M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Ethan Hawke

M-Sub Movie Channel
Getaway (2013) 4.4
Getaway (2013) အမိုက်စားကားတစ်စီးပေါ်မှာ ပုံပြင်ဆန်ဆန်ပိတ်မိနေနေတဲ့လူသားနှစ်ယောက်အကြောင်းကိုသိချင်ပါသလား???သိပ်ချစ်ရတဲ့ဇနီးကိုပြန်ပေးဆွဲတာကိုခံလိုက်ရပြီးတဲ့အချိန်မှာ ဘယ်ကဘယ်သူမှန်းမသိတဲ့အသံသာကြားရတဲ့လူရဲ့ခိုင်းစေသမျှကို ကားအကောင်းစားတစ်စီးပေါ်မှာမိုက်ရူးရဲဆန်ဆန်လိုက်ပြီးလုပ်နေရတဲ့လူတစ်ယောက်နဲ့သူမရဲ့ကားကိုပြန်ပြီးရအောင်ကြိုးစားရာကနေ အဲဒီကိစ္စမှာပါဝင်ပတ်သက်မိပြီး ကားပေါ်မှာပိတ်မိသွားတဲ့ ကောင်မလေးတစ်ယောက်တို့အကြောင်းကိုရိုက်ကူးထားတာလည်းဖြစ်ပါတယ်..အဆုံးသတ် မိန်းမဖြစ်သူကိုဘဲပြန်တွေ့ရမလား…အကောင်းစားကားထဲမှာဘဲဘဝအဆုံးသတ်သွားမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ရမှာဘဲဖြစ်ပါတယ်.ဒါကြောင့် Getaway ဇာတ်ကားဟာ အစပိုင်းကနေဇာတ်သိမ်းတဲ့အထိ အခန်းတိုင်းလိုလို မလွတ်တမ်းကြည့်ရှု့သင့်တဲ့ကားကောင်းလေးတစ်ကားလို့ဘဲပြောပါရစေ…IMDb 4.4, Ethan Hawke နဲ့ Selena Gomaz တို့ သရုပ်ဆောင်ထားပါတယ်။ Credit Review
4.4
IMDB: 4.4/10 22,192 votes
movie

Getaway (2013)

2013
Blu-ray 1080p
Predestination (2014) 7.5
Predestination (2014) ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ အလွန်ကို ထူးဆန်းပြီး အလွန်ကို သနားဖို့ကောင်းပါတယ်။ ထိုဇာတ်ကောင်ကိုယ်တိုင် သူ့ဘဝရဲ့အဖြစ်မှန်ကို သိသွားရတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်နေရသူ ကျွန်တော်ကိုယ်တိုင် အလွန်အံ့သြပြီး ...
7.5
IMDB: 7.5/10 220,936 votes
movie

Predestination (2014)

2014
Blu-ray 1080p
24 Hours to Live (2017) 5.7
24 Hours to Live (2017) မေးခွန်းလေးတစ်ခုလောက်မေးပါရစေဒီမေးခွန်းက သိပ်ကိုရိုးရှင်းပေမဲ့ တကယ်တမ်းပြန်ဖြေဖို့ရယ် လက်တွေ့လုပ်ဖို့ရယ်က မရိုးရှင်းတော့ဘူး မေးခွန်းလေးကတော့……သင့်ရဲ့ အသက်ရှင်သန်ခွင့်၂၄နာရီပဲ ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ….ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ အဓိက နဲ့ သာမညဆိုတာ ဘယ်လိုခွဲမလဲဒီကားက ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းကို ရိုက်ပြထားတယ် သူဟာ ကြေးစားပီပီ ထက်မြက်တယ် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တယ် တစ်နေ့တော့ ကြေးစားအလုပ်တစ်ခုကို လုပ်ဆောင်နေစဉ်မှာ တစ်ဘက်အဖွဲ့အစည်းရဲ့ တုန့်ပြန်မှုကြောင့် သူသေဆုံးသွားတယ် ဒါပေမဲ့ ဆန်းကြယ်တာကသူ့အလုပ်ရှင်က သူ့ကို အသက် ၂၄ နာရီပြန်ရှင်အောင်လုပ်ပေးလိုက်တယ်…. ကဲ သူဘာတွေဆက်လုပ်မလဲ… ဘယ်လိုတွေရင်ဆိုင်မလဲ ….. Review Credit
5.7
IMDB: 5.7/10 9,500 votes
movie

24 Hours to Live (2017)

2017
Blu-ray 1080p