M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Kurt Russell

Deepwater Horizon (2016) 7.1
Deepwater Horizon (2016) Unicode သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာdisaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic,The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေသိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံကကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victimsဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့်သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလိုဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာမက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ်သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာတိကျတယ်လို့ ...
7.1
IMDB: 7.1/10 136,584 votes
movie

Deepwater Horizon (2016)

2016
Blu-ray 1080p
Soldier (1998) 6.0
Soldier (1998) Unicode ကမ္ဘာမြေပေါ်မှာ အနာဂါတ်ကိုမျှော်ကြည့်တတ်ပြီး ခေတ်ရှေ့ပြေးတဲ့ အဖွဲ့အစည်းတစ်ခုဟာ ကလေးငယ်တွေကို လူသတ်လက်နက်စစ်သားတွေအဖြစ် လေ့ကျင့်ပေးဖို့မွေးကင်းစအရွယ်မှာပဲရွေးချယ်ခဲ့ကြတယ်. . . အဲ့ဒီစစ်သားတွေထဲမှာမှ ဆာဂျင်တော့ဒ်(Kurt Russell)ကတော့ ငယ်ငယ်ကတည်းက ပြင်းထန်တဲ့လေ့ကျင့်ပေးမှုတွေနဲ့ အတူ ကြီးပြင်းလာခဲ့တဲ့ အတော်ဆုံး အကြမ်းအခံဆုံး နဲ့ တိုက်ပွဲတွေအလီလီ အောင်မြင်လာခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပေါ့... တစ်နေ့တော့ သူတို့ရဲ့ အာကာသယာဉ်ကို အသစ်ရောက်လာတဲ့ Colonel Mekum(ကာနယ်မက်ကွန်)နဲ့ တော့ဒ်ရဲ့ ကပ္ပတိန်တို့ အကြွားပြိုင်ရာက တော့ဒ်တို့စစ်သားဟောင်းတွေနဲ့ ကာနယ်မက်ကွန်ရဲ့တပ်သားအသစ်တွေယှဉ်ပြိုင်တဲ့ပွဲမှာ တော့ဒ်တို့ရှုံးသွားလို့အပြတ်ရှင်းပေမယ့် ကံကောင်းထောက်မစွာနဲ့ မသေပဲ အာကာသအမှိုက်စွန့်ယာဉ်ပေါ်တင်ပြီး အမှိုက်တွေနဲ့အတူ ယာဉ်ပေါ်ကနေ ပစ်ချခံခဲ့ရပါတော့တယ် အသက်မသေတဲ့ တော့ဒ်တစ်ယောက် ဟိုးနှစ်ပေါင်း12နှစ်ကျော်လောက်က ယာဉ်ပျက်ကျပြီး အမည်အသိဂြိုလ်တစ်ခုပေါ် သောင်တင်နေတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ရွာကို ရောက်သွားခြင်းခြင်းဖြစ်တယ် သူနေမကောင်းဖြစ်နေချိန် မေတ္တာဂရုဏာတွေနဲ့ ထုံမွှန်းထားတဲ့ မိသားစုလေးတစ်ခုနဲ့ အတူနေခွင့်ရစဉ်မှာ တော့ဒ်တစ်ယောက် လူသားဆန်လာခဲ့ပါပြီ. . . ဘဝအသစ်မှာ ခံစားတတ်တဲ့နှလုံးသားနဲ့ ကြမ်းပေ့ရမ်းပေ့စစ်သားကြီးတစ်ယောက်ရဲ့ အဖြစ်ကို သနားဂရုဏာသက်စရာ မြင်တွေ့ရမှာဖြစ်ပါတယ် စစ်သားတစ်ယောက်ဖြစ်ရတာ ဘာနဲ့တူသလဲ. ...
6.0
IMDB: 6.0/10 49,430 votes
movie

Soldier (1998)

1998
Blu-ray 1080p
The Fate of the Furious (2017) 6.7
The Fate of the Furious (2017) Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ၀င်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့ Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီး ဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီး ကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက် ကိုယ်ပြန်ပူပန်နေရပါပြီ။ တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေ လွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ...
6.7
IMDB: 6.7/10 176,128 votes
movie


2017
Blu-ray 1080p
Guardians of the Galaxy Vol. 2 (2017) 7.7
Guardians of the Galaxy Vol. 2 (2017) ၂၀၁၄ တုန်းက ပီတာကွင်းလ်၊ဂါမိုရာ၊ ဒရက်၊ ရော့ကက်နဲ့ ဘေ ဘီဂရုတ်ထ်တို့ဟာ ဂလက်ဆီကိုကာကွယ်စောင့်ရှောက်သူတွေအဖြစ် လူသိများပါတယ်။ပီတာကွီးလ် ခေါင်းဆောင်တဲ့ စူပါဟီးရိုးအဖွဲ့ ကို စွမ်းအားမြင့်ဂြိုဟ်သားမျိုးနွယ် စုဖြစ်တဲ့ ဆိုဗာရိန်းတွေကအဖိုး တန်ဘက်ထရီတွေကို လူဆိုးတွေ ရန်က ကာကွယ်ဖို့အတွက် ငှား ရမ်းခဲ့ပါတယ်။အဲဒါတွေထဲက တချို့ကို ရော့ကက်က ခိုးယူလာခဲ့တဲ့အ တွက် ဆိုဗာရိန်းတွေက သူတို့အ ဖွဲ့ရဲ့ယာဉ်ပျံကိုဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်ပြီး အဲဒီဒရုန်းတွေ ကို ထူးဆန်းတဲ့အရာတစ်ခုက ဖျက်ဆီးပေးပေမယ့်လည်းဂါးဒီး ယန်းအဖွဲ့ဟာ သူတို့ရဲ့ယာဉ်ပျံကို နီးစပ်ရာဂြိုဟ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။ အဲဒီထူးဆန်းတဲ့အ ရာက သူ့ကိုယ်သူ ကွီးလ်ရဲ့ဖခင် အီဂိုဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားပြီး သူနေတဲ့နေရာကို ခေါ် သွားခဲ့ပါတယ်။ကွီးလ်ရဲ့ အဖေအီဂိုက သူ ဟာ နတ်ဘုရားကဲ့သို့သော သူ တစ်ယောက်ဖြစ်ပြီး လူသားအ သွင်ဖန်တီးပြီး အာကာသထဲကို သွားလာရင်းကွီးလ်ရဲ့အမေမယ် ရီဒစ်နဲ့ ဆုံခဲ့တာဖြစ်ကြောင်း ပြော ...
7.7
IMDB: 7.7/10 458,168 votes
movie

Guardians of the Galaxy Vol. 2 (2017)

2017
Blu-ray 1080p