M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


James Remar

RED (2010) 7.1
RED (2010) ဒီတစ်ခါတော့ အက်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ကိုရင်ထဲထိစေမယ့် Red ဆိုတဲ့ အက်ရှင်ရိုမက်တစ်ဇာတ်ကြမ်းကားလေးနဲ့မိတ်ဆက်ပေးပါရစေ Red ဆိုတာကတော့ Retire: Extremely Dangerous ရဲ့အတိုကောက်ပါ အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာပါ အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားလေးရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဘယ်လိုပါဝင်ထားကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဒီထဲမှာ သူတို့ကိုသတ်ဖို့ အမိန့်ပေးခံထားရလို့အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် ရင်ဖိုဖွယ်ရာ တိုက်ခန်းခိုက်ခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာသူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမာလား သူတို့ရော အသက်အန္တရာယ်လွတ်သွားရဲ့လား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာကြည့်ရှုအားပေးကြပါလို့ Credit Review
7.1
IMDB: 7.1/10 271,498 votes
movie

RED (2010)

2010
Blu-ray 1080p
2 Fast 2 Furious (2003) 5.9
2 Fast 2 Furious (2003) နှစ်ဖက်ခွလုပ်နေတဲ့ Brian တစ်ယောက်မမျှော်လင့်ဘဲ ကားပြိုင်ပွဲတစ်ခုမှာ အဖမ်းခံလိုက်ရပြီးတော့ FBI အေးဂျင့်တွေနဲ့ပြန်ပေါင်းရပြီးတော့ လျှို့ဝှက်စစ်ဆင်းရေးတစ်ခုကိုလုပ်ရပါတော့တယ်။ ဒီလိုနဲ့ သူရဲ့ သူငယ်ချင်းဟောင်းဖြစ်တဲ့ Roman Pearce ကထောင်ကျနေတာကြောင့် FBI နဲ့ပေါင်းပြီးလုပ်ရင် သူတို့ရဲ့ ပြစ်မှုတွေအကုန်ဖျက်ပေးမယ်ဆိုတဲ့အပေးအယူနဲ့လုပ်ခဲ့ကြပါတယ်။ ဘယ်လို လျှို့ဝှက်စစ်ဆင်းရေးတုန်းဆိုတော့ ငွေမဲတွေ တရားမဝင် လွှဲနေတဲ့ Carter Verone ကို ဖမ်းစီးဖို့အတွက်ဘဲဖြစ်ပါတယ်။ Brian နဲ့ Roman Pearce တို့က အာ့မှာသူ့ရဲ့ ယာဉ်မောင်းအသွင် ယူပြီးတော့သတင်းတွေရရယူဖို့ကြိုးစားပေးရမှာပါ။ သူတို့ရဲ့ရှေ့မှာတော့ အေးဂျင့် Monica က Verone ရဲ့ ချစ်သူအသွင်ယူပြီးတော့ သတင်းတွေကို ဖြည်းဖြည်းချင်းပို့ပေးနေတဲ့သူတစ်ယောက် ဘဲဖြစ်ပါတယ်။ Brian နဲ့ Roman တို့နှစ်ယောက် Verone ကိုဖမ်းဆီးပြီး ပြစ်မှုတွေကိုဖျက်နိုင်သွား မလား... ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲ ဆက်လက်အားပေးကြပါလို့တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားထဲမှာ ပြိုင်ကားအလန်းတွေလည်းပါဝင်တာမို့ ပြိုင်ကားချစ်ပရိတ်သတ်တွေကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်) Credit Review
5.9
IMDB: 5.9/10 229,396 votes
movie

2 Fast 2 Furious (2003)

2003
Blu-ray 1080p