M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Juliette Binoche

High Life (2018) 6.0
High Life (2018) အကယ်​၍သင်​က​ သေမိန့်​ကျအကျဉ်းသားတစ်​ဦးဖြစ်​​နေပြီး သင့်​မှာ​ရွေးချယ်​စရာ နှစ်​ခုပဲရှိမယ်​ဆိုပါစို့... တစ်​ခုက ​​ကိုယ်​​မွေးဖွားရာကမ္ဘာ​ပေါ်မှာပဲ​ ​သေမိန့်​ကျခံခြင်းဖြစ်​ပြီး ​နောက်​တစ်​ခုက ​သေမိန့်​က​နေလွတ်​​မြောက်​မယ်​...ဒါ​ပေမယ့်​ အာကာသ​ပေါ်မှာပဲ ရှင်​သန်​​နေထိုင်​ရ​ခြင်း ဖြစ်​မယ်​ဆိုရင်​ သင်ဘာကို​ရွေးချယ်​မလဲ...ဒီဇာတ်​လမ်း​လေးထဲမှာ​တော့ ​သေမိန့်​ကျအကျဉ်းသား​တွေက အာကာသ​ပေါ်မှာ သိပ္ပံပညာရဲ့အစမ်းသပ်​ခံ​တွေအဖြစ်​ ရှင်​သန်​​နေထိုင်​ဖို့​ ရွေးချယ်​ခဲ့ကြပါတယ်​...အာကာသဆိုတဲ့​နေရာဟာ လူသား​တွေအတွက်​ သင့်​​တော်​တဲ့​နေရာတစ်​ခု​တော့ မဟုတ်​ပါဘူး...အန္တရာယ်​ဖြစ်​နိုင်​တဲ့​အရာ​တွေအများကြီးနဲ့ ရင်​ဆိုင်​​ပြီးရှင်​သန်​​နေထိုင်​ဖို့​ ရွေးချယ်​ခဲ့ကြတဲ့ သူတို့​တွေက ဘာ​တွေဘယ်​လို...ကြုံ​တွေ့ကြရမလဲဆိုတာက​တော့ ကို​ယ်​တိုင်​ပဲဆက်​လက်​ကြည့်​ရှုအား​ပေးလိုက်​ကြပါ​နော်​...ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ အဓိကဇာတ်​​ဆောင်​က​တော့ အားလုံးရဲ့အသဲ​ကျော်​ Robert Pattinson ပဲဖြစ်​ပါတယ်​...ဇာတ်​လမ်းအသွားက heavy ဖြစ်ပေမယ့် သရုပ်​​ဆောင်​​တွေရဲ့ ပီပြင်​လှတဲ့ သရုပ်​​ဆောင်​မှု​တွေ​ကြောင့်​ ကြည့်​ရတာတန်​တဲ့ ဇာတ်လမ်းတစ်ပုဒ်​ ဖြစ်​မှာပါ... တစ်​ခုပဲ​ပြောစရာရှိတာက R-rated ကားဖြစ်ပြီး ၁၈+ အခန်းတွေပါတာမို့ ၁၈ယောက်ပြည့်အောင်စုပြီးမှပဲကြည့်ကြပါနော်... Credit Review
6.0
IMDB: 6.0/10 11,041 votes
movie

High Life (2018)

2018
Blu-ray 1080p