M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Ki Joo-bong

The Spy Gone North (2018) 7.2
The Spy Gone North (2018) ကိုရီးယားဒါရိုက်တာတွေက တခြားကားတွေကို ရိုက်ရင် ဇာတ်အိမ်ခိုင်ချင်မှခိုင်မယ်.. မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ကားမျိုးဆို ဇာတ်အိမ် ဇာတ်ညွှန်း သရုပ်ဆောင်တွေကို ခမ်းခမ်းနားနားရိုက်လေ့ရှိတယ်..အထူးသဖြင့် စပိုင်ကားတွေဆိုတော်တော်ကြီးကိုကောင်းတယ်.. ခုလည်း 2018 မှာ အသစ်ထွက်လာတဲ့The Spy Gone North ဆိုတဲ့ တောင်ကိုရီးယား စပိုင်ကားကလည်း တော်တော်ကိုကောင်းတယ်...တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကွဲသွားပြီးနောက်ပိုင်း နှစ်နိုင်ငံလုံးက တစ်ဖက်နဲ့ တစ်ဖက် သူလျှိုတွေ စေလွှတ်ပြီး အသံတိတ်ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်... ဒီဇာတ်ကားလေးကတော့ မြောက်ကိုရီးယားဘက်ကို စေလွှတ်လိုက်တဲ့ တောင်ကိုရီးယားစုံစမ်းရေးတပ်ဖွဲ့က ဘလက်ဗီးနပ်စ်ဆိုတဲ့ အေးဂျင့်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ .... သူဟာ စီးပွားရေးသမားဟန်ဆောင်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီကိုချဉ်းကပ်ခဲ့တယ်..သူဘာကြောင့်ချဉ်းကပ်ခဲ့လဲ.. အချိန်မရွေးအသက်ပျောက်သွားနိုင် ပြီး အန္တရယ်များလွန်းလှတဲ့မြောက်ကိုရီးယားဆီ ဘာကြောင့်စပိုင်လာလုပ်တာလဲ..ကိုင်း ဆက်လက်ခံစားကြည့်လိုက်ပါဦးဗျို့..လျှို့ဝှက်စပိုင်ကားတွေကြိုက်တဲ့သူတွေအတွက် နင်းကန်ဒေါင်းသင့်ကြောင်းအကြံပြုပါရစေ... Credit Review
7.2
IMDB: 7.2/10 1,500 votes
movie

The Spy Gone North (2018)

2018
Blu-ray 1080p
Hide and Seek (2013) 6.4
Hide and Seek (2013) Sung Sooဟာ အဆင့်မြင့်အိမ်ရာက တိုက်ခန်းတစ်ခုမှာ ချစ်စရာ ဇနီး၊သားနဲ့သမီးတို့ ပါဝင်တဲ့ ပျော်ရွှင်ဖွယ်မိသားစု ဘဝလေး ထူထောင်ထားသူပါ။မြို့ထဲမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ Sung Soo ဟာ အသန့်အပြန့်လည်း အလွန်အရမ်းကြိုက်တယ်။စိတ်သဘောထားသိမ်မွေ့ပြီး အေးအေး လူလူနေတတ်တဲ့ လူတစ်ယောက်ပေါ့။တစ်နေ့တော့ Sung Soo ဆီကို ထူးဆန်းတဲ့ ဖုန်း call တစ်ခုဝင်လာတယ်။ သူ့အကိုရဲ့ တိုက်ခန်းပိုင်ရှင်ပါတဲ့ ။သူ့အကိုကို မတွေ့တာကြာလို့ အခန်းထဲ ဝင်ကြည့်တော့လူလည်း မတွေ့ရဘဲ ပျောက်နေတယ်။ အခန်းထဲမှာ Sung Sooရဲ့ ဖုန်းနံပါတ် တွေ့လို့ လှမ်းခေါ်လိုက်တာတဲ့။ အခန်းမှာမနေတော့ရင်လည်း ပစ္စည်းတွေလာသိမ်းပြီး အခန်းရှင်းပေးပါတဲ့။အဲဒါနဲ့ Sung Soo လည်း လိပ်စာအတိုင်း သူ့အကိုနေတဲ့တိုက်ခန်းကို လိုက်သွားတယ်။ ဇနီးဖြစ်သူက Sung Soo ကို နားမလည်နိုင်တော့ဘူး။အကို တစ်ယောက်ရှိတဲ့အကြောင်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့လို့ မကျေနပ်ဘူး။ ဘာကြောင့် အကိုအကြောင်း မပြောခဲ့သလဲ မေးတော့ ...
6.4
IMDB: 6.4/10 1,251 votes
movie

Hide and Seek (2013)

2013
Blu-ray 1080p