M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Bruce Willis
Motherless Brooklyn (2019) 6.8
Motherless Brooklyn (2019) Unicode ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း ………. Credit Review   Zawgyi ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း ………. Credit Review
6.8
IMDB: 6.8/10 23338 votes
movie
Blu-ray 1080p
Unbreakable (2000) 7.3
Unbreakable (2000) Unicode Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျမကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့်Glassကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူးMr.glassဆိုတာOsteogenesis imperfectaလို့ခေါ်တဲ့အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီးသူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်သူအဲဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူးကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်… Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစားDunnဟာအဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲလူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်အဲ့လူကတော့Mr.glassဖြစ်ပြီးDunnရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်ဗျ Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Constant ဖြစ်ပါတယ်။ Zawgyi Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျမကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့်Glassကိုသွားကြည့်ရင်အဆင်ပြေလှမှာမဟုတ်ပါဘူးMr.glassဆိုတာOsteogenesis imperfectaလို့ခေါ်တဲ့အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီးသူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်သူအဲဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူးကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်… Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစားDunnဟာအဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲလူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်အဲ့လူကတော့Mr.glassဖြစ်ပြီးDunnရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်ဗျ Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Constant ဖြစ်ပါတယ်။
7.3
IMDB: 7.3/10 368739 votes
movie
Unbreakable (2000)
Blu-ray 1080p
G.I. Joe: Retaliation (2013) 5.8
5.8
IMDB: 5.8/10 167991 votes
movie
Blu-ray 1080p
RED 2 (2013) 6.6
RED 2 (2013) ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ်အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲဘယ်လိုတွေဖြေရှင်းကြလဲအောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို.ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော် Credit Review
6.6
IMDB: 6.6/10 148,968 votes
movie
RED 2 (2013)
2013
Blu-ray 1080p
RED (2010) 7.1
RED (2010) ဒီတစ်ခါတော့ အက်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ကိုရင်ထဲထိစေမယ့် Red ဆိုတဲ့ အက်ရှင်ရိုမက်တစ်ဇာတ်ကြမ်းကားလေးနဲ့မိတ်ဆက်ပေးပါရစေ Red ဆိုတာကတော့ Retire: Extremely Dangerous ရဲ့အတိုကောက်ပါ အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာပါ အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားလေးရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဘယ်လိုပါဝင်ထားကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဒီထဲမှာ သူတို့ကိုသတ်ဖို့ အမိန့်ပေးခံထားရလို့အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် ရင်ဖိုဖွယ်ရာ တိုက်ခန်းခိုက်ခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာသူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမာလား သူတို့ရော အသက်အန္တရာယ်လွတ်သွားရဲ့လား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာကြည့်ရှုအားပေးကြပါလို့ Credit Review
7.1
IMDB: 7.1/10 271,498 votes
movie
RED (2010)
2010
Blu-ray 1080p
Glass (2019) 6.8
Glass (2019) ဝါရင့်သရုပ်ဆောင် သရုပ်ဆောင်ကောင်းသူကြီး ဘရုစ်ဝီလီရဲ့ ဇတ်ကားသစ်လေး အကြည် မထွက်သေးပေမယ့် ကြည့်စေချင်လို့ တင်ပေးလိုက်ပါတယ် အကြည်ထွက်ရင် ထပ်တင်ပေးပါ့မယ်… Glass (2019) သည် IMDb 7/10 Empire 3/5 Google users 82% ဒါရိုက်တာ M. Night Shyamalan ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ James McAvoy, Bruce Willis, Samuel L. Jackson တို့ ပါဝင်သရုပ်ဆောင်ထားသော Drama, Sci-Fi, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… လုခြုံရေးသက်တော်စောင့် ဒေးဗစ်ဒန်းဟာ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်လေးခုရှိတဲ့ အနှောင့်အယှက်ပေးနေသူ ကယ်လ်ဗင် ဝန်ဒဲလ်ဆိုတဲ့လူကို ခြေရာခံဖို့ သူရဲ့ သဘာဝလွန်စွမ်းအားတွေကို သုံးပြီး ဘယ်လို လိုက်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ… Credit Review
6.8
IMDB: 6.8/10 126,854 votes
movie
Glass (2019)
2019
Blu-ray 1080p
Surrogates (2009) 6.3
Surrogates (2009) Surrogates (2009) သည် IMDb 6.3 Google User 82% ဒါရိုက်တာ Jonathan Mostow က ရိုက်ကူးထား၍ Michael Ferris, John Brancato တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Bruce Willis, Radha Mitchell, Ving Rhames တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Sci-Fi, Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… လူသားများ သီးသန့်နေထိုင်ပြီး အစားထိုးစက်ရုံများနှင့်သာ အပြန်အလှန်အလုပ်လုပ်နေသာ ကမ္ဘာတစ်ခုတွင် ရဲတစ်ယောက်ဟာ တခြားသူများ၏ အစားထိုးစက်ရုပ်များကို အသတ်ခံရမှုများကို စုံစမ်းစစ်ဆေးရန် နှစ်ချီကြာမှ အိမ်ကနေ ပထမဆုံးအကြိမ် ထွက်ဖို့ အတင်းအကျပ်တိုက်တွန်းခံရတဲ့အခါ ဘယ်လို အက်ရှင်ကားကောင်းတွေ ကြည့်ရမလဲ ဇာတ်ကားမှ ခံစားကြည့်လိုက်ကြပါခင်ဗျ… Credit Review
6.3
IMDB: 6.3/10 162,646 votes
movie
Surrogates (2009)
2009
Blu-ray 1080p