M-Sub Movie – Myanmar Subtitle Movies & Series Free Download Website
Lee Jung-jae
Deliver Us from Evil (2020) 6.7
Deliver Us from Evil (2020) Unicode NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား.... အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်.... ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်..... နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားပြန်ချေဖို့ ကြိုးစားပါတော့တယ်...ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ...ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ...သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့.... ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Lee တို့အပြုင်ကျဲထားတဲ့ကားပါ....အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ ခပ်နုနုသူတွေမကြည့်သင့်ပါဘူး...လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်... အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့ လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ... Credit Review Zawgyi NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား.... အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်.... ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်..... နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားပြန်ချေဖို့ ကြိုးစားပါတော့တယ်...ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ...ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ...သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့.... ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Lee တို့အပြုင်ကျဲထားတဲ့ကားပါ....အက်ရှင်ခန်းတွေလည်း ...
6.7
IMDB: 6.7/10 578 votes
movie
HD-Rip 1080p
Svaha: The Sixth Finger (2019) 6.2
6.2
IMDB: 6.2/10 1707 votes
movie
Blu-ray 1080p
Assassination (2015) 7.3
Assassination (2015) Unicode တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဖြစ်ပါတယ်။ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ၁၉၃၃ မှာ ကိုရီးယားရောက်ဂျပန်စစ်တပ်အကြီးအကဲနဲ့ ဂျပန်−ကိုရီးယား ကပြားစီးပွားရေးသမားတစ်ဦးကို လုပ်ကြံဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ရှန်ဟိုင်းမှာထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုရီးယားအစိုးရရဲ့ ကိုယ်စားလှယ် ယုန်းဆော့ဂျင်းက သေဒဏ်ပေးခံထားရတဲ့ လက်ဖြောင့်သေနတ်သမားအန်းအုပ်ယွန်ကို ထောင်ဖောက်ကယ်ဆယ်ခဲ့ပြီး လုပ်ကြံမှုကြီးကို ဦးဆောင်စေခဲ့ပါတယ်။ အုပ်ယွန်ဟာ ဆော့ဆာပို၊ ဟွမ်ဒေါက်ဆမ်ဆိုသူ နှစ်ယောက်နဲ့အတူ ကိုရီးယားနိုင်ငံအုပ်ချုပ်ရေးလက်ဝယ် ပြန်ရနိုင်ဖို့အတွက် လုပ်ကြံမှုကိုလှုပ်ရှားဖို့ကြိုးပမ်းခဲ့ကြပါတယ်။တစ်ဖက်မှာလည်း ရန်သူ ဘက်က သတင်းရသွားတာ ကြောင့် ကြေးစားလူသတ်သမား ဟာဝါအီပစ်စတိုဆိုသူနဲ့ သူ့ပါတနာယောင်ဂမ်းတို့ကို ငှားရမ်းပြီး အုပ်ယွန်တို့အဖွဲ့ကိုရှင်းပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ အုပ်ယွန်တို့ထဲက အဖွဲ့ဝင်တစ်ယောက်က သစ္စာဖောက်ခဲ့ပြီး ရန်သူဘက်ကို ...
7.3
IMDB: 7.3/10 5,003 votes
movie
Assassination (2015)
2015
Blu-ray 1080p
Along with the Gods: The Last 49 Days (2018) 7.1
Along with the Gods: The Last 49 Days (2018) ဒီဇာတ်​ကား​လေးက ငရဲကြီးရှစ်​ထပ်​အ​ကြောင်းကို ရိုက်​ပြထားတဲ့ ကိုရီးယားဇာတ်​ကား​လေးဖြစ်​ပါတယ်​ အပြစ်​မျိုးစုံကျူးလွန်​ခဲ့ကြပြီး ​နောက်​ထပ်​လူပြန်​ဖြစ်​ဖို့အတွက်​ နှစ်​​ပေါင်း​ထောင်​ချီ အပြစ်​ကို​ပေးဆပ်​​နေကြရတဲ့ ဘုရားရဲ့ အ​စောင့်​အ​ရှောက်​​တွေ အ​ကြောင်းကိုရိုက်​ပြထားတာဖြစ်​ပါတယ်​ ဘုရင်​ ရွန်​မ်​မရာ ဟာ ​စောင့်​​ရှောက်​သူ ဂန်​လင်းကို သူ့ရဲ့ အပြစ်​ကို​ဆေး​ကြောဖို့အတွက်​ နှစ်​​ပေါင်း​ထောင်​ချီ စိတ်​ဒဏ်​ရာနဲ့​နေ​စေခဲ့တာဖြစ်​ပါတယ်​ သူ့အနားမှာလည်း ဟယ်​ဝန်​မက်​ နဲ့ ​ဒေါ့ချွန်းဆိုတဲ့ သူနှစ်​​ယောက်​ရှိတယ်​ ဂန်​လင်းက သူ့ရဲ့အပြစ်​ကို​ဆေး​ကြောဖို့ သူ​နောက်​တစ်​ခါလူပြန်​ဖြစ်​ဖို့ ဝိဥာဉ်​​၄၉ခုကို ကယ်​တင်​ရမှာဖြစ်​ပါတယ်​ ကင်​ဆူဟွန်း ဆိုတဲ့ မတရားသတ်​ခံခဲ့ရတဲ့ သူရဲ့အမှုကို တရားမှုရဖို့ အတွက် သူ့ရဲ့ ရပိုင်​ခွင့်​​တွေကို​လောင်းပြီး သူသတ်​မှတ်​ချိန်​အတွင်း အမှုကို​ဖော်​ရမှာဖြစ်​ပါတယ်​ သူ့ရဲ့​ဘေးနားကနှစ်​​​ယောက်​ကိုကျ​တော့ လူ့ပြည်​ကို သက်​တမ်း​စေ့​နေတဲ့ အဖိုးကြီးကို အ​ခေါ်လွှတ်​လိုက်​တာ ပြန်​မလာ​တော့တဲ့ နတ်​ဘုရား ​ဆောင်​ဂျူကို ​ရှင်းပြီး အဖိုးကြီးကိုပြန်​​ခေါ်ဖို့ လွှတ်​ပြီး တာဝန်​ခွဲခဲ့ကြပါတယ်​ ဒီလိုနဲ့ ကိုယ်​စီ တာဝန်​​တွေ​ကျေကြမလား ​နောက်​ထပ်​ပြန်​​မွေးဖွားခွင့်​​တွေရကြမလားဆိုတာကို​တော့ ဒီဇာတ်​ကားမှာ​တွေ့မြင်​ရမှာပါ လူ​တွေ​နေ့တိုင်း စိတ်​ပင်​ပန်း ဆင်းရဲ​နေရတဲ့ ...
7.1
IMDB: 7.1/10 2,972 votes
movie
2018
Blu-ray 1080p
Along with the Gods: The Two Worlds (2017) 7.3
Along with the Gods: The Two Worlds (2017) အက်မင်လဲ ကြည့်ဖို့စောင့်နေတဲ့ကားလေးပါ အသစ်စက်စက်ကားလေးနော် ကြည့်လိုက်တော့ ?? ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မှာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။ အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။ လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ...
7.3
IMDB: 7.3/10 8,674 votes
movie
Along with the Gods: The Two Worlds (2017)
2017
Blu-ray 1080p