M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Jung Woo-sung

Beasts Clawing at Straws (2020) 7.1
Beasts Clawing at Straws (2020) Unicode ကဲ လာပါပြီ ကိုးရီးယား ဒိတ်ဒိတ်ကြဲ မင်းသားနဲ့ မင်းသမီး Jung Woo Sung နဲ့ Leon Do Yeon တို့နဲ့အတူ တခြား နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီကို ကွင်းဆက် မှုခင်းကားတွေ​က ဇာတ်လမ်း အကျဥ်းရေးရင် Spoiler ဖြစ်တတ်လို့ ဇာတ်လမ်း အကျဥ်း မရေးတော့ပါဘူးကာရိုက်တာတွေကိုပဲ အကြမ်းဖျင်း ပြောပြသွားပါ့မယ် ဒီကားထဲမှာ ခပ်ပျက်ပျက် သိုက်တူးတတ်တဲ့ အမျိုးသမီး မတွေ့သင့်တဲ့သူနဲ့ တွေ့မိပြီး ပြဿနာတောထဲ ရောက်သွားတဲ့ သင်္ဘောဆိပ်က ဝန်ထမ်းတစ်ဦး ဘားပိုင်ရှင် ငွေးတိုးချေးစားသူ သူဋ္ဌေးဘားမှာ အရက်ငှဲ့ပေးရတဲ့ မိန်းကလေးတစ်ဦးချွေးထုတ်ခန်းက သန့်ရှင်းရေး ဝန်ထမ်း တရားမဝင်လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးရဲတစ်ဦး နဲ့ သန်းပေါင်းများစွာ ပါဝင်တဲ့ ငွေအိတ်ကြီးတစ်အိတ်သူတို့ ကာရိုက်တာတစ်ခုချင်းဆီ ဘယ်လိုချိတ်ဆက်နေပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်ပြီးသား ကြည့်ရှုလိုက်ပါ ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ် Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ ...
7.1
IMDB: 7.1/10 2064 votes
movie

Beasts Clawing at Straws (2020)

Blu-ray 1080p
The Divine Move (2014) 6.7
The Divine Move (2014) Unicode မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည…. မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်… လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့ ဘယ်သူမှမသိအောင် နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်…. အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထုတ်ဆုတ်ပါပဲ… သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး…သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံး အဖမ်းခံလိုက်ရတယ်… ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူကို လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်… ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင် မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့် အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်… ဒီနောက်ပိုင်းတော့ နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်… ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်… Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ… အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာ Cold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်.. ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်… ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေ မျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ တကယ့် အမိုက်စား အက်ရှင်ခန်းတွေနဲ့…..ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလို အက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်… ကိုင်းညွှန်းတာလည်း ...
6.7
IMDB: 6.7/10 2029 votes
movie

The Divine Move (2014)

Blu-ray 1080p
Reign of Assassins (2010) 6.9
Reign of Assassins (2010) ရုပ်ရှင်ဝါသနာရှင်အချင်းချင်း ကျွန်တော့်ကို ဘယ်သိုင်းကားအကြိုက်ဆုံးလဲလို့ မေးရင် အမြဲတမ်း စပြောမိတာက အခုတင်ပေးထားတဲ့ Reign of Assassins ပါပဲ။ အခုနောက်ပိုင်း ထွက်နေတဲ့ အထူးကွန်ပြူတာဖန်တီးမှုလှိုင်လှိုင်နဲ့ ကနွဲ့ကလျ သိုင်းသမားကားတွေနဲ့ တခြားစီပါပဲ။ ဇာတ်လမ်း ဒိုင်ယာလော့ တိုက်ခိုက်ခန်းတွ အားလုံးပြည့်စုံပါတယ်။ အချိန်တိုအတွင်းမှာ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ သိုင်းတွေကို လှလှပပ ရိုက်ပြသွားတာပါ။ ကျွန်တော်ကိုယ်တိုင် အနည်းဆုံး ၅ ခေါက်လောက်တော့ ပြန်ကြည့်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ပြောပြပါ့မယ်။ သိုင်းလောကမှာ သတင်းတစ်ခုရှိပါတယ်။ ဗောဓိဆရာတော်ရဲ့ ရုပ်အလောင်းကို ရရင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ် ရောဂါအားလုံးလည်း ပျောက်ကင်းနိုင်မယ်ပေါ့။ အဲဒီအလောင်းကိုရဖို့ အားလုံးတိုက်ခိုက်နေကြချိန်မှာ အလွန်အစွမ်းထက်တဲ့ လျို့ဝှက် လူသတ်သမားအဖွဲ့ ကျောက်မည်းဂိုဏ်းပါ ပါဝင်လာပါတယ်။ အဲဒီဂိုဏ်းရဲ့ နာမည်ကြီး လူသတ်သမား မိုးဖွဲ(မစ်ချဲယို) ဟာ အလောင်းတစ်ဝက်ကို ရသွားပြီး အကြောင်းတစ်ခုနဲ့ ဇာတ်မြှပ်သွားပါတယ်၊ အိမ်ထောင်ပြုပြီး ...
6.9
IMDB: 6.9/10 7,000 votes
movie


2010
Blu-ray 1080p
Illang: The Wolf Brigade (2018) 6.0
Illang: The Wolf Brigade (2018) ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။ အဆိုပါအဖွဲ့ကိုနှိမ်နင်းဖို့ရာအတွက် အထူးလေ့ကျင့်ပြီး အဆင့်မြင့် Equipment တွေတပ်ဆင်ထားတဲ့ ...
6.0
IMDB: 6.0/10 2,196 votes
movie

Illang: The Wolf Brigade (2018)

2018
Web-Rip 1080p
Steel Rain (2017) 7.1
Steel Rain (2017) ဒီဇာတ်လမ်းက တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား အကြောင်းကိုအခြေပြုရိုက်ထားတာပါ ဒီဇာတ်ကားလေးမှာ နိုင်ငံရေးလှည့်ကွက်တွေ၊ ကွန်မြူနစ်နဲ့အရင်းရှင်ကွာခြားမှုတွေ၊ လူသားဆန်မှုတွေ စတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားပါတယ် တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ် ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ် နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား....... အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ....... သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲ မဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲ တောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလား ဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူး IMDB Rating ကလဲ 7.2/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူးနော်   Credit Review
7.1
IMDB: 7.1/10 2,328 votes
movie

Steel Rain (2017)

2017
Blu-ray 1080p