M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Jake Thomas

A.I. Artificial Intelligence (2001) 7.1
A.I. Artificial Intelligence (2001) ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်….ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာစကာတင်အဆင့်ပါခဲ့တယ်…ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ တစ်ကားလုံးမဟုတ်တောင် အနည်းငယ်တော့မှန်းဆနိုင်ပါတယ်…ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်…..အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်…ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်…ပြီးတော့ကျွန်တော်ပဲ စဉ်းစားဥာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး…ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်….ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ် တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်…ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်….အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ …ဘီကီနီဝတ်အလှအပတွေ….၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး… Credit Review - CM
7.1
IMDB: 7.1/10 272,779 votes
movie

A.I. Artificial Intelligence (2001)

2001
Blu-ray 1080p