M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Abby Ryder Fortson

A Dog’s Journey (2019)
A Dog’s Journey (2019) Unicode Rating 7.4 အထိရရှိထားတဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်မရှိရင် မပျော်ရွှင်နိုင်ဘူးလို့ ဆိုကြပါတယ် ဒီကားမှာတော့ သခင့်ကို သစ္စာရှိစိတ် ပြင်းထန်လွန်းတဲ့ ခွေးလေး ဘေလီအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် အီသန်နဲ့ဟန်နာတို့မှာ သိပ်ချစ်ရတဲ့ ဘေလီဆိုတဲ့ခွေးလေးတစ်ကောင်ရှိပါတယ် အရမ်းကိုအရိပ်အကဲသိလွန်းပြီး လိမ္မာတဲ့ခွေးလေးပါ သူတို့ဟာ သားဖြစ်သူဟင်နရီဆုံးပါးသွားတဲ့အခါမှာ ချွေးမဖြစ်သူ ဂလော်ရီယာနဲ့ မြေးလေးဖြစ်သူ စီဂျေ တို့နဲ့ အတူ နေထိုင်လာရင်းနဲ့ တစ်ရက်မှာတော့ ချွေးမဖြစ်သူကအထင်လွဲစိတ်ဆိုးပြီး စီဂျေ့ကိုပါ ခေါ်ကာ အိမ်ပေါ်ကဆင်းသွားပါတော့တယ် အီသန်နဲ့ဟန်နာလည်းရင်တွေကွဲပြီးကျန်ခဲ့ရပါတော့တယ် အဲဒီလိုနဲ့နေလာရင်းနဲ့ ဘေလီလေး နေမကောင်းဖြစ်လာပြီးတော့ တစ်စတစ်စရောဂါသည်းရင်း ဆုံးပါးတော့မယ့် အချိန်မှာတော့ သခင်ဖြစ်သူ အီသန်က တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ် အဲဒါကတော့ စီဂျေလေးကိုစောင့်ရှောက်ကာကွယ်ပေးပြီး အတူတူပြန်ဆုံနိုင်အောင် ကူညီပေးဖို့ပါပဲ သခင့်ရဲ့အမိန့် သခင့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းတဲ့ ဘေလီလေးဟာ နောက်ဘဝမှာ ခွေးအဖြစ်နဲ့ပဲ ပြန်လာပြီးတော့ သူစောင့်ရှောက်ပေးရမယ့် စီဂျေလေးကို လိုက်ရှာပါတော့တယ် အီသန်ကိုလည်းတခြားဘဝမှာတောင်သူမှတ်မိနေပြီး သူ့သခင်ရဲ့ စိတ်ဆန္ဒကို မဖြည့်ဆည်းပေးရမချင်း သူ့ခရီးမပြီးဆုံးသေးဘူး ဆိုတဲ့ စိတ်နဲ့ပဲ သစ္စာရှိ ရှင်သန်နေခဲ့ပါတယ် သူ့သခင်ရဲ့စိတ်ဆန္ဒကို သူဖြည့်ဆည်းပေးနိုင်ပါ့မလား အီသန်ကရော တစ်ဖန်ဝင်စားလာတဲ့ ခွေးလေးကို သူ့ခွေးလေး ဘေလီမှန်းမှတ်မိပါ့မလား ဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘဝတွေအဆက်ဆက်ကျော်ဖြတ်ပြီး သခင့်စိတ်ဆန္ဒကိုဖြည့်ဆည်းပေးတဲ့ ခွေးလေးဘေလီ့ကို ချစ်ခင်ဖွယ်.. သနားဖွယ် စိတ်ထိခိုက်ဖွယ် ကြည့်ရှုရမှာပါ မျက်ရည်ခိုင်မှကြည့်ဖို့တော့ အကြုံပြုချင်ပါတယ် Credit Review   Zawgyi Rating 7.4 အထိရရှိထားတဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… လူတစ်ယောက်ဟာ ...
IMDB: /10 votes
movie

A Dog’s Journey (2019)

Blu-ray 1080p
Ant-Man and the Wasp (2018) 7.1
Ant-Man and the Wasp (2018) Civil War ကာလအပြီးမှာတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး Ant-Man ဟာ​ခြေချုပ်​ကျလို့​နေပါတယ်​။ ဟန့်​ပမ်​ က​တော့ သူ့သမီးနဲ့အတူတစ်​ခါတုန်းက ကွမ်​တမ်​ နယ်​​မြေအမှုန်​​အောက်​​သေးငယ်​တဲ့ ရပ်​ဝန်းမှာပိတ်​မိသွားခဲ့တဲ့ သူ့ဇနီးကို ပြန်​ကယ်​ဖို့ ကြိုးစား​နေပါတယ်​။ခြေချုပ်​ကျ​နေတဲ့ စ​ကော့ ဟာကွမ်​တမ်​နယ်​​မြေထဲက ဟန့်​ခ်​ မိန်းမ ဆက်​သွယ်​သံ ကြားရ​ကြောင်း ဟန့်​ကို ​ပြောတဲ့အခါ Size up လုပ်​ထားတဲ့ ပုရွတ်​ဆိတ်​တစ်​​ကောင်​နဲ့အစားထိုးပြီး ​ခေါ်ထုတ်​သွားခဲ့ပါတယ်​။ ဟန့်​ မိန်းမနဲ့ ဆက်​သွယ်​နိုင်​မဲ့ ချုံ့ထားတဲ့ အိတ်​​ဆောင်​ ဓာတ်​ခန်းခွဲအတွက်​ လိုအပ်​တာ​တွေ ဝယ်​ရင်း သူ့တို့လိုပဲ ဓာတ်​ခွဲခန်းကို လိုအပ်​​နေဆဲ့ Ghost ဆိုတဲ့ သရဲတ​စ္ဆေလို အစွမ်းရှိတဲ့Villain တစ်​​ယောက်​နဲ့ ကြုံလာရပါတယ်​။ Marvel Fan ​တွေအကြိုက်​ Crdit Scene ချိုချို​လေး​တွေ ပါပါ​သေးတယ်​။ နှစ်​ခုပါ။ တစ်​ခုက​တော့ IW နဲ့ဆက်​စပ်​​နေပြီး Antman အမှုန်​အဖြစ်​မလွင့့်ပြယ် သွားရတဲ့ ...
7.1
IMDB: 7.1/10 204,018 votes
movie

Ant-Man and the Wasp (2018)

2018
Blu-ray 1080p
Ant-Man (2015) 7.3
Ant-Man (2015) Hero တိုင်းက ကမ္ဘာမှာနာမည်ကြီး ထင်ပေါ်ကျော်ကြားခဲ့သလိုပဲ အခုလည်း Ant-man ကလည်းနောက်ထပ်နာမည်ကျော်မယ့် heroတစ်ယောက်ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်းအစကနေ စပြောရရင် Howard StarkကPym Particle Formula ကိုတီထွင်ထားပြီး သူ့ရဲ့ နည်းပညာကိုပုံတူပွားပြီးထုတ်လုပ်ဖို့ ခံခဲ့ရတဲ့အတွက် ၄င်းရဲ့လက်ရှိအဖွဲ့ထဲကနေနုတ်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလမှာပဲ Scott lang က ခိုးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာခဲ့ပါတယ်။ထောင်ကထွက်လို့ အလုပ်ရှာဖွေနေပေမဲ့ အလုပ်မရရှိနိုင်တဲ့ Scott ကို Hank က အကူအညီတောင်းဖို့အတွက်သတိထားစောင့်ကြည့်နေခဲ့ပါတယ်။ အကြောင်းရင်းကတော့ Hankရဲ့တပည့်Darren Cross က hank ရဲ့နည်းပညာကိုအသုံးပြုပြီး စမ်းသပ်အောင်မြင်ထားတဲ့ Yellowjacket ဝတ်စုံကို တီထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Ant-man ဝတ်စုံလိုတော့ အစွမ်းမထက်သေးပါဘူး။ မိမိတည်ထောင်ထားတဲ့Companyကနေ ဘုတ်အဖွဲ့ကပြန်လည်ပြီးပြန်ဖြုတ်ခံထားရတဲ့ Hank တစ်ယောက် Scott ရဲ့အကူအညီကိုယူခဲ့ပြီး Ant-man အဖြစ် တာဝန်ယူခိုင်းကာ Yellowjacketနဲ့ Dataတွေကိုဖျက်ဆီးဖို့ စတင်ခဲ့ကြတော့ပါတယ်။ Marvel Cinematic Universe ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Special Effectတွေနဲ့ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ Credit Review
7.3
IMDB: 7.3/10 482,910 votes
movie

Ant-Man (2015)

2015
Blu-ray 1080p