M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


2018

M-Sub Movie Channel
Aquaman (2018) 7.4
Aquaman (2018) ပင်လယ်ရေအောက်က ပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေ စီစဉ်တဲ့ အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကို ထွက်ပြေးလာခဲ့တယ် ။ အဲ့ဒီမှာ မီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကို မွေးဖွားခဲ့တယ် ။ Arthur မှာ ရေသတ္တဝါတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ် ။တနေ့မှာတော့ Atlantis စစ်သည်တော်တွေ ရောက်လာပြီး Atlanna ကို အတင်းအကျပ် ပြန်ခေါ်သွားခဲ့တယ် ။ မပြန်ခင်မှာ Atlanna ဟာ သူ့လူယုံတော် Vulko ထံ သားဖြစ်သူ Arthur ကို အပ်နှံခဲ့ပြီး သူ့စွမ်းရည်တွေကို လေ့ကျင့်ပေးဖို့ အကူအညီ တောင်းခဲ့တယ် ။နှစ်ပေါင်းများစွာ ကြာတဲ့အခါ Atlanna ကွယ်လွန်အပြီး သူ့ရဲ့ဒုတိယ သားဖြစ်သူ Orm ဟာ Atlantis ရဲ့ဘုရင်ဖြစ်လာတယ် ...
7.4
IMDB: 7.4/10 169,327 votes
movie

Aquaman (2018)

2018
Blu-ray 1080p
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) Mary Poppins ဆိုတဲ့ ဇာတ်လမ်းလေးဟာ ကလေးကြိုက်ကားလေးဖြစ်ပါတယ် မိသားစုဝင်တွေတူတူကြည့်လို့ အဆင်ပြေတဲ့ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကလေးတွေရဲ့ စိတ်ကူးယဉ် ဖန်တီးနိုင်မှုတွေကို Mary Poppins ဆိုတဲ့ မှော်ဆန်ဆန် ကလေးထိန်းတယောက်ကို ဖန်တီးပြီးတော့ တင်ဆက်ထားတာဖြစ်ပါတယ် မိုက်ကယ်ဘန့်မှာ ကလေးလေး၃ယောက်ရှိနေပြီးတော့ မိတဆိုးလေးတွေကတော့ သူတို့အမေရဲ့နေရာကို ဖြည့်ပေးဖို့ အမြဲတွေးထားပြီး လိမ္မာတဲ့ကလေးလေးတွေပေါ့ မိဘတွေအနေနဲ့လည်း ဒါမျိုးကားလေးတွေ များများကြည့်ပေးသင့်ပါတယ် နမူနာကောင်းလေးတွေကို ကလေးတွေ အနေနဲ့ သိနိုင်ပြီးတော့ မိဘတွေအနေနဲ့လည်း ကလေးလေးတွေရဲ့ စိတ်ကူးယဉ်မှုတွေကို ဘေးဖယ်မထားသင့်ဘူးဆိုတာလေးကို ပိုသိနိုင်ပါတယ် ဒီဇာတ်လမ်းမှာတော့ Mary Poppins က ကလေးလေးတွေကို ဘယ်လိုကူညီမလဲ မှော်ဆန်ဆန် ဘယ်လိုလေး ရောက်လာမလဲ သူ့အကူအညီတွေကရော ထိရောက်မှာလားဆိုတာတွေကို တွေ့ရပြီးတော့ သီချင်းသံမြူးမြူးလေးတွေနဲ့ တင်ဆက်ထားပါတယ် Credit - GC Movies
7.2
IMDB: 7.2/10 34,140 votes
movie

Mary Poppins Returns (2018)

2018
Blu-ray 1080p
The Meg (2018) 5.7
The Meg (2018) သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုမှ ကြိုက်နှစ်သတ်တဲ့ သူငယ်ချင်းတွေအတွက် မင်းသားကြီး Jason Statham ပါဝင်သရုတ်ဆောင်ထားတဲ့ ငါးမန်းကား The MEG 2018 ဇာတ်ကားကို မြန်မာစာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားထဲမှာ Jason ဟာ ကျွမ်းကျင်တဲ့ ရေအောက်ကယ်ဆယ်ရေးသမားတစ်ယောက်ပါ ။ တနေ့မှာ ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ထူးဆန်းတဲ့ အဖြစ်ပျက်တစ်ခုနဲ့ ကြုံတွေ့ ခဲ့ရတာကြောင့် ကယ်ဆယ်ရေးအစီစဉ်ပျက်ဆီးပြီး လူပေါင်းများစွာလည်း သေဆုံးခဲံရပါတယ် အဲဒီ့နောက်မှာ Jason လည်းသူတွေ့ ကြုံခဲ့ရတဲ့ အဖြစ်ပျက်တွေကို ပြန်လည်ပြာပြခဲ့ပေမယ့် ဘယ်သူမှ လက်မခဲံခဲံကြပါဘူး။ သူလည်း အလုပ့်နေထွက်လိုက်ပါတယ် ။ ဒါပေမယ့် တစ်နေ့ မှာတော့ ဒီနေရာကို ပြန်သွားရမယ့်အချိန် ကျရောက်လာပါတော့တယ် ..... Jason တစ်ယောက် မကောင်းဆိုးဝါးကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ ဘယ်လိုအနိုင်ယူမလဲဆိုတာကို သူငယ်ချင်းတွေ ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ ရအောင် မြန်မာစာတန်းထိုးလေးတင်ဆက်ပေးထားပါတယ် ။   Credit Review
5.7
IMDB: 5.7/10 99,921 votes
movie

The Meg (2018)

2018
Blu-ray 1080p
Roma (2018) 7.9
Roma (2018) 2018 ရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကား အခုလိုပြောလို့ ကျွန်တော် မလွန်ဘူးလို့ထင်တယ်။ Roma ဆိုတာဟာ Mexico နိုင်ငံမြို့တော်ဖြစ်တဲ့ Mexico City မှာရှိတဲ့ Colonia Roma လို့ ခေါ်တဲ့ ရပ်ကွက်နာမည်ကို ဆိုလိုတာပါ။ Cleo ဟာ Colonia Roma ရပ်ကွက်ထဲမှာရှိတဲ့ Sofia တို့ အိမ်မှာ အလုပ်လုပ်နေတဲ့ အိမ်အကူတစ်ယောက်ပေါ့။ Sofia တို့ အိမ်မှာ သူ့ယောင်္ကျားဖြစ်တဲ့သူရယ်၊ ကလေး ၄ ယောက်ရယ်၊ အဖွားရယ်၊ နောက်အိမ်အကူတစ်ယောက်ရယ် တူတူနေကြတယ်။ ဇာတ်လမ်းဟာ ဒီဇာတ်ကောင်တွေကြားမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေကို ၁၉၇၀ ခုနစ် မက္ကဆီကိုမှာဖြစ်နေတဲ့ လူနေမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ရောယှက်တင်ပြထားတယ်။ ဇာတ်လမ်းဟာ Cleo ကို အခြေတည်ထားတာပါ။ ပထမတစ်နာရီလောက်ဟာ Cleo ရဲ့ နိစ္စဓူဝအလုပ်တွေကို ပြရင်းနဲ့ပဲ ပြီးသွားတယ်။ အဲ့လိုပြရာကနေ Cleo နဲ့ ကလေးတွေရဲ့ ဆက်ဆံမှုတွေ၊ သူ့ရဲ့ချစ်သူနဲ့ ...
7.9
IMDB: 7.9/10 89,226 votes
movie

Roma (2018)

2018
Web-dl 1080p
Instant Family (2018) 7.6
Instant Family (2018) Instant family ဇာတ်ကားဟာ IMDB 7.5 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား…. အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား….. မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး….. လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို…. သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး….. ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ….. အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့….. ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား…… ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ….. ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့…. မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း….. သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ….. ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်… မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးရဲ့ မိဘအဖြစ်အသိအမှတ်ပြုခြင်းကို ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး….. သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး ...
7.6
IMDB: 7.6/10 10,153 votes
movie

Instant Family (2018)

2018
Blu-ray 1080p
First Man (2018) 7.4
First Man (2018) အချိန်​ကာလကတော့ ၁၉၆၉ ခုနှစ်​ ….. ဇူလိုင်​လ ၁၆ရက်​ ၁၃:၃၂နာရီ ခန့်​ပေါ့………… စိတ်​ကူးယဉ်​ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်​တော်​ ထွက်​ခွာသွားရတော့မှာ …. အောင်​မြင်​မှာလား ကျရှုံးမှာလား.. … ကျွန်​တော်​ ဆက်​မတွေးတော့ပါဘူး……. ဆုံးသွားတဲ့ ကျွန်​တော့်​ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….ကျွန်​တော့်​ထက်​အရင်​ လကမ္ဘာကိုသွားရောက်​ဖို့ ကြိုးစားခဲ့တဲ့ သူငယ်​ချင်းတွေရော.. .ကောင်းမွန်​တဲ့ဘုံဘဝမှာ ပျော်​ရွှင်​ကျေနပ်​နေပြီလား….. ဒါမှမဟုတ်​ ကျွန်​တော်​ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်​နှိုးမဲ့အချိန်​ကို စောင့်​စားရင်း ခြောက်​ခြားနေမိတာလား … .ကျွန်​တော်​တို့ရဲ့ အမြင်​အာရုံကလဲ အကန့်​အသတ်​နဲ့ပဲမြင်​နေရတယ်​ လက်​တစ်​ဝါးသာသာလောက်​ မှန်​ပြတင်းလေးကနေ ကောင်းကင်​ကြီးကို မျှော်​ကြည့်​ရင်း ကမ္ဘာလောကကြီးကို နှုတ်​ဆက်​ထွက်​ခွာရတော့မယ်​ ကျွန်​တော်​ချစ်​ခင်​တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်​လေးထဲမှာ ကျန်​နေခဲ့မှာလေ ဘယ်​သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်​တော်​တို့ အထီးကျန်​နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်​မရောက်​လာနိုင်​ခဲ့ရင်​ရော……. အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်​ထွက်​ခွာဖို့အတွက်​ တဆယ်​…..ကိုး….ရှစ်​……ဆိုပြီး… .အချိန်​မှတ်​နေတဲ့အသံကို ...
7.4
IMDB: 7.4/10 100,721 votes
movie

First Man (2018)

2018
Blu-ray 1080p
A Star Is Born (2018) 7.9
A Star Is Born (2018) စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန် ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ဖြစ်တတ်စမြဲပဲလေ ...
7.9
IMDB: 7.9/10 186,913 votes
movie

A Star Is Born (2018)

2018
Blu-ray 1080p
Spider-Man: Into the Spider-Verse (2018) 8.6
Spider-Man: Into the Spider-Verse (2018) With great power comes great responsibilityကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့long long ago Spiderman movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါSpiderman ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ ၂ ကားထပ်ရိုက်ခဲ့ပါတယ်Tobey ရော Andrew ရောအတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into thespiderverse ဆိုပြီးAnimation တစ်ကားထပ်ထွက်လာပါတယ်ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော်ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ်ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါအခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ်အခြား comic game reference တွေယူပြီးသူ့ဘာသူတည်ဆောက်သွားတယ်spiderman 6 ယောက်ထည့်သွင်းထားတယ်spiderverse ဆိုတဲ့အတိုင်းmultiverse တွေကလာတဲ့အခြားspiderman တွေပါလာတယ်ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီးportal တွေဖွင့် အခြာuးniverse ကသူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့side effect ကြောင့် reality ...
8.6
IMDB: 8.6/10 122,126 votes
movie

Spider-Man: Into the Spider-Verse (2018)

2018
Blu-ray 1080p
Mortal Engines (2018) 6.2
Mortal Engines (2018) အနာဂတ်ကာလတစ်ခုမှာ Sixty-Minute War လို့ခေါ်တဲ့ ကမ္ဘာဖျက်စစ်ပွဲကြီးက လူသားတို့နေထိုင်ရာ လောကကြီးကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ရစ်တဲ့ လူမျိုးစုတွေဟာ စက်အင်ဂျင်တွေ၊ ဧရာမဘီးတွေ တပ်ဆင်ထားပြီး ကမ္ဘာအနှံ့ လှည့်လည်ရွေ့လျားသွားလာနိုင်တဲ့ မြို့ကြီးပြကြီးတွေပေါ်မှာ နေထိုင်ခဲ့ကြပါတယ်။ လန်ဒန်အပါအ၀င် အင်အားကြီးမြို့တွေက မြို့ငယ်လေးတွေကို ၀ါးမျိုသိမ်းပိုက်နေကြသလို အဲဒီ့စနစ်ကိုဆန့်ကျင်တဲ့ anti-traction အင်အားစုကလည်း အာရှတိုက်မှာ ခြေကုပ်ယူနေကြပါတယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေက အဲဒီ့ခေတ်မှာ “Old-Tech” အမွေအနှစ်စာရင်းဝင် ဖြစ်သွားခဲ့ပါပြီ။ “iPhone ဆိုတာ ပြတိုက်မှာသွားကြည့်ရမယ်” ဆိုတဲ့ ခေတ်မျိုးပေါ့ဗျာ။ Alternate reality ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း စနစ်တစ်ခုအနည်ထိုင်လာရင် တော်လှန်ပုန်ကန်သူတွေ ရှိလာတာပါပဲ။ Mortal engines ရဲ့ တော်လှန်ရေးသမားကတော့ Salzhaken ဆိုတဲ့ လန်ဒန်လက်အောက်ခံ မြို့ငယ်လေးက မိန်းကလေး Hester Shaw ပါ။ သူမဟာ သမိုင်းပညာရှင်အဖွဲ့ခေါင်းဆောင် Thaddeus Valentine ကို ...
6.2
IMDB: 6.2/10 41,834 votes
movie

Mortal Engines (2018)

2018
Blu-ray 1080p
Aquaman (2018) 7.4
Aquaman (2018) ပင်လယ်ရေအောက်က ပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေ စီစဉ်တဲ့ အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကို ထွက်ပြေးလာခဲ့တယ် ။ အဲ့ဒီမှာ မီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကို မွေးဖွားခဲ့တယ် ။ Arthur မှာ ရေသတ္တဝါတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ် ။တနေ့မှာတော့ Atlantis စစ်သည်တော်တွေ ရောက်လာပြီး Atlanna ကို အတင်းအကျပ် ပြန်ခေါ်သွားခဲ့တယ် ။ မပြန်ခင်မှာ Atlanna ဟာ သူ့လူယုံတော် Vulko ထံ သားဖြစ်သူ Arthur ကို အပ်နှံခဲ့ပြီး သူ့စွမ်းရည်တွေကို လေ့ကျင့်ပေးဖို့ အကူအညီ တောင်းခဲ့တယ် ။နှစ်ပေါင်းများစွာ ကြာတဲ့အခါ Atlanna ကွယ်လွန်အပြီး သူ့ရဲ့ဒုတိယ သားဖြစ်သူ Orm ဟာ Atlantis ရဲ့ဘုရင်ဖြစ်လာတယ် ...
7.4
IMDB: 7.4/10 169,327 votes
movie

Aquaman (2018)

2018
Web-dl 1080p
Crazy Rich Asians (2018) 7.0
Crazy Rich Asians (2018) ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူးဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ ...
7.0
IMDB: 7.0/10 77,001 votes
movie

Crazy Rich Asians (2018)

2018
Blu-ray 1080p
Spider-Man: Into the Spider-Verse (2018) 8.6
Spider-Man: Into the Spider-Verse (2018) With great power comes great responsibilityကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့ long long ago Spiderman movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါSpiderman ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ ၂ ကားထပ်ရိုက်ခဲ့ပါတယ်Tobey ရော Andrew ရောအတော်အောင်မြင်ခဲ့တယ်ပြောရမှာပါအခု Into thespiderverse ဆိုပြီးAnimation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော်ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ်ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ်အခြား comic game reference တွေယူပြီးသူ့ဘာသူတည်ဆောက်သွားတယ်spiderman 6 ယောက်ထည့်သွင်းထားတယ် spiderverse ဆိုတဲ့အတိုင်းmultiverse တွေကလာတဲ့အခြားspiderman တွေပါလာတယ်ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီးportal တွေဖွင့် အခြာuးniverse ကသူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့side effect ကြောင့် ...
8.6
IMDB: 8.6/10 122,126 votes
movie

Spider-Man: Into the Spider-Verse (2018)

2018
Web-dl 1080p
Sicario: Day of the Soldado (2018) 7.1
Sicario: Day of the Soldado (2018) ပထမဇာတ်ကားတုန်းကဝက်ဝက်ကွဲအောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်များတောင်းဆိုတာကြောင့် Sequal ထပ်မံထွက်ရှိလာခြင်းလဲဖြစ်ပါတယ်။ ဒီကားမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ မူးယစ်ကုန်သည်တွေကနေ မူးယစ်ဆေးမတင်ပို့တော့ပဲအကြမ်းဖက်သမားများကို မှောင်ခိုတင်ပို့နေတာကို ဇာတ်လမ်းအခြေတည်ထားပါတယ်။ Matt Graver (Josh Brolin)ကိုလျို့ဝှက်စစ်ဆင်ရေးအဖြစ် မက္ကဆီကို ကုန်သည်တွေကနေ အကြမ်းဖက်သမားတွေကို U.S ဆီမှောင်ခိုတင်ပို့နေတာကိုစုံစမ်းခိုင်းလိုက်ပါတယ်။ Mattကလဲ ပထမကားတုန်းက ဘော်ဒါကြီး Alejandro ကိုပြန်စည်းရုံးပြီး လျို့ဝှက်စစ်ဆင်ရေးကိုစတင်လိုက်ပါတယ်။ သူ့ရဲ့အစီအစဉ်က ဘိန်းရာဇာရဲ့သမီးကို ပြန်ပေးဆွဲပြီး မူးယစ်ကုန်သည်တွေအချင်းချင်းကြားထဲကုလားဖန်ဝင်ထိုးမယ့်ပုံစံမျိုးဖြစ်ပါတယ်။ဒါပေမယ့် အခြေအနေတွေကတစ်မျိုးတစ်ဖုံပြောင်းလဲပြီး စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာတော့ spoiler ဖြစ်သွားမှာဆိုးလို့ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့ ဒေါင်းပြီးသာကြည့်ကြပါကုန် :pဒီကားမကြည့်ခင် ပထမကားကိုအရင်ကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။အဲ့ဒါမှ Matt နဲ့ Alejandro တို့ရဲ့ဆက်ဆံမှုပုံစံတွေဇာတ်လမ်းအဆက်အစပ်တွေ ရှိမှာပါ။Matt Graver အဖြစ် Man in black နဲ့ Infinity war မှ Thanos အဖြစ်သရုပ်ဆောင်သူ Josh Brolin ဖြစ်ပြီး Alejandro အဖြစ်ကတော့ MCU ထဲမှာ Collector အဖြစ်သရုပ်ဆောင်ထားသူ Benicil Del Toroဖြစ်ပါတယ်။Ratingကလဲကောင်းပြီး ...
7.1
IMDB: 7.1/10 82,352 votes
movie

Sicario: Day of the Soldado (2018)

2018
Blu-ray 1080p
Creed II (2018) 7.5
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင်ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်…၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိ အောင်မြင်စွာရှင်သန်နေဆဲပါ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့် ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ် ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ် အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူ ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ် အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလို ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ် ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ် ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ် ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ် လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါ သူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကို ကြောက်နေလို့မဖြစ်ပါဘူး နာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ် အောင်မြင်မှုရဲ့ ...
7.5
IMDB: 7.5/10 43,477 votes
movie

Creed II (2018)

2018
Blu-ray 1080p
Rampant (2018) 6.3
Rampant (2018) Train to busan ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးမှာ ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ Next Entertainment & Media ရဲ့ ဒုတိယခြေလှမ်းကတော့ Zombie တွေကို ကိုရီးယား နန်းတွင်းထဲ ဂျိုဆွန်းခေတ်ထိပို့လိုက်တာပါပဲ။ နာမည်ကျော်မင်းသား ဟွမ်ဘင်း (Hyun Bin) နဲ့ ဂျန်ဒေါင်ဂန် (Jang Dong-gun) ကို ခေါင်းဆောင်ပါဝင်ထားပြီး နိုင်ငံရေးအာဏာပြိုင်မှုနဲ့ Zombie တွေရဲ့ ပြန့်နှံ့မှုကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းအိုင်ဒီယာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ချင်နိုင်ငံရဲ့ ပဏ္ဏာဆက်နိုင်ငံဖြစ်နေတဲ့ ဂျိုဆွန်းရဲ့နိုင်ငံရေးကို အဓိကချယ်လှယ်ထားသူကဝန်ကြီး ကင်မ်ဂျာဂျွန်း (ဂျန်ဒေါင်ဂင်)။ လက်ရှိနန်းတင်ထားတဲ့ မင်းကြီးက သားနှစ်ယောက်ရှိပေမယ့် တစ်ယောက်က နိုင်ငံရေးသဘောတူညီချက်အရ ချင်နိုင်ငံကို ပို့ထားရတဲ့ လီချန်း (ဟွမ်ဘင်း)။ လီချန်းက အဲ့ခေတ်မှာ အတော်ဆုံးတိုက်ခိုက်ရေး ပညာရှင်။ ဒါကြောင့်လည်း ချင်နိုင်ငံဘုရင်က သူ့ကို ခေါ်ထားရတာ၊ ဂျိုဆွန်းမှာ ကျန်ခဲ့တဲ့ သားကြီး လီယွန်းကလည်း ခေသူမဟုတ်။ ချင်နိုင်ငံကို ရရာလက်နက်နဲ့ တော်လှန်ဖို့ လုပ်နေသူ။ ...
6.3
IMDB: 6.3/10 800 votes
movie

Rampant (2018)

2018
Blu-ray 1080p
Project Gutenberg (2018) 7.2
Project Gutenberg (2018) 2018 ထဲမှာ ထွက်ရှိထားပြီးတော့နိုင်ငံတကာရုပ်ရှင်စံနှုန်းသက်မှတ်ချက် IMDb Rate 7.3 ရရှိထားတဲ့ Project Gutenberg ဇာတ်ကား ပဲဖြစ်ပါတယ် Cast တွေကလည်း နာမည်ကြီးသရုပ်ဆောင်တွေပါ..ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ် ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်ကံကြမ္မာလှည့်ကွက်တွေကြောင့်၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြုပန်းချီပညာရှင်တစ်ယောက်…. ရဲစခန်းကဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကိုကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေအစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီးစောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် Credit Review
7.2
IMDB: 7.2/10 1,226 votes
movie

Project Gutenberg (2018)

2018
Blu-ray 1080p
Game Night (2018) 7.0
Game Night (2018) ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင်ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ် ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ် ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါအတော်များများ သိလိုက်ရပါတယ်… ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့လုံးဝ ကို ဇတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်… February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီးBox office မှာ $108.5 million ထိ ပြန်ဝင်ခဲ့ပါတယ်…IMDb မှာ 7.2 ...
7.0
IMDB: 7.0/10 148,986 votes
movie

Game Night (2018)

2018
Blu-ray 1080p
The Man Who Killed Hitler and Then The Bigfoot (2018) 5.6
The Man Who Killed Hitler and Then The Bigfoot (2018) အထီးကျန်နေတဲ့ လူအိုကြီးတစ်ယောက် သူမှာ ဓာတ်ပုံလေး တစ်ပုံရယ် သူချစ်ရတဲ့ ခွေးလေး တစ်ကောင်ရယ် အိမ်တစ်လုံးရယ်က လွဲပြီး ဘာမှမရှိခဲ့ပါဘူး… တိုင်းပြည်နဲ့ လူမျိုးအတွက်စစ်ပွဲမှာ ငါကြိုးစားခဲ့ရပင်မဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုတောင်သူမကို ငါမပြောနိုင်ခဲ့ဘူး… အေးအေးချမ်းချမ်း နေချင်တယ် ငါးမြှားမယ် သူမကို လွမ်းရင်းနဲ့တစ်သက်လုံးနေမယ် ဒါပေမဲ့ တိုင်းပြည်က ငါ့ကိုထပ်ပြီး လိုအပ်လာချိန်မှာ ငါမျက်နှာလွဲပြီး မနေနိုင်ခဲ့ဘူး ….. ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောခဲ့ပါတယ် .. Calvin ပြန်စာမရနိုင်တဲ့ စာတွေကိုလဲ မရေတွက်နိုင်အောင် ရေးခဲ့တယ် … ရှင့်အိမ်ရှေ့ကို ရောက်တိုင်းလဲ အိမ်ရှေ့တံခါးဝမှာ စာပို့သမား ပို့ထားတဲ့ ကျွန်မရဲ့စာလေးကို မြင်နေရုံမှ အပ ကျွန်မအတွက် မျှော်လင့်စရာ မရှိပါဘူး… ဒါကို အပြစ်ဆိုရရင် သတ္တိမရှိခဲ့တဲ့ ရှင်လား အဲ့နေ့ညကသာ ကျွန်မ ရှင့်ကို လှည့်ကြည့်ခဲ့မယ်ဆိုရင် ကျွန်မတို့ ဘဝက ခုလိုမျဉ်းပြိုင်ဖြစ်နေဦးမှာလား …. အမေရိကန် ...
5.6
IMDB: 5.6/10 1,549 votes
movie

The Man Who Killed Hitler and Then The Bigfoot (2018)

2018
Web-dl 1080p
The Possession of Hannah Grace (2018) 5.0
The Possession of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်…ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာ ...
5.0
IMDB: 5.0/10 4,032 votes
movie

The Possession of Hannah Grace (2018)

2018
Blu-ray 1080p
Ralph Breaks the Internet (2018) 7.2
Ralph Breaks the Internet (2018) Animation ချစ်သူများအတွက် Ralph နဲ့ Vanellope ပြန်လာပါပြီ! ဒီဇာတ်ကားလေးကတော့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ ဗီဒီယိုဂိမ်း character လေးတွေ ဘယ်လို survive လုပ်ကြတယ် ဆိုတဲ့အကြောင်း စိတ်ဝင်စားဖွယ် ဖန်တီးပုံဖော်ထားတာပါ။ ဂိမ်းထဲမှာ ဗီလိန်ဇာတ်ကောင်ဖြစ်နေပေမယ့် စိတ်ရင်းကောင်းတဲ့ Ralph နဲ့ ပြိုင်ကားမောင်းတဲ့ ချစ်စရာကောင်မလေး Vanellope တို့ဟာ ဂိမ်းလေးကစားလိုက်၊ ရောက်တက်ရာရာ စကားပြောလိုက်၊ ဘီယာလေးသောက်လိုက်နဲ့ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝလေးကို အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။ ဗီလိန်ဇာတ်ကောင်အဖြစ် ၂၇နှစ်လုံးလုံး လူမုန်းခံခဲ့ရတဲ့ Ralph အဖို့တော့ Vanellope လို သူငယ်ချင်းကောင်းတစ်ယောက် ရလာတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ဒါပေမယ့် တစ်နေ့ကျတော့ နှစ်ယောက်သား အဆန်းထွင်လွန်ပြီး Vanellope ပါဝင်တဲ့ Sugar Rush ဂိမ်းတစ်ခုလုံး အပိတ်ခံလိုက်ရပါတယ်။ ပိတ်ခံရတဲ့ အကြောင်းအရင်းကတော့ Vanellope ပြိုင်ကားမောင်းနေတုန်း အသစ်အဆန်းစွန့်စားခန်းဖြစ်အောင် Ralph က လမ်းသစ်ဖောက်ပေးလိုက်တဲ့အတွက် ...
7.2
IMDB: 7.2/10 53,515 votes
movie

Ralph Breaks the Internet (2018)

2018
Blu-ray 1080p