M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Jennifer Garner

Wonder Park (2019) 5.8
Wonder Park (2019) ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ၀မ်းဒါးလန်းဆိုတဲ့ ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ် ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာ အရမ်းကို ဥာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ် သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲ ကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါ ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ် အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုံးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင် မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ် စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..သူ့အရုပ်လေးတွေ အသက်ရှိနေခဲ့မှန်းကို သူသိသွားခဲ့ရပြီး ကစားကွင်းကြီးပျက်စီးတော့မယ့်ကိန်း သူ့အရုပ်လေးတွေ သေရတော့မယ့်ကိန်း ဆိုက်နေတာကိုလည်း သူမြင်တွေ့လိုက်ရပါတော့မယ် ဘာတွေဖြစ်နေမှန်းမသိဘဲ ဒီကစားကွင်းကြီးတစ်ခုလုံးကို သူ့အနေနဲ့ ပြန်လည်ကယ်တင်ရပုံကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ် ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိနဲ့ သူငယ်ချင်းသံယောဇဉ်တွေ ယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေကိုပါ ထည့်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် Credit Review
5.8
IMDB: 5.8/10 4,739 votes
movie

Wonder Park (2019)

2019
Blu-ray 1080p
Peppermint (2018) 6.5
Peppermint (2018) imdb Rating 6.5 ရရှိထားတဲ့ အက်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်….မိသားစု​အ​ပေါ်မှာ ​မေတ္တာတရားကြီးမားတဲ့ မိန်းမသားတစ်​ဦး၊မူးယစ်​ရာဇာတစ်ဦး၏ ​​​​စေခိုင်းမှု​ကြောင့်​ သူမချစ်​တဲ့ ခင်​ပွန်းသည်​နဲ့ သမီးငယ်​တို့သူမမျက်​စိ​ရှေ့မှာတင်​ ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခံရ​တဲ့အပြင်​သူမကိုယ်​တိုင်​လည်း ​သေနတ်​ဒဏ်​ရာများဖြင့်​ ​ဆေးရုံ​ပေါ်​ရောက်​​ခဲ့ရပါတယ်​။ ဒါတင်​မက​သေးပဲ ​ဆေးရုံဆင်းဆင်းချင်းမှာပဲ တရားစွဲဆိုမှုက အကျင့်​ပျက်​ခြစား​တဲ့ဥပ​ဒေဘက်​​တော်​သားများ​ကြောင့်​ အရှုံးကိုသာ ရင်​ဆိုင်​ခဲ့ရ​သောအခါတရားမျှတမှုဆိုတာကို ရှာ​ဖွေဖို့အတွက်​ နူးညံ့မှုကို​ဖျောက်​ပြီးသူမကိုယ်​သူမ ​ပြောင်းလဲခဲ့ရပါတယ်​။ ငါးနှစ်​တာကာလကို ​ကျော်​လွန်​ပြီးခဲ့ချိန်​မှာ​တော့ဘယ်​လိုအရာ​တွေနဲ့ တစ်​​ကျော့ပြန်​လာမလဲဆိုတာ စိတ်​ဝင်​တစား​ကြည့်​ရှုရမယ့်​အက်​ရှင်​ကား​ကောင်းတစ်​ကားပဲ ဖြစ်​ပါတယ်​။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 31,234 votes
movie

Peppermint (2018)

2018
Blu-ray 1080p