး ၁၀ နှစ်မြောက်မှာ Infinity War ဆိုတဲ့ ရုပ်ရှင် ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်လမ်းဟာ ယခင်ထွက်ရှိခဲ့ပြီးတဲ့ မာဗယ်စူပါဟီးရိုးကားတွေနဲ့ ချိတ်ဆက်ထားတာမို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ ယခင်ကားတွေကို သေချာမသိခဲ့ရင်တောင် ဒီကားထဲမှာ အတော်လေး အကျဉ်းချုံး ရှင်းပြသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စကြဝဠာမှာ အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ တိုက်တန်ကြီး သားနို့စ်ဟာ အနန္တကျောက်တုံး ခြောက်တုံးကို စုစည်းပြီး စကြဝဠာရဲ့ တစ်ဝက်တိတိကို သတ်ပစ်ဖို့ ကြံစည်လာပါတယ်။ ဒီအကြံကို အဗန်ဂျာတွေ နဲ့ စကြဝဠာစောင့်ရှောက်သူအဖွဲ့ တို့ ပူးပေါင်းပြီး ကာကွယ်ကြတဲ့အခါ MCU သမိုင်းရဲ့ အကြီးဆုံး တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။ Review Credit
8.5
IMDB: 8.5/10 612,147 votes
movie

Avengers: Infinity War (2018)

2018
Blu-ray 1080p
Black Panther (2018) 7.3
Black Panther (2018) Black Panther ရုပ်ရှင်ဟာ Marvel Cinematic Universe ရဲ့ ၁၈ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Box office ဝင်ငွေ US$1.348 billions အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် Superhero ရုပ်ရှင်တွေကြားထဲမှာရေပန်းအစားဆုံးလည်းဖြစ်ခဲ့ပါတယ်။ Black Panther အကြောင်းကိုသိထားဖို့အတွက် Captain America : Civil War ကို ကြည့်ထားဖို့လိုပါမယ်။Civil War မှာ Black Panther T’Challa ရဲ့အဖေ T’Chaka တစ်ယောက် Winter Soldier လုပ်ကြံခံရတာကို အားလုံးအသိပဲဖြစ်မှာပါ။ T’Chaka သေသွားပြီးနောက် အုပ်ချုပ်သူမရှိဖြစ်နေတဲ့ Wakanda ကို သားဖြစ်သူ T’Challa ကနေ အရိုက်အရာဆက်ခံပြီး အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင့်အရိုက်အရာကိုဆက်ခံဖို့ပြဿနာလေးတွေအနည်းငယ်ရှိနေပါသေးတယ်။Wakanda ကို မျိုးနွယ်စုအသီးသီးနဲ့ဖွဲ့စည်းထားပြီးVibranium သတ္ထုတွေထွက်ရှိတာမို့လို့ တချို့သောဒုစရိုက်သမားတွေက Wakanda ကို မျက်စိကျလို့နေပါတယ်။ ကမ္ဘာ့အမြင်မှာ Third World country ...
7.3
IMDB: 7.3/10 486,841 votes
movie

Black Panther (2018)

2018
Blu-ray 1080p
Ant-Man and the Wasp (2018) 7.1
Ant-Man and the Wasp (2018) Civil War ကာလအပြီးမှာတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး Ant-Man ဟာ​ခြေချုပ်​ကျလို့​နေပါတယ်​။ ဟန့်​ပမ်​ က​တော့ သူ့သမီးနဲ့အတူတစ်​ခါတုန်းက ကွမ်​တမ်​ နယ်​​မြေအမှုန်​​အောက်​​သေးငယ်​တဲ့ ရပ်​ဝန်းမှာပိတ်​မိသွားခဲ့တဲ့ သူ့ဇနီးကို ပြန်​ကယ်​ဖို့ ကြိုးစား​နေပါတယ်​။ခြေချုပ်​ကျ​နေတဲ့ စ​ကော့ ဟာကွမ်​တမ်​နယ်​​မြေထဲက ဟန့်​ခ်​ မိန်းမ ဆက်​သွယ်​သံ ကြားရ​ကြောင်း ဟန့်​ကို ​ပြောတဲ့အခါ Size up လုပ်​ထားတဲ့ ပုရွတ်​ဆိတ်​တစ်​​ကောင်​နဲ့အစားထိုးပြီး ​ခေါ်ထုတ်​သွားခဲ့ပါတယ်​။ ဟန့်​ မိန်းမနဲ့ ဆက်​သွယ်​နိုင်​မဲ့ ချုံ့ထားတဲ့ အိတ်​​ဆောင်​ ဓာတ်​ခန်းခွဲအတွက်​ လိုအပ်​တာ​တွေ ဝယ်​ရင်း သူ့တို့လိုပဲ ဓာတ်​ခွဲခန်းကို လိုအပ်​​နေဆဲ့ Ghost ဆိုတဲ့ သရဲတ​စ္ဆေလို အစွမ်းရှိတဲ့Villain တစ်​​ယောက်​နဲ့ ကြုံလာရပါတယ်​။ Marvel Fan ​တွေအကြိုက်​ Crdit Scene ချိုချို​လေး​တွေ ပါပါ​သေးတယ်​။ နှစ်​ခုပါ။ တစ်​ခုက​တော့ IW နဲ့ဆက်​စပ်​​နေပြီး Antman အမှုန်​အဖြစ်​မလွင့့်ပြယ် သွားရတဲ့ ...
7.1
IMDB: 7.1/10 204,018 votes
movie

Ant-Man and the Wasp (2018)

2018
Blu-ray 1080p
Outlaw King (2018) 7.0
Outlaw King (2018) “အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။” ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
7.0
IMDB: 7.0/10 41,419 votes
movie

Outlaw King (2018)

2018
Web-Rip 1080p
Bumblebee (2018) 7.1
Bumblebee (2018) အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို ...
7.1
IMDB: 7.1/10 53,415 votes
movie

Bumblebee (2018)

2018
Blu-ray 1080p
The Hurricane Heist (2018) 5.1
The Hurricane Heist (2018) အခု ပရိတ်သတ်ကြီးအတွက် တလောကမှရုံတင်သွားတဲ့ The Hurricane Heist ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် ဝေနဲ့ ဘရိဇ်တို့ ညီအစ်ကိုနှစ်ယောက်က မုန်တိုင်းခဏခဏဝင်လေ့ရှိတဲ့ မြို့လေးမှာ ဖခင်ဖြစ်သူနဲ့နေထိုင်ကြပါတယ် တစ်နေ့မှာ မုန်တိုင်းတစ်ခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ် နောက် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ အစ်ကိုဖြစ်သူဘရိဇ်က မြို့လေးမှာပဲ အဟောင်းပြင်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီးညီဖြစ်သူဝေလ်ကတော့ မုန်တိုင်းတွေကို ကြောက်တဲ့ မိုးလေဝသပညာရှင်ဖြစ်လာခဲ့ပါတယ် ကေဆီကော်ဗင်လို့အမည်ရတဲ့ မိန်းကလေးကတော့ငွေအဟောင်းတွေကို ဖျက်ဆီးဖို့ သယ်လာပေးရတဲ့ အရာရှိပါ တစ်နေ့မှာ တန်မီလို့အမည်ပေးထားတဲ့ မုန်တိုင်းက ဒီမြို့လေးကိုထပ်ဖြတ်ဖို့ အကြောင်းဖန်လာပါတယ် အဲ့ဒီအချိန်မှာပဲ ဒီမုန်တိုင်းကို အသုံးချပြီးနိုင်ငံတော်ဘဏ္ဌာတိုက်ကို ဖောက်ဖို့ကြိုးစားနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ် အဲ့ဒီအရှုပ်တွေကြား ဘရိဇ်တစ်ယောက်ပါသွားတဲ့အခါ... ကေဆီနဲ့ ဝေလ်တို့ နှစ်ယောက်ပေါင်းပြီး မုန်တိုင်းကြားက ဘရိဇ်နဲ့ ကျန်တဲ့ ဓါးစာခံတွေကိုကယ်ထုတ်နိုင်မှာလား ဒါမှမဟုတ် လူဆိုးတွေကပဲ ပိုက်ဆံတွေနဲ့ လွတ်သွားမလား လောဘဇောတက်လာတဲ့အခါ ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတောင် စိတ်ပြောင်းသွားနိုင်ကြောင်း... အစ်ကိုဖြစ်သူအသက်အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ မိမိရဲ့အကြောက်တရားကို ကျော်လွှားဖို့ ကြိုးစားခဲ့တဲ့ ညီဖြစ်သူရဲ့ မေတ္တာတရား စတာတွေကို မြင်တွေ့ခံစားရမှာပါ ဒီဇာတ်ကားကို The Mummy 3 နဲ့ Dragon ...
5.1
IMDB: 5.1/10 14,264 votes
movie

The Hurricane Heist (2018)

2018
Blu-ray 1080p
Replicas (2018) 5.4
Replicas (2018) မင်းသားကြီး Keanu Reevesရဲ့၂၀၁၈ရုံတင်​ကား​​လေးပါ။ Replica ဆိုတာ မြန်​မာလိုဘာသာပြန်​ရင်​ ကိုယ်​ပွားတဲ့​ဗျာ စိတ်​ဝင်​စားစရာ​တော့​ကောင်းသား​ဗျ။ Willဟာ ​​ဆေးကုမ္ပဏီတစ်​ခုမှာ အလုပ်​လုပ်​တဲ့သူတစ်​​ယောက်​ပါ။ သူလုပ်​ရတဲ့အလုပ်​ကလဲ သူများ​တွေလို ရိုးရိုးရှင်းရှင်းမဟုတ်​ပါဘူး။ စစ်​ပွဲမှာ​သေဆုံးသွားတဲ့စစ်​သား​တွေဟာနိုင်​ငံ​ကောင်းကျိုးအတွက်​သူတို့ရဲ့ခန္ဓာကိုယ်​​တွေကို​ဆေးပညာမှာသုံးဖို့လှူဒါန်းခဲ့ပါတယ်​။ အဲ့​သေပြီးသား​ခန္ဓာကိုယ်​ထဲကမှတ်​ဥာဏ်​​တွေကိုထုတ်​ပြီး စက်​ရုပ်​တစ်​ခုထဲထည့်​​ပေးရတယ်​။ ​သေလူ​တွေကိုအသက်​ပြန်​သွင်းတဲ့စီမံကိန်းတစ်​ခုကိုလုပ်​​နေရတယ်​။ ဒါ​ပေမဲ့လဲဘာမှန်းမသိတဲ့လိုအပ်​ချက်​​ကြောင့်​ အကြိမ်​ကြိမ်​အခါခါကျရှုံး​နေရတာ​ပေါ့။ တစ်​​နေ့​တော့သူတို့မိသားစု​လေး ခရီးထွက်​ကြတယ်​ ကံမ​ကောင်းချင်​​တော့ကားမ​တော်​တဆမှု​လေးဖြစ်​ပြီးသူရဲ့မိန်းမရယ်​သားရယ်​သမီး၂​ယောက်ရယ်​​သေဆုံးသွားခဲ့ကြတယ်​။ အဲ့ဒါနဲ့သူ့​ဆေးကုမ္ပဏီက စီမံကိန်းလုပ်​​နေတဲ့ပစ္စည်း​တွေကိုခိုး ကိုယ်​ပွား​တွေထွင်​ပြီးမိသားစုကိုအသက်​ပြန်​သွင်း​ပေးလိုက်​တယ်​။ အဲ့ဒါကို​ဆေးကုမ္ပဏီကသိသွားတဲ့အခါမှာတော့ … Credit Review
5.4
IMDB: 5.4/10 10,845 votes
movie

Replicas (2018)

2018
Blu-ray 1080p
Bumblebee (2018) 7.1
Bumblebee (2018) အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို ...
7.1
IMDB: 7.1/10 53,415 votes
movie

Bumblebee (2018)

2018
Web-dl 1080p
Along with the Gods: The Last 49 Days (2018) 7.1
Along with the Gods: The Last 49 Days (2018) ဒီဇာတ်​ကား​လေးက ငရဲကြီးရှစ်​ထပ်​အ​ကြောင်းကို ရိုက်​ပြထားတဲ့ ကိုရီးယားဇာတ်​ကား​လေးဖြစ်​ပါတယ်​ အပြစ်​မျိုးစုံကျူးလွန်​ခဲ့ကြပြီး ​နောက်​ထပ်​လူပြန်​ဖြစ်​ဖို့အတွက်​ နှစ်​​ပေါင်း​ထောင်​ချီ အပြစ်​ကို​ပေးဆပ်​​နေကြရတဲ့ ဘုရားရဲ့ အ​စောင့်​အ​ရှောက်​​တွေ အ​ကြောင်းကိုရိုက်​ပြထားတာဖြစ်​ပါတယ်​ ဘုရင်​ ရွန်​မ်​မရာ ဟာ ​စောင့်​​ရှောက်​သူ ဂန်​လင်းကို သူ့ရဲ့ အပြစ်​ကို​ဆေး​ကြောဖို့အတွက်​ နှစ်​​ပေါင်း​ထောင်​ချီ စိတ်​ဒဏ်​ရာနဲ့​နေ​စေခဲ့တာဖြစ်​ပါတယ်​ သူ့အနားမှာလည်း ဟယ်​ဝန်​မက်​ နဲ့ ​ဒေါ့ချွန်းဆိုတဲ့ သူနှစ်​​ယောက်​ရှိတယ်​ ဂန်​လင်းက သူ့ရဲ့အပြစ်​ကို​ဆေး​ကြောဖို့ သူ​နောက်​တစ်​ခါလူပြန်​ဖြစ်​ဖို့ ဝိဥာဉ်​​၄၉ခုကို ကယ်​တင်​ရမှာဖြစ်​ပါတယ်​ ကင်​ဆူဟွန်း ဆိုတဲ့ မတရားသတ်​ခံခဲ့ရတဲ့ သူရဲ့အမှုကို တရားမှုရဖို့ အတွက် သူ့ရဲ့ ရပိုင်​ခွင့်​​တွေကို​လောင်းပြီး သူသတ်​မှတ်​ချိန်​အတွင်း အမှုကို​ဖော်​ရမှာဖြစ်​ပါတယ်​ သူ့ရဲ့​ဘေးနားကနှစ်​​​ယောက်​ကိုကျ​တော့ လူ့ပြည်​ကို သက်​တမ်း​စေ့​နေတဲ့ အဖိုးကြီးကို အ​ခေါ်လွှတ်​လိုက်​တာ ပြန်​မလာ​တော့တဲ့ နတ်​ဘုရား ​ဆောင်​ဂျူကို ​ရှင်းပြီး အဖိုးကြီးကိုပြန်​​ခေါ်ဖို့ လွှတ်​ပြီး တာဝန်​ခွဲခဲ့ကြပါတယ်​ ဒီလိုနဲ့ ကိုယ်​စီ တာဝန်​​တွေ​ကျေကြမလား ​နောက်​ထပ်​ပြန်​​မွေးဖွားခွင့်​​တွေရကြမလားဆိုတာကို​တော့ ဒီဇာတ်​ကားမှာ​တွေ့မြင်​ရမှာပါ လူ​တွေ​နေ့တိုင်း စိတ်​ပင်​ပန်း ဆင်းရဲ​နေရတဲ့ ...
7.1
IMDB: 7.1/10 2,972 votes
movie

Along with the Gods: The Last 49 Days (2018)

2018
Blu-ray 1080p