M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


John Ortiz

Peppermint (2018) 6.5
Peppermint (2018) imdb Rating 6.5 ရရှိထားတဲ့ အက်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်….မိသားစု​အ​ပေါ်မှာ ​မေတ္တာတရားကြီးမားတဲ့ မိန်းမသားတစ်​ဦး၊မူးယစ်​ရာဇာတစ်ဦး၏ ​​​​စေခိုင်းမှု​ကြောင့်​ သူမချစ်​တဲ့ ခင်​ပွန်းသည်​နဲ့ သမီးငယ်​တို့သူမမျက်​စိ​ရှေ့မှာတင်​ ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခံရ​တဲ့အပြင်​သူမကိုယ်​တိုင်​လည်း ​သေနတ်​ဒဏ်​ရာများဖြင့်​ ​ဆေးရုံ​ပေါ်​ရောက်​​ခဲ့ရပါတယ်​။ ဒါတင်​မက​သေးပဲ ​ဆေးရုံဆင်းဆင်းချင်းမှာပဲ တရားစွဲဆိုမှုက အကျင့်​ပျက်​ခြစား​တဲ့ဥပ​ဒေဘက်​​တော်​သားများ​ကြောင့်​ အရှုံးကိုသာ ရင်​ဆိုင်​ခဲ့ရ​သောအခါတရားမျှတမှုဆိုတာကို ရှာ​ဖွေဖို့အတွက်​ နူးညံ့မှုကို​ဖျောက်​ပြီးသူမကိုယ်​သူမ ​ပြောင်းလဲခဲ့ရပါတယ်​။ ငါးနှစ်​တာကာလကို ​ကျော်​လွန်​ပြီးခဲ့ချိန်​မှာ​တော့ဘယ်​လိုအရာ​တွေနဲ့ တစ်​​ကျော့ပြန်​လာမလဲဆိုတာ စိတ်​ဝင်​တစား​ကြည့်​ရှုရမယ့်​အက်​ရှင်​ကား​ကောင်းတစ်​ကားပဲ ဖြစ်​ပါတယ်​။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 31,234 votes
movie

Peppermint (2018)

2018
Blu-ray 1080p
Bumblebee (2018) 7.1
Bumblebee (2018) အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို ...
7.1
IMDB: 7.1/10 53,415 votes
movie

Bumblebee (2018)

2018
Blu-ray 1080p
Replicas (2018) 5.4
Replicas (2018) မင်းသားကြီး Keanu Reevesရဲ့၂၀၁၈ရုံတင်​ကား​​လေးပါ။ Replica ဆိုတာ မြန်​မာလိုဘာသာပြန်​ရင်​ ကိုယ်​ပွားတဲ့​ဗျာ စိတ်​ဝင်​စားစရာ​တော့​ကောင်းသား​ဗျ။ Willဟာ ​​ဆေးကုမ္ပဏီတစ်​ခုမှာ အလုပ်​လုပ်​တဲ့သူတစ်​​ယောက်​ပါ။ သူလုပ်​ရတဲ့အလုပ်​ကလဲ သူများ​တွေလို ရိုးရိုးရှင်းရှင်းမဟုတ်​ပါဘူး။ စစ်​ပွဲမှာ​သေဆုံးသွားတဲ့စစ်​သား​တွေဟာနိုင်​ငံ​ကောင်းကျိုးအတွက်​သူတို့ရဲ့ခန္ဓာကိုယ်​​တွေကို​ဆေးပညာမှာသုံးဖို့လှူဒါန်းခဲ့ပါတယ်​။ အဲ့​သေပြီးသား​ခန္ဓာကိုယ်​ထဲကမှတ်​ဥာဏ်​​တွေကိုထုတ်​ပြီး စက်​ရုပ်​တစ်​ခုထဲထည့်​​ပေးရတယ်​။ ​သေလူ​တွေကိုအသက်​ပြန်​သွင်းတဲ့စီမံကိန်းတစ်​ခုကိုလုပ်​​နေရတယ်​။ ဒါ​ပေမဲ့လဲဘာမှန်းမသိတဲ့လိုအပ်​ချက်​​ကြောင့်​ အကြိမ်​ကြိမ်​အခါခါကျရှုံး​နေရတာ​ပေါ့။ တစ်​​နေ့​တော့သူတို့မိသားစု​လေး ခရီးထွက်​ကြတယ်​ ကံမ​ကောင်းချင်​​တော့ကားမ​တော်​တဆမှု​လေးဖြစ်​ပြီးသူရဲ့မိန်းမရယ်​သားရယ်​သမီး၂​ယောက်ရယ်​​သေဆုံးသွားခဲ့ကြတယ်​။ အဲ့ဒါနဲ့သူ့​ဆေးကုမ္ပဏီက စီမံကိန်းလုပ်​​နေတဲ့ပစ္စည်း​တွေကိုခိုး ကိုယ်​ပွား​တွေထွင်​ပြီးမိသားစုကိုအသက်​ပြန်​သွင်း​ပေးလိုက်​တယ်​။ အဲ့ဒါကို​ဆေးကုမ္ပဏီကသိသွားတဲ့အခါမှာတော့ … Credit Review
5.4
IMDB: 5.4/10 10,845 votes
movie

Replicas (2018)

2018
Blu-ray 1080p
Bumblebee (2018) 7.1
Bumblebee (2018) အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို ...
7.1
IMDB: 7.1/10 53,415 votes
movie

Bumblebee (2018)

2018
Web-dl 1080p
Kong: Skull Island (2017) 6.7
Kong: Skull Island (2017) ၂၀၁၇ မှာထွက်တဲ့ အမိုက်စား Kong Skull Island  ဇာတ်ကားတစ်ကားနဲ့  မိတ်ဆက်ပေးချင်ပါတယ် ။ ပရိသတ်တွေ အကြိုက်တွေ့ စေခဲ့တဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ် ။   လူသူတွေနဲ့ အလွန်ဝေးကွာလွန်းလှတဲ့ သမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်း ... ထိုကဲ့သို့ ကျွန်း ရှိလိမ့်မယ်လို့ ဘယ်သူမှ သတိမထားခဲ့မိကြပါဘူး ။ ဒါပေမယ့် ဂြိုလ်တုမှတစ်ဆင့်ပေးပို့ လာတော့ကြောင့် ထိုကဲ့သို့ ကျွန်းဟာ  သိပ္ပံပညာရှင်များအတွက် စူးစမ်းလေ့လာစရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။   ဒါကြောင့် သိပ္ပံပညာများဟာ စစ်တပ်ရဲ့ အကူအညီကို ရယူပြီး ထိုကျွန်းပေါ်ကို သွားရောက်ကာ စူးစမ်းလေ့လာမှုတွေကို ပြုလုပ်ခဲ့ကြပါတယ် ။   သိပ္ပံပညာရှင်များ နှင့် စစ်တပ်ရဲ့ မှာယွင်းသော အပြုအမူတွေက  ထိုကျွန်းပေါ်မှာ ရှိနေတဲ့ ဧရာမ လူဝံကြီးနဲ့ ထိပ်တိုက်တွေ့ ဖို့  အခြေအနေကျရောက်လာပြီး  လူဝံကြီးရဲ့ အပြင်းအထန် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။   ထို့ နောက် ရဟက်ယျာဉ်များ လည်းဆုံရှုံးခဲ့ရသလို တပ်ဖွဲ့ ဝင်များလည်းကျဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့သူများလည်း တောနက်ကြီးထဲကနေထွက်ခွာပြီး ပင်လယ်ထဲမှာ ရှိနေတဲ့ သင်္ဘောကို အချက်ပြနိုင်ဖို့  ကြိုးစားလာတဲ့အခါမှာ ဘယ်လို ထူးဆန်းတဲ့ သတ္တ၀ါတွေနဲ့ ထပ်မံတွေ့ဆုံရင်ဆိုင်ခဲ့ရသလဲဆိုတာကို သည်းထိပ်ရင်ဖို ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် Credit - Review
6.7
IMDB: 6.7/10 226,758 votes
movie

Kong: Skull Island (2017)

2017
Blu-ray 1080p