M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Kat Graham

17 Again (2009) 6.4
17 Again (2009) Mike O’Donnell ဆိုတဲ့ လူတစ်ယောက်က 17နှစ်အရွယ်တုန်းက အထက်တန်းကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းမှာ နာမည်ကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ် Scarlet ဆိုတဲ့ မိန်းမချောလေးနဲ့လဲ တွဲခုတ်နေခဲ့တာပေါ့ မကြာခင် ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတော့ သူတို့လက်ထပ်ဖြစ်သွားတယ်ပဲ ဆိုပါတော့ နှစ်၂၀လောက်ကြာတဲ့အခါ Mike ကလုံးဝကို အရှုံးသမားဖြစ်နေပါပြီ သူ့ကျရှုံးမှုတွေအတွက် ဇနီး Scarlet ကိုအပြစ်တင်လို့ ဇနီးကလဲ သူ့ကိုကွာရှင်းသွားပါပြီ သားနဲ့သမီးကလဲ သူ့ကိုမုန်းတီးနေကြပြီး 16နှစ်ကြာလုပ်ကိုင်လာတဲ့ အလုပ်လဲပြုတ်သွားပါတယ် နောက်ဆုံးတော့ ငယ်သူငယ်ချင်း ခပ်ကြောင်ကြောင် သူဌေးတစ်ယောက်ဆီ ကပ်နေရတဲ့ဘဝအထိရောက်သွားရပါတယ် Mike ကို တံခါးဟောင်းကြီးတစ်ယောက်က ဘဝမှာ ဒုတိယအခွင့်အရေးဆိုတာရှိကြောင်း ပြောပြပြီး အဲ့ဒီညမှာပဲ အဲ့လူက တံတားပေါ်ကနေ မြစ်ထဲခုန်ချဖို့ကြိုးစားတာကို Mike တွေ့သွားလို့ အသဲအသန်လိုက်ကယ်ပေမဲ့ မအောင်မြင်ခဲ့ပဲ သူပါမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ် အဲ့ဒီနောက် အိမ်ကိုပြန်ရောက်တဲ့အခါ သူဟာ 17နှစ်သားလေး ပြန်ဖြစ်နေတာကို ထူးဆန်းစွာတွေ့ရှိလိုက်ရပါတော့တယ် ဒုတိယအကြိမ်ရောက်လာတဲ့ အခွင့်အရေးကို အသုံးချပြီး သူ့မိသားစုနဲ့ ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် Credit Review
6.4
IMDB: 6.4/10 167,940 votes
movie

17 Again (2009)

2009
Blu-ray 1080p
How It Ends (2018) 5.0
How It Ends (2018) ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့…. ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်…အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား?ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ?မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်း Aye Mon Kyaw ပါ)
5.0
IMDB: 5.0/10 35,299 votes
movie

How It Ends (2018)

2018
Web-Rip 1080p